ကွီးတို့ရေ မနက်စာ ပုံမှန်စားဖြစ်ကြပါသလား။ အလုပ်ရှုပ်နေလို့ဖြစ်စေ၊ မနက်မထဖြစ်လို့ဖြစ်စေ မနက်စာ လွတ်နေတဲ့ ကွီးတို့ရှိပါသလား။ မနက်စာစားခြင်းဟာ တစ်နေ့တာမှာ ခန္ဓာကိုယ်ကို လှုပ်ရှားရုန်းကန်နိုင်စေဖို့ အရေးကြီးတဲ့ ယန္တရား တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ကွီးတို့ မနက်စာ မစားဖြစ်တာ တစ်ရက်တစ်လေ ဆို ကိစ္စမရှိပေမယ့် နေ့စဉ်ဖြစ်လာပြီ ဆိုရင်တော့ ပြဿနာရှိ လာနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ အနေနဲ့ သတိမူနိုင်အောင် မနက်စာ မစားခြင်းကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှု တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်အလေးချိန်တတ်စေပါတယ်

Photo : Study Finds
အကယ်၍ ကွီးတို့အနေနဲ့ အကြောင်းပြချက်မရှိဘဲ သို့မဟုတ် အစားစားတာလွန်ကဲခြင်းမရှိဘဲ ပုံမှန်ပဲ စားနေပါလျက်နဲ့ ဝိတ်တတ်နေပါသလား။ တကယ်လို့ တခြားသော ကျန်းမာရေး ပြဿနာမရှိဘူးဆိုရင် မနက်စာမစားခြင်း ကပဲ ဝိတ်တတ်စေတဲ့ အကြောင်းပြချက်ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကွီးတို့ရဲ့ ခန္ဓာကိုယ်ဟာ ညအိပ်နေတဲ့အချိန် မှာ အစာအာဟာရ စီးဆင်းမှု မရှိဘဲ မနက်မိုးလင်းတဲ့အခါမှာလည်း မနက်စာကို ရှောင်လိုက်တဲ့ အခါသို့မဟုတ် မစားဖြစ်တဲ့အခါ ခန္ဓာကိုယ်က သကြားနဲ့အဆီများတာတွေကို တောင့်တာလာတာကြောင့်ပါ။
ထိုသို့ ခန္ဓာကိုယ်က တောင့်တလာတာကြောင့် ကွီးတို့ အစားစားဖြစ်တဲ့အခါ ကယ်လိုရီတွေ ချင့်ချိန်ဖို့ ထက် မြင်ရာကိုပဲစားမိဖို့ များပါတယ်။ ၎င်းသည် နောက်ဆုံးတွင် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ မနက်စာမစားခြင်းနဲ့ အဝလွန်ခြင်းက ဆက်စပ်နေကြောင်း လေ့လာမှုများစွာရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို နေ့တိုင်းစားဖို့က အရေးကြီးဆုံးပါပဲ။
(၂) ခေါင်းတစ်ခြမ်းကိုက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်

Photo : Association of Migraine Disorders
ညဘက်မှာ ခန္ဓာကိုယ်က အကြာကြီးအစာ မစားပဲနေခြင်းကြောင့် မနက်ခင်းမှာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သကြားပါဝင်မှု နည်းနေပါတယ်။ မနက်ခင်း အစာမစားရင် ခန္ဓာကိုယ်က သကြားဓာတ် နည်းတာကို ထိန်းညှိပေးဖို့ ဟော်မုန်းအချို့ကို ထုတ်လွှတ်ပါတယ်။ ဤ ဖြစ်စဉ်ကို Hypoglycemia ဟုခေါ်ပါတယ်။ ထို လုပ်ငန်းစဉ်က သကြားပမာဏကို မျှတစေပေမယ့် ဘေးထွက်ဆိုးကျိုးများ လည်းရှိပါတယ်။
သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်စေပြီး ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို ဖြစ်စေပါတယ်။ လေ့လာမှုများအရ မနက်စာ ပုံမှန်မစားသူများသည် ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်ခြေ ပိုများကြောင်း သိရပါတယ်။ ဒါကြောင့် မနက်စာ မစားခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထိန်းထားနိုင်ဖို့ ကွီးတို့ရဲ့ တစ်နေ့တာကို အရသာရှိတဲ့ အစားအစာတွေနဲ့ စတင်လိုက်ပါ။
(၃) ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်

