ကော်နာ မက်ဂရီဂေါ်က အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ အနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ရဲ့ လစာအများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာခဲ့တာကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
Photo: Frontkick
မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့ မေလက Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာပေါ်က ဝင်ငွေအများဆုံး ရရှိနေတဲ့ အားကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ယူအက်ဖ်စီစူပါစတားဟာ ပေါင်သန်း ၁၃၀ အထိ ဝင်ငွေ ရရှိခဲ့ချိန်မှာ မက်ဆီက ပေါင် ၉၄.၅ သန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။ အိုင်းရစ်လူမျိုး ဖိုက်တာဟာ လူမှုကွန်ရက်က ပို့စ်တစ်ခုမှာ ပီအက်စ်ဂျီအသင်းဝတ်စုံကို ဝတ်ဆင်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မက်ဂရီဂေါ်က မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် ရာမို့စ်ကို မန်းရှင်းခေါ်ပြီး ရော်ဂျာ ဖက်ဒါရာကို လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။
“ဘီဗာလီဟေးလ်ကနေ ငါ့ညီအစ်ကိုကို အားပေးနေတယ် ရာမို့စ်။ ဒီအသင်းက ဒီလိုမျိုး မယုံနိုင်စရာ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီး ဒီလို ဆက်တိုက်ကြီးခေါ်ယူနိုင်ခဲ့တာကလည်း ရူးသွပ်ချင်စရာပါ။ မက်ဆီက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅ သန်းရှိတယ်။ အခြားဟာတွေမပါဘူး။ သူ့ကို နောက်ထပ်တစ်ပွဲလောက် မထိုးသတ်ဘဲနဲ့ ဒီနှစ် Forbes ရဲ့ စာရင်းမှာ အနိုင်ယူဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်ကို ထည့်မတွက်နဲ့လို့ ပြောချင်တာပါ။ ကျွန်တော်တို့က Forbes ရဲ့ ဒီဘဏ္ဍာရေးနှစ်သစ်မှာ ၂ လတည်းပဲ ရှိသေးပြီး ကျွန်တော် သူ့ရဲ့ တစ်နှစ်စာ လစာကို ရပြီးနေပါပြီ။ ဟားဟားဟား။ Forbes နံပါတ်တစ်၊ ဖက်ဒါရာရဲ့ ၂ ဆ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo: Sportingnews
မက်ဂရီဂေါ်ဟာ ဒပ်စတင် ပွိုင်ရီယာနဲ့ ထိုးသတ်ခဲ့တဲ့ ယူအက်ဖ်စီ ၂၆၄ တိုက်ပွဲမှာ ခြေထောက်ကျိုး ဒဏ်ရာ ရရှိခဲ့တာကနေ ပြန်လည်သက်သာလာအောင် ကုသမှု ခံယူနေသူဖြစ်ပြီး ပွိုင်ရီယာကို နောက်ဆုံး တွဲဆိုင်း ၂ ခုမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုနှစ် နှောင်းပိုင်းမှာ အောက်တေဂွန်ကို ပြန်သွားဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ယူအက်စ်စီ ဖိုက်တာဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက ယူအက်ဖ်စီ ၂၄၆ မှာ ဒေါ်နယ် စီရုန်းကို စက္ကန့် ၄၀ မှာ အလဲထိုးပြီးနောက်ပိုင်းကတည်းက နိုင်ပွဲ ရရှိခဲ့ခြင်းမရှိသေးသူ ဖြစ်ပါတယ်။
Featured Photo: Sportbible

