ဘီယာချစ်သူကွီးတို့ရေ….မင်္ဂလာပါ။ ကွီးတို့ နှစ်ခြိုက်စွဲလမ်းစွာ သောက်သုံးကြတဲ့ ဘီယာတွေသည် ဘရန်းအမျိုးအစား အမျိုးမျိုး ကွဲပြားသွားသလို မတူညီ တဲ့ ဘီယာ မျိုးကွဲများသည် အမျိုးမျိုးရှိပါတယ်။ မိမိက စွဲစွဲလမ်းလမ်း သောက်သုံးလျက်ရှိတဲ့ ဘီယာအမျိုးအစားက ဘယ်မျိုးကွဲထဲမှာ ပါဝင်သလဲဆိုတာကိုတော့ သိထားသင့်တယ်မဟုတ်လား။
ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် မတူညီ တဲ့ ဘီယာ မျိုးကွဲ အမျိုးမျိုးကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
American Pale Ale
ဒီဘီယာလေးကတော့ အမေရိကန်နိုင်ငံထုတ်ဘီယာ အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် သူ့နာမည်ကို American Pale Ale လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ သူ့အရောင်ကတော့ ရွှေအိုရောင်ရင့်ရင့်လေး ပိုင်ဆိုင်ထားပြီး ထိုမျိုးကွဲမှာမှ နောက်ထပ် အမျိုးအစား နှစ်မျိုး ထပ်မံခွဲခြားထားပါသေးတယ်။ ဒီဘီယာသည် အစားအစာများနှင့် အင်မတန်လိုက်ဖက်တဲ့ ဘီယာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ကြက်သား၊ ငါး၊ အစပ်အစားအစာများ၊ ချိစ်အစားအစာများနှင့် လိုက်ဖက်ပါတယ်။
India Pale Ale (IPA)
ဒီအမျိုးအစားကတော့ စောစောက အမျိုးအစားနဲ့ ဆင်တူပါတယ်။ ဒီဘီယာရဲ့အရသာက ပိုပြင်းပြီး သက်တမ်းပိုရှည်ကြာပါတယ်။ သူ့ထဲမှာပါဝင်တဲ့ ဆီက ဘီယာကို ပိုပြီးကြာရှည်ခံအောင် ကူညီပေးပါတယ်။ သူနဲ့ လိုက်ဖက်တဲ့ အစားအစာများကတော့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့အသားများ၊ ချိစ်များ စသည်တို့ပဲ ဖြစ်ပါတယ်။
Stout ဘီယာ
ဘီယာတွေထဲမှာ အရောင်အရင့်ဆုံးဘီယာကတော့ Stout ဘီယာပဲဖြစ်ပါတယ်။ ၁၈ ရာစုအစောပိုင်းလောက်က ပေါ်ပေါက်ခဲ့တဲ့ဘီယာ တစ်ခုဖြစ်ပြီး Stout ဘီယာထဲမှာမှ နောက်ထပ်အမျိုးအစား (၅) မျိုး ထပ်ခွဲထားပါသေးတယ်။ ဒီဘီယာလေးကတော့ အကင်အစားအစာများ၊ စတူးဟင်းရည်များနှင့် လိုက်ဖက်ပါတယ်။
ဂျုံဖြင့် ချက်လုပ်ထားတဲ့ Wheat Beer
ဒီဘီယာကတော့ စောစောက Stout ဘီယာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အရောင်အားဖြင့်တော့ ရွှေရောင်တောက်တောက်လေးကို ပိုင်ဆိုင်ထားပါတယ်။ ငါး၊ ကြက်သား၊ အသုပ်မျိုးစုံ၊ ပါစတာနှင့် သစ်သီး စသည်တို့နှင့် လိုက်ဖက်တဲ့ ဘီယာတစ်မျိုး ဖြစ်ပါတယ်။
Lager
ဘီယာအမျိုးအစားများကို အဓိကအားဖြင့် Ales နှင် Lager ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ စောစောက ဖော်ပြသွားတဲ့ ဘီယာများကတော့ Ales အမျိုးအစားထဲ ပါဝင်သွားပါတယ်။ အဓိကကတော့ ဘီယာချက်လုပ်ပုံချင်း ကွာသွားလို့ နာမည်နဲ့ အမျိုးအစားလည်း ကွဲပြားသွားရခြင်းဖြစ်ပါတယ်။ Lager ဘီယာကတော့ တဆေးကို အဓိကထား ဖောက်လုပ်တာဖြစ်ပြီး အပူချိန်အေးအေးထဲထားကာ ချက်လုပ်ကြတာဖြစ်ပါတယ်။
Pilsner
ဒီဘီယာကတော့ Lager ဘီယာအမျိုးအစားပဲဖြစ်ပါတယ်။ ၁၈၄၂ ခုနှစ်မှာ စတင်ချက်လုပ်တာ ဖြစ်ပါတယ်။ သူကတော့ ကြက်သား၊ ငါး၊ ပေါင်မုန့် အစရှိတဲ့ အမြည်းများနှင့် လိုက်ဖက်ပါတယ်။
Hefeweizen
ဒီဘီယာကတော့ ဂျာမန်နိုင်ငံထုတ်ဘီယ်ာတစ်မျိုးဖြစ်ပါတယ်။ သူက တခြားသော ဘီယာတွေနဲ့ ယှဥ်ရင် အယ်လ်ကိုဟော ပါဝင်မှုနှုန်းနည်းတဲ့အတွက်ကြောင့် ပိုပျော့ပါတယ်။ သူကတော့ ငါး၊ အသုပ်၊ ကြက်ဥ အစရှိတဲ့ အမြည်းများနှင့် လိုက်ဖက်ပါတယ်။
Sour Beer
Sour Beer ဆိုတဲ့အတိုင်းပဲ နာမည်နဲ့လိုက်အောင် ချဥ်ချဥ်လေးနဲ့ ပြင်းတဲ့ဘီယာတစ်မျိုးပါ။ ချက်လုပ်ပုံ Recipe အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့တင် သူ့အရသာသည်လည်း မသိမသာလေး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အချို့ကတော့ သစ်သီးများ၊ ဟင်းခပ်အမွှေးအကြိုင်များ ထပ်ပေါင်းထည့်ကာ အရသာ ပိုကောင်းလာအောင် ချက်လုပ်ကြပါတယ်။ သူကတော့ ချိစ်ဖြင့်ပြုလုပ်ထားတဲ့အစားအစာများ၊ ခရင်မ်များများပါသော အစားအစာများ၊ ပါစတာ စတဲ့ အမြည်းများနှင့် လိုက်ဖက်ပါတယ်။
Source: Thespruceeats
Featured Image: GQ India