လူတိုင်းမှာ အကြိုက် ကိုယ်စီ ရှိကြပါတယ်။ တချို့က မနက်စာ စားရတာ ကြိုက်နှစ်သက်ကြပြီး တချို့က ညစာ စားရတာကို ခုံမင်ကြပါတယ်။ ကွီးတို့ရော မနက်စာ စားတဲ့ အဖွဲ့ကလည်း ညစာ စားတဲ့ အဖွဲ့ကပါလား။

မနက်စာနဲ့ ညစာ စားတာမှာ ဘာတွေ ကွာသွားသလဲ။ ဘယ်လို ခြားနားချက်တွေ ကောင်းကျိုး ဆိုးပြစ်တွေ ရှိသလဲဆိုတာ သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါဦး။

မနက်ခင်းပိုင်းမှာ ချစ်တင်းနှောခြင်းက ညပိုင်းမှာ ချစ်တင်းနှောခြင်းထက် ပိုပြီး ကောင်းကျိုးတွေရှိတယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မနက်ခင်းပိုင်းမှာ အမျိုးသားရော အမျိုးသမီး နှစ်ဦးစလုံးထံတွင် Testosterone ပမာဏသည် မြင့်တက်နေတဲ့အချိန်ဖြစ်ပြီး လိင်စိတ် တပ်မက်မှုကလည်း ပိုမို များပြားနေပါလိမ့်မယ်။ ဒါ့ကြောင့် ချစ်တင်းနှောဖို့အတွက် သဘာဝ ချောဆီကလည်း လုံလုံလောက်လောက် ထွက်ရှိမှာဖြစ်ပြီး နှစ်ဦးသားစလုံးအတွက် နာကျင်မှု နည်းနေမှာပါ။

အခုဆက်လက် ဖော်ပြပေးမယ့် အကြောင်းပြချက်များကို ဖတ်ကြည့်မယ်ဆိုရင် ဘာ့ကြောင့် မနက်စာ စားတာက ညစာ စားတာထက် ပိုကောင်းသလဲဆိုတာကို သိသွားပါလိမ့်မယ်။​

စွမ်းအင်တွေ ပြည့်ဝနေလို့

energy

လူတော်တော်များများက မနက်ခင်း အိပ်ရာနိုးလာတဲ့အခါ စွမ်းအင်အပြည့်နဲ့ အိပ်ရာ နိုးထလာတာပဲ ဖြစ်ပါတယ်။ စွမ်းအင် အပြည့်နဲ့ နိုးထလာတဲ့အတွက်ကြောင့်မို့လို့ ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ် ကောင်းကောင်းနဲ့ အပြည့်အဝ စွမ်းဆောင်နိုင်မှာ မယုံမရှိပါနဲ့။

ဟော်မုန်း အပြောင်းအလဲကြောင့်

မနက်စာ ညစာ

စောစောက ပြောခဲ့သလိုပဲ မနက်ခင်းပိုင်းမှာ ကွီးတို့ရဲ့ ကျားဟော်မုန်းသည် တဟုန်ထိုး မြှင့်တက်နေတဲ့ အချိန်ပဲဖြစ်ပါတယ်။ ထိုအချိန်မျိုးမှာ ကွီးတို့သည် စကီလေးနဲ့ ချစ်တင်းနှောမယ်ဆိုရင် အကောင်းဆုံး ဖီလင်လ်ကို ခံစားရမှာ အမှန်ပါပဲ။ ကွီးတို့ နှစ်ဦးသားစလုံးလည်း အကောင်းဆုံး ကြည်နူးမှုကို ခံစားရမှာပါ။

စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပြီး စိတ်ပျော်ရွှင်လာစေတယ်

မနက်စာ ညစာ

မနက်ခင်းပိုင်း အချိန်သည် စိတ်ကြည်ကြည်လင်လင် ဖြစ်နေတဲ့အချိန်ဖြစ်ပြီး ကိုယ့်ရဲ့ စကီလေးနဲ့ ပိုပြီး သံယောဇဥ်တွေ ငြိတွယ်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ နှလုံးသွေးကြောကျဥ်းရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် မနက်ခင်း ချစ်တင်းနှောခြင်းသည် အာရုံကြောဆဲလ်များကို တည်ငြိမ်သွားစေပြီး စိတ်ဖိစီးမှုများ၊ စိတ်ပူပန်မှုများကို လျော့ချပေးနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ အလုပ်မှာ စိတ်ပူပန်စရာ ကောင်းတဲ့ Presentation ကြောင့် သောက ရောက်နေရတယ်ဆို အလုပ်မသွားခင် မနက်ခင်းပိုင်းမှာ စကီလေးနဲ့ ချစ်တင်းနှော ကြည့်လိုက်ပါ။

ကွီးတို့ရော မနက်စာနဲ့ ညစာမှာ ဘယ်အရာကို ပိုမိုကြိုက်နှစ်သက်ပါသလဲ။

Source: Timesofindia.indiatimes.com

Featured Image: Healthline