ချစ်တင်းနှောဖို့ အကောင်းဆုံး အချိန်က မနက်ခင်း လား ? ညခင်းလား ? တကယ်တော့ ချစ်တင်းနှောဖို့အတွက် အကောင်းဆုံး အချိန်ရယ်လို့ သီးခြား သတ်မှတ်ထားတာ မရှိပါဘူး။ လူတစ်ဦးတစ်ယောက်စီရဲ့ အကြိုက်ပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် မနက်ခင်းမှာ ချစ်တင်းနှော မယ်ဆိုရင်တော့ အခုပြောပြမယ့် ကောင်းကျိုးတွေ ကွီးတို့ ရနိုင်မှာ ဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှု နည်းသွားစေတယ်

Benefits of Morning Sex
Photo : Everyday Health

မနက်ခင်းမှာ ချစ်တင်းနှော ခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အတက်နိုင်ဆုံး လျော့ပါးသက်သာ စေနိုင်တဲ့ အကောင်းဆုံး သဘာဝ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အော်ဂဇင်ရရှိခြင်းကြောင့် စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်ပေါ်စေပြီး တစ်နေ့တာ ရင်ဆိုင်ရမယ့် ဖိအားတွေ ၊ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်သလို အကောင်းမြင်စိတ်ကိုလည်း တိုးပွားစေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးစေတယ်

Benefits of Morning Sex

Photo : Christie Cobb, M.D.

ချစ်တင်းနှော တာဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုပါပဲ။ မနက်ခင်းမှာ လေ့ကျင့်ခန်း ပြုလုပ် သကဲ့သို့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို အများကြီး လောင်ကျွမ်းစေနိုင်သလို ကြံ့ခိုင်မှုကိုလည်း တိုးစေပြီး ကျစ်လစ်သန်မာတဲ့ ဘော်ဒီကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ်ခံအား ကောင်းစေတယ်

Benefits of Morning Sex

Photo : South China Morning Post

မနက်ခင်း ချစ်တင်းနှော တဲ့အခါ ခန္ဓာကိုယ် ကနေ Immunoglobulin လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်အတွက် အထောက်အပံ့ပေးတဲ့ ဓာတ်တစ်မျိုး ထုတ်လွှတ်ပေးပါတယ်။ Immunoglobulin ဟာ ဖျားနာခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးတွေကို ခုခံတိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေစေဖို့ ကူညီပေးပါတယ်။

(၄) ကျေနပ်စရာ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေတယ်

Benefits of Morning Sex
Photo : Charleston Christian Counseling

မနက်ခင်းမှာ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း ပမဏဟာ အမြင့်ဆုံး ရောက်ရှိနေတဲ့အတွက် ကောင်းမွန်တဲ့ လိင်မှုစွမ်းဆောင်ရည်ကို ပြသနိုင်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်း ချစ်တင်းနှောတဲ့အခါမှာ သင်ရော သင့်ပါတနာပါ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝအတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး သုခကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Lifeandtrendz