စတိုင်လ် ဘောင်းဘီ များသည် Fashion ကျတဲ့ အမျိုးသားများရဲ့ အဝတ်ဘီဒိုထဲတွင် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ စတိုင်လ် ဘောင်းဘီ များသည် ရုံးတက်ရုံးဆင်း ဖက်ရှင်နဲ့လည်း လိုက်ဖက်သလို ပွဲတက်ဖက်ရှင်များအတွက်လည်း အကျုံးဝင်ပါတယ်။

ကွီးတို့အနေနဲ့ စတိုင်လ် ဘောင်းဘီ များကို Fashion ကျကျ ဝတ်ဆင်လိုက်တဲ့အခါ လူပုံအလယ်မှာ ဆွဲဆောင်မှုတိုးပြီး ဖက်ရှင်ကျကာ မိမိုက်နေမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖက်ရှင်ကျဖို့အတွက် အခုဖော်ပြပေးမယ့် Fashion Tips များကိုတော့ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

မီးခိုးရောင် ဘောင်းဘီ Fashion

grey pants

မီးခိုးရောင်ဘောင်းဘီကို ဝတ်ဆင်မယ်ဆိုရင်တော့ အနက်ရောင် ရှပ်အင်္ကျီကို ရွေးချယ်သင့်ပါတယ်။ အနက်ရောင်ကတော့ မည်သည့်အရောင်နှင့်မဆို လိုက်ဖက်ပေမယ့် မီးခိုးရောင်နဲ့ အလိုက်ဖက်ဆုံး အရောင်ကတော့ အနက်ရောင်ပဲ ဖြစ်ပါတယ်။

အညိုရောင် ဘောင်းဘီနဲ့ဆိုရင်

brown trousers

အညိုရောင် ဘောင်းဘီကို ဝတ်ဆင်မယ်ဆိုရင်တော့ ခရင်မ်အရောင် တီရှပ် (သို့) အပြာနု (သို့) အရောင်နုတဲ့ တီရှပ်များနှင့် ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး စတိုင်လ် ဝတ်ဆင်ချင်သူများအနေနဲ့ တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

All Black ဖက်ရှင်

ဘောင်းဘီ Fashion

အမျိုးသားများအကြားတွင် ရေပန်းစားတဲ့ ဖက်ရှင်အရောင်တစ်မျိုးပဲဖြစ်ပါတယ်။ ဆွဲဆောင်မှု မြင့်မားချင်သူများအနေနဲ့ All Black ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ကိုယ့်ရဲ့ အသုံးအဆောင်ပစ္စည်းများ အားလုံးကိုလည်း အနက်ရောင်ဖက်ရှင် ပြောင်းလဲလိုက်ခြင်းအားဖြင့် မိန်းမပျိုများရဲ့ အသည်းနှလုံးကို လှုပ်ခါပစ်နိုင်ပါတယ်။

အဖြူနှင့် အနက် အတွဲအစပ်

ဘောင်းဘီ Fashion

အဖြူနှင့် အနက်ဖက်ရှင် အတွဲအစပ်သည် ဘယ်တော့မှ ရိုးမသွားနိုင်မယ့် ဖက်ရှင်ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ အဖြူရောင်နှင့် အနက်ရောင်အဝတ်အစားများ အနည်းဆုံး တစ်စုံခန့်တော့ ရှိတတ်ကြစမြဲပါပဲ။ ထိုအဝတ်အစားတစ်စုံကို အခုလိုမျိုး ဖက်ရှင်ကျကျ ဝတ်စားတတ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခရက်ရှ်ထံမှ အမှတ်တိုးကာ ရရှိမှာဖြစ်ပါတယ်။

အပြာရောင်နဲ့ လိုက်ဖက်တဲ စတိုင်လ် ဘောင်းဘီ

ဘောင်းဘီ Fashion

လူအများကြားမှာ ထင်းခနဲ ဖက်ရှင်ကျနေစေချင်တယ်ဆိုရင်တော့ ဒီ Fashion Tip လေးကို ရွေးချယ်နိုင်ပါတယ်။ တီရှပ်ကို အပြာဖျော့လေး ရွေးချယ်ထားပြီး နက်ခ်တိုင်ကိုတော့ အပြာရင့်လေး ရွေးချယ်ထားလိုက်ပါ။ ဘောင်းဘီကိုတော့ မီးခိုးရင့်ရောင် ရွေးချယ်ပြီး ရှူးဖိနပ်ကိုတော့ အညိုရောင်ဖြင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ဘောင်းဘီဆိုဒ်မှန်အောင် ရွေးချယ်ပါ

ဘောင်းဘီ Fashion

ကွီးတို့အနေနဲ့ ဘောင်းဘီ ရွေးချယ်တဲ့အခါ ဘောင်းဘီဆိုဒ်ကိုလည်း မှန်ကန်အောင် ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။​ ခါးဆိုဒ်ရော ဘောင်းဘီတစ်ခုလုံးရဲ့ ဆိုဒ်ပါ မှန်မှ ဖက်ရှင်ကျနိုင်မှာ ဖြစ်ပါတယ်။ နို့မဟုတ်ရင် ဆိုဒ်ကြီးသွားတဲ့အခါ ဘောင်းဘီက ပွပွကြီးနဲ့ ကြည့်မကောင်းသလို၊ ကြပ်ထုပ်လွန်းတဲ့အခါမှာလည်း အမြင်မတင့်တယ်ပါဘူး။ ဒီအချက်ကတော့ အရေးအကြီးဆုံး အချက်ပဲဖြစ်ပါတယ်။

Source: Bewakoof

Featured Image: Toptrendsguide