ဥရောပဘောလုံးပြိုင်ပွဲတွေဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ ပရိသတ်အားပေးမှုအများဆုံး အားကစားတွေထဲက တစ်ခုဖြစ်သလို ရာနဲ့ချီတဲ့ လိဂ်ပြိုင်ပွဲတွေ ၊ ထောင်ချီတဲ့ အသင်းနဲ့ ဘောလုံးကစားသမားတွေ များစွာရှိပါတယ်။ ဘောလုံးအားကစားဟာ ပရိသတ်တွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိသလဲဆိုရင် ဂိမ်းလောကအထိပါ ထိုးဖောက်ဝင်ရောက်လာတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဘောလုံးကစားနည်းလိုပဲ ဘောလုံးဂိမ်းတွေဟာလည်း လူကြိုက်များကြသလို ကမ္ဘာတဝှမ်းမှာ ဘောလုံးဂိမ်းကို ရူးရူးသွပ်သွပ် ဆော့ကစားကြသူပေါင်း သန်းနဲ့ချီ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလုံးဂိမ်း ချစ်သူ ကွီးပရိသတ်တွေအတွက် မိုဘိုင်းလ်ဖုန်းပေါ်မှာ ဆော့ကစားနိုင်မယ့် အကောင်းဆုံး ဂိမ်း ၅ ခုကို ပြောပြပေးချင်ပါတယ်။

(၁) Final Kick

Source : Ivanovich Games

Final Kick 2020 ကတော့ တော်တော်များများ သိပြီးသားဖြစ်တဲ့ ရိုးရှင်းတဲ့ ဘောလုံးဂိမ်း တစ်ခု ဖြစ်ပါတယ်။ အကောင်းမွန်ဆုံး ပင်နယ်တီ ကန်ချက်တွေနဲ့ ဂိုးတွေကို သွင်းယူရမှာပါ။ ဂိမ်းမှာ အတော်အသင့်ကောင်းမွန်တဲ့ Graphics တွေ ၊ Offline ပြိုင်ပွဲတွေ ၊ Online Multiplayer ကစားသူတွေ ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Weekly ပြိုင်ပွဲတွေနဲ့ ရိုးရှင်းတဲ့ ဂိမ်း Controls တွေ ပါဝင်ပါတယ်။ နောက်ထပ် သူ့ရဲ့ အားသာချက်တစ်ခုကတော့ Free To Play လို့ရတာပဲ ဖြစ်ပါတယ်။

(၂) Dream League Soccer

Source : firsttouchgames

Dream League Soccer 2019 ကတော့ မိုဘိုင်းလ်ဖုန်းပေါ်မှာ ဆော့ကစားနိုင်တဲ့ အကြီးဆုံး ဘောလုံးဂိမ်း တစ်ခု ဖြစ်ပါတယ်။ စုံလင်တဲ့ အမိုက်စား Features တွေနဲ့ ချန်ပီယံဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အသင်းတစ်သင်းကို အကောင်းဆုံး ကိုယ်တိုင် တည်ဆောက်ပြီး ကစားရမှာပါ။ Graphics နဲ့ Controls ပိုင်းကလည်း အတော်အသင့်မဆိုးတဲ့အထဲမှာ ပါပါတယ်။ ဒီဂိမ်းကလည်း Free To Play ကစားလို့ရမယ့် အမိုက်စား ဘောလုံးဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၃) eFootball PES 2021

Source : eFootball

၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ eFootball PES 2021 ဘောလုံးဂိမ်း ကတော့ FIFA ရဲ့ အကြီးမားဆုံး ပြိုင်ဘက် မိုဘိုင်းလ်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းချစ်သူ တော်တော်များများကြားမှာလည်း တခြားသော ဘောလုံးဂိမ်းတွေထက် ပိုမိုကောင်းမွန်တဲ့အားသာချက်တွေပါတဲ့ ဂိမ်းတစ်ခုလို့ ပြောကြပါတယ်။ Graphics ပိုင်းမှာ တော်တော်လေး ကောင်းမွန်တာ တွေ့ရပြီး ၊ ပိုကောင်းတဲ့ Controls System တွေ ၊ အသင်းတည်ဆောက်မှုပိုင်းတွေ ၊ Online Multiplayer ၊ Local Multiplayer တွေနဲ့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ FIFA မှာ အခြား လုပ်ဆောက်ချက် Features တွေ ရှိသေးတယ်ဆိုပေမယ့် PES ကတော့ ကစားရတာ ပိုပြီးပျော်စရာကောင်းစေမှာ သေချာပါတယ်။ ၂၀၁၈ မှာ ထွက်ခဲ့တဲ့ Freemium ဂိမ်းတစ်ခုဖြစ်တဲ့ PES 2018 ဆိုရင်လည်း တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ အခု eFootball PES 2021 ဂိမ်းကလည်း Free To Play ဆော့လို့ရတဲ့အပြင် ဘောလုံးဂိမ်းချစ်သူတွေ တော်တော်လေး အကြိုက်တွေ့ရမယ့် ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၄) FIFA Soccer

Source : EA SPORTS FIFA MOBILE

FIFA Soccer ကတော့ မိုဘိုင်းလ်ဂိမ်းလောကမှာ ရေပန်းအစားဆုံး ဘောလုံးဂိမ်း တစ်ခုလို့ ပြောနိုင်ပါတယ်။ တော်တော်လေးမိုက်တဲ့ Graphics တွေ ၊ Controls တွေနဲ့ တခြားသော Features အမိုက်စားတွေ ပါပါတယ်။ Single-Player Campaign Mode ၊ အွန်လိုင်း PvP ၊ အွန်လိုင်း လိဂ်ပွဲတွေနဲ့ အသင်းပေါင်း ၅၅၀ ကျော်က ကစားသမားတွေ ထည့်သွင်းပေးထားပါတယ်။ ဒီဂိမ်းက Free To Play ကစားလို့ရပေမယ့် သူရဲ့ Freemium နည်းပရိယာယ်တွေကတော့ နည်းနည်းလေး ရှုပ်ထွေးပါတယ်။ သေချာတာကတော့ ဘောလုံးဂိမ်းကြိုက်သူတွေဆိုရင်တော့ FIFA Soccer က သေချာပေါက် ဆော့ကြည့်ရမယ့် ဂိမ်းစာရင်းမှာ ပါပါတယ်။

(၅) Soccer Manager 2022

Source : Soccer Manager

Soccer Manager 2022 ကတော့ ဒီနှစ်ထဲမှာ အသစ်ထွက်ထားတဲ့ ဘောလုံးဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံရဲ့ ကလပ်ပေါင်း ၉၀၀ ကျော်က လိုင်စင်ရ ကစားသမား ၂၅,၀၀၀ ကျော် ပါဝင်ပါတယ်။ ကစားသမားတွေ အများကြီးထဲက စိတ်ကြိုက်ကစားသမားတွေကို ရွေးချယ်ပြီး ဘောလုံးအသင်းတစ်သင်း ကိုယ်တိုင်တည်ဆောက်ကာ ကစားသမားတွေနဲ့ အသင်းရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ဗျူဟာကျကျ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Features အသစ်တွေ ၊ အသင့်အတင့်ကောင်းမွန်တဲ့ Graphics တွေ ပါဝင်ပါတယ်။ ဒီဂိမ်းကလည်း Free To Play ကစားလို့ရမယ့် အမိုက်စား ဘောလုံးဂိမ်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : GamingonPhone