Photo : Healthy Food Guide
ကွီးတို့ မနက်စာမစားဘဲနေသောအခါမှာ လောင်စာဆီထိန်းသိမ်းရန် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု နှေးကွေးသွားပြီး ဇီဝကမ္မဖြစ်စဉ် ကိုလည်းနှောင့်နှေးစေပါတယ်။ ထို့အပြင် တစ်ညလုံး အစာမစားဘဲ မနက်ပိုင်းတွင်လည်း နေ့စဉ်ရက်ဆက် မနက်စာမစားဖြစ်ခြင်းက ကွီးတို့ရဲ့ခန္ဓာကိုယ်၏ ကယ်လိုရီများကို လောင်ကျွမ်းစေသည့် စွမ်းရည်ကို လျော့နည်းစေပြီး အဆီစုပုံခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် မနက်ခင်းမှာ အရသာရှိတဲ့ အစာစားခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ မနက်စာ ပုံမှန်စားတဲ့သူတွေမှာ ဇီဝဖြစ်ပျက်မှုအဆင့် ပိုမြင့်တယ်လို့ သက်သေပြထားတဲ့ လေ့လာမှုများစွာရှိပါတယ်။
(၄) ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်

Photo : Men of Many
မနက်စာ မစားခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အဓိကဆိုးကျိုးတွေထဲက တစ်ခုကတော့ ဆံပင်ကျွတ်ခြင်းပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှု အလွန်နည်းသော အစားအစာကို စားသုံးခြင်းဖြစ်စေ၊ မနက်စာ မစားခြင်းကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ်အတွင်းရှိ Keratin ပမာဏအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိပါတယ်။ ထို Keratin ကဆံပင်ကျွတ်ခြင်းကို ဖြစ်စေပြီး ဆံပင်ကြီးထွားမှုကို ရပ်တန့်စေသည့် အရေးပါသော အစိတ်အ ပိုင်းတစ်ခု ဖြစ်ပါတယ်။ မနက်စာဟာ ဆံပင်ကြီးထွားမှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး တစ်နေ့တာရဲ့ အရေးကြီးဆုံး အစားအစာဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ မနက်စာကို ကွီးတို့အနေနဲ့ နေ့တိုင်းစားဖို့ လိုပါတယ်။
(၅) ကင်ဆာဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်

Photo : Duffy & Duffy Law
မနက်စာကို မစားဖြစ်လိုက်တာနဲ့ တစ်နေ့တာ အစားအသောက်ကို အလွန်အကျွံ စားမိဖို့ ဖြစ်နိုင်ခြေ များနေပါပြီ။ ဒါကြောင့် အဝလွန်ခြင်း၏ အန္တရာယ်ကို လည်းတိုးစေပါတယ်။ Cancer Research UK မှ ပြုလုပ်သော သုတေသနပြုချက်အရ အဝလွန်သူများသည် ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း သိရှိခဲ့ရပါတယ်။ မနက်စာ မစားခြင်းကြောင့် ကင်ဆာကဲ့သို့သော အသက်အန္တရာယ်ရှိတဲ့ ရောဂါများပါဖြစ်လာနိုင်တဲ့ အထိ ခန္ဓာကိုယ်ကို ဆိုးဝါးစွာ သက်ရောက်စေကြောင်း ကွီးတို့အနေနဲ သတိမူရပါမယ်။
မနက်စာ မစားခြင်းကြောင့် ရရှိလာနိုင်တဲ့ ကွီးတို့ရဲ့ခန္ဓာကိုယ်အပေါ် ဆိုးဝါးတဲ့ ထိခိုက်မှုများကို ကာကွယ်ဖို့ အခုအချိန်ကစပြီး မနက်စာကို ပုံမှန်သေချာစားဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : TATA Health
Featured Photo : Thriveglobal
