ဝါလကင်းလွတ် သီတင်းလည်းကျွတ်ပြီးပြီ ဆိုတော့ မကြာခင် ပွင့်လင်းရာသီမှာ ချစ်ရသူလေးနဲ့ မင်္ဂလာပွဲဆင်နွှဲမဲ့ ကွီးတို့ ရှိပါသလား။ ချစ်သူနှစ်ဦးတို့ ရွှေလက်တွဲတဲ့ ပွဲမှာ အစစအရာရာ အဆင်ပြေမှ တစ်သတ်တာမမေ့နိုင်တဲ့ မင်္ဂလာပွဲလေး ဖြစ်မှာပါ။ ဒီလိုမျိုး ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲ ကျင်းပနိုင်ဖို့အတွက် ကွီးတို့ ပြင်ဆင်ရမဲ့ အရာတွေရှိပါတယ်။ ဒါကြောင့် မကြာခင်မှာ မင်္ဂလာပွဲ ကျင်းပမဲ့ ကွီးတို့အတွက် အစစအရာရာ အဆင်ပြေအောင် ပြင်ဆင်ရမဲ့ အပိုင်းတွေကို‌ဖော်ပြပေးချင်ပါတယ်။

(၁) မင်္ဂလာပွဲ အတွက်ကုန်ကျစရိတ်သတ်မှတ်ပါ

မင်္ဂလာပွဲ ကျင်းပမဲ့

Photo : The Budget Savvy Bridge

မင်္ဂလာပွဲ ကျင်းပမဲ့ ကွီးတို့ရေ ပွဲတစ်ခုလုပ်မယ်လို့ သတ်မှတ်လိုက်တာနဲ့ အရင်ဆုံးတွက်ချက်ရမှာက ဒီပွဲအပေါ်မှာ ကွီးတို့ ဘယ်လောက်သုံးမလဲဆိုတာပါပဲ။ ကွီးရဲ့ ဇနီးလောင်းလေးနဲ့အတူတကွ မင်္ဂလာပွဲမှာသုံးမဲ့ ကုန်ကျစရိတ်ကို ပမာဏတစ်ခု သတ်မှတ်ပါ။ ကုန်ကျစရိတ်သတ်မှတ်တဲ့နေရာမှာ အသေးစိတ်အချက် တစ်ချက်စီကို ထည့်သွင်းရန် လိုအပ်ပါတယ်။ ၀တ်စားဆင်ယင်မှု၊ လက်ဆောင်များနှင့် အလှအပဆိုင်ရာ အသုံး စရိတ်များကဲ့သို့သော အပိုကုန်ကျစရိတ်များအတွက် ထည့်တွက်ရန် မမေ့ပါနှင့်။

(၂) မင်္ဂလာပွဲပြုလုပ်မဲ့ နေရာနဲ့ အချိန်ကိုရွေးချယ်ပါ

မင်္ဂလာပွဲ ကျင်းပမဲ့

Photo : Wedding Spot

ကွီးတို့အနေနဲ့ အသုံးစရိတ်သတ်မှတ်ပြီးသွားပြီဆိုရင် မင်္ဂလာပွဲပြုလုပ်မဲ့ နေရာကိုရွေးချယ်ရပါမယ်။ မင်္ဂလာပွဲကို Outdoor မှာလုပ်မှာလား၊ ကွီးတို့ ခြံဝန်းထဲမှာပဲလုပ်မှာလား၊ ဟိုတယ်ခန်းမမှာလုပ်မှာလားဆိုတာ ရွေးချယ်ပါ။ အကယ်၍ ကွီးတို့က ခန်းမမှာလုပ်မယ်ဆိုရင် ကြိုတင်ငှားရမ်းထားဖို့ လိုပါမယ်။ မင်္ဂလာပွဲအချိန်ကို ကွီးတို့နဲ့ ကြွရောက်လာမဲ့ ဧည့်သည်အားလုံးအတွက် အဆင်ပြေတဲ့ အချိန်ကိုရွေးချယ်ပါ။

(၃) ဧည့်သည်များကို ဖိတ်ကြားပါ

မင်္ဂလာပွဲ ကျင်းပမဲ့

Photo : The Budget Savvy Bride

မင်္ဂလာပွဲ ကျင်းပမဲ့ ကွီးတို့ရေ မင်္ဂလာပွဲပြုလုပ်မဲ့ နေရာနဲ့ အချိန်ကိုရွေးချယ်ပြီးပြီ ဆိုရင်တော့ ဖိတ်ကြားမဲ့ ဧည့်သည်အရေအတွက်ကို စာရင်းပြုစုပြီးနောက် ဖိတ်ကြားလွှာများပေးပို့ပါ။ နှစ်ဖက်အသိုင်းအဝိုင်းမှ အရေးကြီးသော ပုဂ္ဂိုလ်များ မကျန်ခဲ့ဖို့ သတိထားပါ။

