လေ့လာမှုတွေအရ မကြာသေးမီ ကာလတွေအတွင်းမှာ လိင်မှတဆင့် ကူးစက်တက်တဲ့ကူးစက်ရောဂါတွေ (STIs) ကူးစက်ခံရမှုနှုန်းဟာ စိုးရိမ်ဖွယ် မြင့်တက်လာနေတာကို တွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာမှာတော့ နေ့စဉ် STIs ကူးစက်မှုပေါင်း ၁ သန်းကျော် ကူးစက်ခံနေရတယ်လို့ ဖော်ပြထားပြီး ဒီထဲမှာ ကလမိုင်ဒီယာ (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ ( Gonorrhea) ၊ ဆစ်ဖလစ် (Syphilis) နဲ့ Trichomoniasis ဗိုင်းရပ်ပိုးတွေ အများဆုံး ကူးစက်ခံနေရတယ်လို့ ဆိုထားပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါပိုးဟာ မူစကူးဒူး ရာကနေ ကူးစက်တဲ့ ရောဂါပိုးတစ်ခုပါ။ အချို့သော ရောဂါတွေကို ကုသနိုင်ပေမယ့်လည်း အချို့ရောဂါတွေကိုတော့ ပျောက်ကင်းအောင် မကုသနိုင်ပါ။ STIs ရဲ့ ရေရှည်သက်ရောက်မှုတွေဟာ ပြင်းထန်နိုင်ပြီး လိင်နဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး ၂ ခုစလုံးနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ Sexually Active ဖြစ်တဲ့ သူတစ်ယောက်ဆိုရင်တော့ ဘေးကင်းကင်း မူစကူဒူး နိုင်ဖို့ STIs ရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
(၁) အကာအကွယ် အသုံးပြုပါ
Photo : The Northline School
မူစကူးဒူး တဲ့အခါ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) ကို ကာကွယ်ဖို့အတွက် ကွန်ဒုံး မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။ ကွန်ဒုံးတွေက ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) ကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) အားလုံးကို မကာကွယ်နိုင်ပေမယ့်လည်း တက်နိုင်သမျှ ရောဂါပိုး ကူးစက်ခံရမှု လျှော့ချဖို့နဲ့ လုံခြုံတဲ့ လိင်ဆက်ဆံမှုဖြစ်ဖို့အတွက် ကွန်ဒုံးတွေကို သေချာပေါက် သုံးသင့်ပါတယ်။
(၂) ဆက်ဆံဖော် ပါတနာ ကန့်သတ်ထားပါ
Photo : Relish
မူစကူးဒူး ဖော်ပါတနာ တစ်ဦးတည်းနဲ့ပဲ ပုံမှန်ဆက်ဆံတာဟာ လိင်မှတစ်ဆင့်ကူးစက်တက်တဲ့ ဘယ်လိုကူးစက်မှုမျိုးကိုမဆို ကူးစက်နိုင်ခြေ နည်းပါးစေမှာ ဖြစ်ပါတယ်။ ဆက်ဆံဖော်ပါတနာများမယ်ဆိုရင်တော့ လိင်ဆက်ဆံစဉ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
(၃) တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ
Photo : Diagnostar
မူစကူမဒူးမီနဲ့ ဒူးပြီးအချိန်တွေမှာ သင့်လိင်အင်္ဂါနဲ့ လိင်အင်္ဂါအနီးတဝိုက် ဧရိယာကို သေချာစွာ ဆေးကြောသန့်စင်ပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းခြင်းက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ပိုမိုပြန့်ပွားစေနိုင်ပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေ ပိုများတာကြောင့် မူစကူဒူး တိုင်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
(၄) ပုံမှန်စစ်ဆေးမှု ခံယူပါ
Photo : Velocity Urgent Care
Sexually Active ဖြစ်တဲ့သူတစ်ယောက်ဆိုရင်တော့ STIs နဲ့ပတ်သတ်ပြီး ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှသာ ရောဂါပိုးကူးစက်ခံမှု အခြေအနေကို ကောင်းစွာသိနိုင်မှာဖြစ်ပြီး ကုသသင့်တာကုသ ၊ နောက်ထပ် ရောဂါကူးစက်မှုတွေကိုလည်း အကောင်းဆုံး ရှောင်ရှားနိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
(၅) ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ် အသုံးပြုပါ
Photo : Xtra Magazine
Chlamydia သို့မဟုတ် Trichomoniasis အပါအဝင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ များစွာရှိပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး သို့မဟုတ် ပါးစပ်အကာ (Dental Dam) လို အကာအကွယ်တွေကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
(၆) ကာကွယ်ဆေးထိုးပါ
Photo : Labiotech.eu
STIs ကာကွယ်ဆေးတွေ ရှိနေပါပြီ။ STIs ကာကွယ်ဆေး ထိုးထားခြင်းဟာ လိင်အင်္ဂါကြွက်နို့ (HPV) အပါအဝင် လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့ ကူညီပေးပါတယ်။
STIs ရောဂါတွေကို ကာကွယ်ဖို့အတွက် အထက်ပါ ဘေးကင်းစိတ်ခြုံရတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အကယ်၍ သင်နဲ့ သင့်ဆက်ဆံဖော် ပါတနာမှာ အနာများ သို့မဟုတ် အဖုအပိန့်များကဲ့သို့ လက္ခဏာတွေ တွေ့ရှိရပါက မူစကူဒူး ခြင်းကို ခေတ္တခဏရပ်တန့်ထားဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခြင်းဖြင့်လည်း ရောဂါကူးစက်ခံရမှု အခြေအနေကို တားဆီးဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : The Well Project