ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်ပေါင်းသင်းရလိုက်ရတဲ့ အခြေအနေမျိုးသည် ကွီးတို့ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားတစ်ယောက်ဖြစ်သွားစေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာဦးည ကို ကျော်ဖြတ်တော့မယ်ဆိုရင်တော့ စိတ်လှုပ်ရှားလွန်းပြီး အမှားမှား အယွင်းယွင်းမဖြစ်ဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်ထပ်ပြီးနောက်မှာ မင်္ဂလာဦးညသည် တစ်ညတည်းပဲ ကြုံတွေ့ရမှာမို့လို့ပါ။

မနက်ပိုင်းမှာ မင်္ဂလာပွဲလည်း ပြီးပြီးဆိုတော့ ညဘက်မှာ ကွီးတို့ ဇနီးမောင်နှံအတွက် ချစ်ကြည်နူး တစ်တီတူးရမယ့် မင်္ဂလာဦးညလေးကို ဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြတ်သန်းဖို့အတွက်

ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့

ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့

ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ပေးနေမယ်ဆိုရင် မင်္ဂလာဦးည မှာ အမှားမှား အယွင်းယွင်းဖြစ်ပြီး နှစ်ယောက်စလုံးအတွက် အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံဖြစ်ရမယ့်အစား ပြန်မပြောချင်လောက်အောင် ရှက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့။ အလိုက်သင့်လေးပဲ ရှေ့ဆက်တိုးသွားလိုက်ပါ။

ရိုမန့်တစ်ဆန်ပါ

မင်္ဂလာဦးည အမှားမှား

ရိုမန့်တစ်ဆန်တဲ့ ညစာလေး ပြင်ဆင်ထားပါ။ အခန်းကို မီးအမှောင်ချထားပြီး မီးရောင်ဖျော့ဖျော့လေး ဖွင့်ထားကာ အမွှေးရနံ့ ဖယောင်းတိုင် ထွန်းထားလိုက်ပါ။ ဝိုင်ပါ အဆင်သင့်ပြင်ထားလိုက်ပါ။ တစ်ခန်းလုံးကို တတ်နိုင်သမျှ ရိုမန့်တစ်ဆန်အောင် ပြင်ထားပါ။ ရေချိုးကန်ထဲမှာလည်း ရေနွေးတွေ အသင့်ပြင်ထားပြီး နှစ်ယောက်သားအတူတူ ရေစိမ်လို့လည်း ရပါတယ်။ ဒီလိုနည်းလမ်းနဲ့ နှစ်ဦးသားရဲ့ အချစ်စိတ်ကို နိုးကြွလာအောင် လှုံ့ဆော်ပေးလို့ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှပါစေ

မင်္ဂလာဦးည အမှားမှား

တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှခြင်းသည် Healthy Sex Life ရဲ့ အရေးအကြီးဆုံး တစ်ချက်ပဲဖြစ်ပါတယ်။ တစ်ယောက်က အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း အတင်းအကြပ် လုပ်ယူခြင်းသည် လိင်အကြမ်းဖက်ရာရောက်တယ်ဆိုတာကို သတိကပ်သင့်ပါတယ်။ တစ်ယောက်က အဆင်သင့်ဖြစ်တဲ့အထိ စောင့်သင့်ပြီး အပေးအယူမျှမျှနဲ့ လုပ်ဆောင်ခြင်းသည် ကွီးတို့အတွက် အိမ်ထောင်ရေးသုခကို ဆောင်ကျဥ်းပေးမှာပဲဖြစ်ပါတယ်။

ကြောင်တစ်ကောင်လို ပြုမူပါ

မင်္ဂလာဦးည အမှားမှား

ကြောင်တစ်ကောင်လို ပြုမူရမယ်ဆိုတာကတော့ Foreplay ကို နားလည်လွယ်အောင် အဓိပ္ပါယ်ဖြစ်ပါတယ်။ ကွီးတို့ကောင်မလေး စိတ်ပါလာအောင် ပွတ်သီးပွတ်သပ် ပြုလုပ်ပေးပါ။ ဒါမှ သူ(မ)ဘက်ကလည်း စိတ်ပါလာအောင် နာကျင်မှုမရှိဘဲ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်နဲ့ မင်္ဂလာဦးညကို ဖြတ်သနိးနိုင်မှာပဲဖြစ်ပါတယ်။ အစပျိုးဖို့အတွက် အချိန်ယူပါ။ လောလော လောလော ပြုမူစရာမလိုပါဘူး။

ကွီးတို့ရော မင်္ဂလာဦးည မှာ စိတ်လှုပ်ရှားလွန်ပြီး အမှားမှား အယွင်းယွင်းမဖြစ်အောင် ဘယ်လိုပြုလုပ်မယ်လို့ စဥ်းစားထားပါသလဲ။

Source: Weddingwire

Featured Image: Freepik