(၄) မင်္ဂလာဝတ်စုံ

မင်္ဂလာပွဲ ကျင်းပမဲ့

Photo : Unbridely

မင်္ဂလာပွဲတစ်ခုအတွက် အရေးပါပြီး သေချာအချိန်ယူ ပြင်ဆင်ရမှာကတော့ မင်္ဂလာဝတ်စုံပဲ ဖြစ်ပါတယ်။ သတို့သားလောင်းအတွက်ရော သတို့သမီးအတွက်ပါ သေချာအချိန်ယူပြင်ဆင်ပါ။ အနောက်တိုင်းဆန်ဆန် ဆောင်မလား၊ မြန်မာရိုးရာဝတ်စုံ သိုမဟုတ် ကိုယ့်ရိုးရားဝတ်စုံနဲ့ပဲ ဆောင်မလားဆိုတာ သေချာဆုံးဖြတ်ပါ။ ဝတ်ချင်တဲ့ ဒီဇိုင်း၊ အရောင်တို့ကို သေချာဆုံးဖြတ်ထားဖို့လိုပါတယ်။ နှစ်ဖက်သောမိဘများနဲ့ သတို့သမီး၊ သတို့သားအရံများအတွက် လည်းပြင်ဆင်ဖို့ လိုပါတယ်။

(၅) မင်္ဂလာပွဲမှာ တည်ခင်းမဲ့အစားအစာ

Wedding

Photo : Food S‌afety Training

ကွီးတို့မင်္ဂလာဧည့်ခံပွဲမှာ တည်ခင်းဧည့်ခံမဲ့ အစားအစာကလည်း အရေးကြီးပါတယ်။ ကွီးတို့ မင်္ဂလာပွဲကျင်းပမဲ့ ရာသီနဲ့လိုက်ဖက်ညီတဲ့ အစား အစာများဖြစ်ဖို့ အရေးကြီးပါတယ်။ သောက်စရာများ၊ အချိုတည်းစရာများကိုလည်း ကြိုတင်စဉ်းစားပြီး ပြင်ဆင်ပါ။

(၆) ဓာတ်ပုံဆရာ ကြိုတင်ငှားရမ်းပါ

Wedding

Photo : Yeah Weddings

ကွီးတို့ ချစ်သူလေးနဲ့ နှစ်ကိုယ်တူရွှေလက်တွဲတဲ့ ပွဲလေးရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း သေချာမှတ်တမ်းတင် ထားဖို့လိုပါတယ်။ အမှတ်တရ ဓာတ်ပုံတွေက ကွီးတို့ရဲ့ တန်ဖိုးထားရတဲ့ အမှတ်တရတွေကို ဖော်ပြပေးနိုင်တဲ့ အရာပါ။ ဓာတ်ပုံဆရာရဲ့ အရေးပါမှုကို လျှော့မတွက်သင့်ပါဘူး။ ဒါကြောင့် ကွီးတို့စိတ်ကြိုက် ဓာတ်ပုံဆရာကို ကြိုတင်ငှားရမ်းထားပြီး လိုချင်တဲ့ ပုံစံကို တိုင်ပင်ထားပါ။

(၇) တေးဂီတ အစီအစဉ်

Wedding

Photo : Easy Wedding

ကွီးတို့ရဲ့ မင်္ဂလာပွဲမှာ ဖွင့်ဖို့သီချင်းကောင်းလေးတွေကိုလည်း သေချာရွေးချယ်ထားဖို့ လိုပါတယ်။ တေးဂီတဟာ ကွီးတို့ မင်္ဂလာပွဲကို ပိုမို အသက်ဝင်စေပြီး ကြည်နူးမှုကို ခံစားရစေမှာပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ မကြာခင်မှာ မင်္ဂလာပွဲ ကျင်းပမဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေက ကွီးတို့ချစ်သူနှစ်ဦးရွှေလက်တွဲတဲ့ ပွဲလေးမှာ အဆင်ပြေဖို့ ကူညီပေးပါလိမ့်မယ်။

Featured Photo : Love My Dress