ကွီးတို့ မနက်စာကို ပုံမှန်စားဖြစ်ပါသလား။ တစ်ခါတစ်လေမှာ အချိန်မရှိလို့၊ အိပ်ရာထနောက်ကျလို့၊ အစောကြီး အလုပ်သွားရမှာမို့ စတဲ့ အကြောင်းပြချက်တွေကြောင့် မနက်စာကို အလေးပေး မစားဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ဆိုရင်တော့ ပြဿနာမရှိပေမဲ့ မနက်စာ လွတ်တာများရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး အပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။
မနက်စာက ကျွန်တော်တို့ တစ်နေ့တာ လှုပ်ရှားဖို့အတွက် အရေးကြီးဆုံး အစားအစာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်နေ့တာ လှုပ်ရှားဖို့အတွက် မရှိမဖြစ် အာဟာရတွေကို ဖြည့်တင်းပေးပါတယ်။ ကျွန်တော်တို့က အချိန်မရရင်တောင် မနက်စာစားဖို့ အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ပေးပြီး သေချာစားဖို့ အလေ့အကျင့် ပြုလုပ်သင့်ပါတယ်။ ဒီနေ့မှာတော့ မနက်စာလွတ်တာများရင် ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို သတိပြုသိရှိနိုင်ဖို့ ဝေမျှသွားမှာ ဖြစ်ပါတယ်။
နှလုံးကို ထိခိုက်နိုင်ပါတယ်
Photo : Vista Create
ကျွန်တော်တို့ မနက်စာ မစားဖြစ်တာများရင် နှလုံးကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သိပါသလား။ JAMA မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ မနက်စာမစားတဲ့ အမျိုးသားတွေဟာ မနက်စာစားသူတွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနက်စာ မစားတာများရင် သွေးတိုးရောဂါ ဖြစ်နိုင်ချေပိုများပြီး သွေးကြောတွေကို ပိတ်ဆို့စေတယ်လို့ ဆိုပါတယ်။ ဒါက နှလုံးရောဂါနဲ့ လေဖြန်နိုင်ချေ ပိုများစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာစားသုံးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို အမှန်တကယ် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။
အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ခြေ မြင့်မားလာနိုင်တယ်
Photo : Vista Create
Harvard University School of Public Health က စားသောက်မှုအလေ့အထနှင့် ကျန်းမာရေးအကြား ဆက်စပ်မှုကို ရှာဖွေရန် ရည်ရွယ်တဲ့ လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ခြောက်နှစ်ခန့် ပြုလုပ်ခဲ့သည့် ထိုသုတေသနတွင် အမျိုးသမီး ၄၆၂၈၉ ဦး ပါဝင်ခဲ့ပြီး လေ့လာမှုရလဒ်တွေအရ မနက်စာ မစားဖြစ်တဲ့ အမျိုးသမီးတွေက မနက်စာပုံမှန်စားလေ့ရှိတဲ့ အမျိုးသမီးတွေထက် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ မနက်စာမစားဘဲ နေခြင်းက ဇီဝဖြစ်ပျက်မှုတွင်ပါဝင်သော မျိုးရိုးဗီဇကို ထိခိုက်စေနိုင်ပြီး သကြားဓာတ်ကို မြင့်မားစေတာကြောင့် ဖြစ်ပါတယ်။
ကိုယ်အလေးချိန်ကို တတ်စေပါတယ်
Photo : SciTechDaily
မနက်စာ မစားခြင်းရဲ့ဆိုးကျိုးတစ်ခုကတော့ ကိုယ်အလေးချိန်တက်ဖို့ အခွင့်အလမ်းပိုများတာပဲ ဖြစ်ပါတယ်။ မနက်စာ မစားဖြစ်တာက ကွီးတို့ကို ကျန်တဲ့အချိန်တွေမှာ သကြားနဲ့ အဆီများတဲ့ အစားအစာတွေကို စားချင်စိတ်ကို တိုးစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ဆာလောင်မှု ဝေဒနာကလည်း ပိုပြီးပြင်းထန်လာမှာ ဖြစ်ပါတယ်။ ဆာလောင်မှုအဆင့်မြင့်မားလေ၊ အစားအစာစားသုံးမှုပမာဏ များလေလေဖြစ်ပြီး တစ်နေ့တာတွင် အလွန်အကျွံစားသုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအချက်က ကွီးတို့ကို မကြာခဏ ကယ်လိုရီစားသုံးမှုကို များစေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ တတ်လာစေပါတယ်။
ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်
Photo : West Florida Vein Center
ကွီးတို့ မနက်စာမစားဘဲနေတဲ့အခါမှာ လောင်စာဆီထိန်းသိမ်းရန် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု နှေးကွေးသွားပြီး ဇီဝကမ္မဖြစ်စဉ် ကိုလည်းနှောင့်နှေးစေပါတယ်။ ထို့အပြင် တစ်ညလုံး အစာမစားဘဲ မနက်ပိုင်းတွင်လည်း နေ့စဉ်ရက်ဆက် မနက်စာမစားဖြစ်ခြင်းက ကွီးတို့ရဲခန္ဓာကိုယ်မှ ကယ်လိုရီများကို လောင်ကျွမ်းစေသည့် စွမ်းရည်ကို လျော့နည်းစေပြီး အဆီစုပုံခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် မနက်ခင်းမှာ အရသာရှိတဲ့ အစာစားခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ မနက်စာ ပုံမှန်စားတဲ့သူတွေမှာ ဇီဝဖြစ်ပျက်မှုအဆင့် ပိုမြင့်တယ်လို့ သက်သေပြထားတဲ့ လေ့လာမှုများစွာရှိပါတယ်။
ကင်ဆာဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်
Photo : UT Physicians
မနက်စာကို မစားဖြစ်လိုက်တာနဲ့ တစ်နေ့တာ အစားအသောက်ကို အလွန်အကျွံ စားမိဖို့ ဖြစ်နိုင်ချေ များနေပါပြီ။ ဒါကြောင့် အဝလွန်ခြင်း၏အန္တရာယ်ကို လည်းတိုးစေနိုင်ပါတယ်။ Cancer Research UK မှ ပြုလုပ်သော သုတေသနပြုချက်အရ အဝလွန်သူများသည် ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း သိရှိခဲ့ရပါတယ်။ မနက်စာ မစားခြင်းကြောင့် ကင်ဆာကဲ့သို့သော အသက်အန္တရာယ်ရှိတဲ့ ရောဂါများအထိ ပါဖြစ်လာနိုင်တဲ့ အထိ ခန္ဓာကိုယ်ကို ဆိုးဝါးစွာ သက်ရောက်စေကြောင်း ကွီးတို့အနေနဲ သတိမူရပါမယ်။
ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်
Photo : Cascade MedSpa
မနက်စာမစားခြင်းရဲ့ အဓိက ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ ဆံပင်ကျွတ်ခြင်းပါပဲ။ မနက်စာဟာ ဆံပင်ကြီးထွားမှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး တစ်နေ့တာရဲ့ အရေးကြီးဆုံး အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ မနက်စာကို ကွီးတို့အနေနဲ့ နေ့တိုင်းစားဖို့ လိုပါတယ်။
ကွီးတို့ရေ မနက်စာ လွတ်တာများရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့ တကယ်ကို မတွေးရဲစရာပါပဲ။ ဒါကြောင့် ဒီနေ့ကစပြီး မနက်စာကို ပုံမှန်အလေးပေး စားသုံးပေးဖို့ ဒီကနေ အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်ဗျာ။
Source : STYLECRAZE
Featured Photo : HK Connect