ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကို တားဆီးပိတ်ပင်နေတတ်တဲ့ အကျင့်ဆိုးတစ်ခုရှိပါတယ်။ ထိုအကျင့်ဆိုးကတော့ အခြားမဟုတ်ပါဘူး။ သူတစ်ပါးအား မနာလို တတ်တဲ့ အကျင့်ဆိုး တစ်ခုပဲဖြစ်ပါတယ်။

ထို မနာလို တတ်တဲ့ အကျင့်ဆိုး သည် သင့်ရဲ့ စိတ်အတွင်းထဲမှာ လောင်မြိုက်စေရုံသာမကဘဲ သင် လိုချင်တဲ့ ရည်မှန်းချက်များသို့ မရောက်ရှိအောင်လည်း တားဆီးပိတ်ပင်နေတတ်ပါသေးတယ်။ လောကကြီးမှာ သင်သည် ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ သင့်ထက် ပိုကြိုးစားတဲ့သူတွေ ရှိနေနိုင်ပါတယ်။ သင့်ထက် ပိုချမ်းသာတဲ့သူတွေ၊ သင့်ထက် ငွေတွေ ပိုမိုသုံးနိုင်ဖြုန်းနိုင်တဲ့သူတွေ ရှိနေပါတယ်။ ထိုသူတွေကို မြင်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်နေမယ်ဆိုရင်တော့ သင်သည်လည်း ဘယ်တော့မှ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် သူတစ်ပါးအား မနာလို ဝန်တိုတတ်တဲ့ အကျင့်ဆိုး ကို သင့်ရဲ့ဘဝထဲကနေ မြန်မြန် ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။ ထိုအရာကို ဘယ်လိုဖျောက်ဖျက်ကြမလဲ။

အခုဖော်ပြပေးမယ့် နည်းလမ်းများ အသုံးပြုကာ မနာလို တတ်တဲ့ အကျင့်ဆိုး ကို ဖယ်ရှားနိုင်ပါတယ်။

မိမိထံမှာ မနာလိုစိတ် ရှိနေကြောင်း ဝန်ခံလိုက်ပါ

sad man at work

မနာလိုစိတ်ကို ဖယ်ရှားချင်တယ်ဆိုရင် အရင်ဦးဆုံး သင့်စိတ်ထဲမှာ မနာလိုစိတ် ကိန်းအောင်းနေကြောင်းကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ အတင်းငြင်းဆိုနေပြီး ထွက်ပြေးတိမ်းရှောင်နေမယ်ဆိုရင်တော့ သင့်ရဲ့ ဒေါသတွေသည် ပိုမိုကြီးထွားလာပြီး နောက်ဆုံးမှာတော့ သင့်ကို ဝါးမျိုသွားပါလိမ့်မယ်။ နောက်ဆုံးမှာတော့ အပြစ်ရှိစိတ်နှင့် မနာလိုစိတ်တို့ ရောထွေးနေတဲ့ ခံစားချက်ကြီးသာ စိတ်ထဲမှာ ကျန်ခဲ့ပါလိမ့်မယ်။

သုတေသနလေ့လာချက်များအရ သင့်ရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုခြင်းသည် ထိုအရာကနေ ကျော်လွှားနိုင်ဖို့ အကူအညီပေးနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ ဒါ့ကြောင့် နောက်တစ်ကြိမ်မှာ မနာလိုစိတ်တွေ ထွက်ပေါ်လာတဲ့အခါ ထိုအရာကို လက်ခံပါ။ အတင်းအကြပ်ဖိနှိပ်လေ ပိုမိုကြီးထွားလေ ဖြစ်ပါတယ်။

မနာလိုစိတ်ကို ကြီးထွားလာအောင် မမွေးမြူပါနဲ့

မနာလိုစိတ်ကို ကြီးထွားလာအောင် မမွေးမြူပါနဲ့

ထိုမကောင်းတဲ့စိတ်အခြေအနေကို မေ့မေ့ပျောက်ပျောက်သာ ထားလိုက်ပါ။ ခေါင်းထဲ ပိုထည့်လေ ပိုစိတ်ညစ်ရလေဖြစ်ပြီး သင့်ရဲ့ မနာလိုစိတ်သည်လည်းပဲ တစ်စထက် တစ်စ ပိုမိုကြီးထွားလာပါလိမ့်မယ်။ တကယ်လို့ မနာလိုစိတ်များ ပေါ်ပေါက်လာတဲ့အခါ အခြားသောအရာတွေအပေါ် အာရုံလွှဲလိုက်ပါ။ ဥပမာ သင့်အတွက် ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရများ၊ သင့်အတွက် မိမိကိုယ်ကိုယ် ဂုဏ်ယူရလောက်တဲ့ အမှတ်တရများကို ပြန်လည်တူးဆွကြည့်ရင်း ခံစားချက်များကို ပြောင်းလဲနိုင်ပါတယ်။

မနာလိုခြင်းကို ကြိုးစားချင်စိတ် အဖြစ် ပြောင်းလဲလိုက်ပါ

မနာလို အကျင့်ဆိုး

သူကတော့ အောင်မြင်နေလိုက်တာ။ သူကတော့ လူအများရဲ့ ချီးကျူးခြင်းကို ခံနေရတယ်၊ အမြင်ကတ်စရာကောင်းလိုက်တာလို့ စိတ်ထဲက ပေါ်လာတဲ့အခါ ထိုအရာကို ကြိုးစားချင်စိတ်အဖြစ် ပြောင်းလဲလိုက်ပါ။ သင်သည်လည်း တချိန်ချိန်တုန်းက ချီးကျူးခံရတဲ့သူမဟုတ်လား။ ထိုအချိန်တုန်းကလည်း သင့်ရဲ့ ကြိုးစားမှုကြောင့် ချီးကျူးခံ၊ ချီးမွမ်းခံရတာ ဖြစ်ပါတယ်။ သင် ကြိုးစားပြန်ရင်လည်း နောက်တစ်ကြိမ်ထပ်ပြီး ချီးမွမ်းခံ၊ ချီးကျူးခံရဦးမှာပါ။ ဒါ့ကြောင့် မနာလိုဝန်တိုနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပြီး ပြန်ကြိုးစားလိုက်ပါ။

ကိုယ့်ရဲ့ အကြောက်တရားနှင့် စိတ်မလုံခြုံမှုတွေက ဘာတွေဖြစ်မလဲ

မနာလို အကျင့်ဆိုး

Photo: Wthr

လူတိုင်းမှာ သူတို့ ကြုံတွေ့ခံစားခဲ့ရတဲ့ ဘဝအတွေ့အကြုံများကြောင့် အကြောက်တရားကိုယ်စီ၊ စိတ်မလုံခြုံမှု ကိုယ်စီ ရှိကြပါတယ်။ အချို့ကလည်း အစားထိုးခံရမှာကို ကြောက်ခြင်း၊ စွန့်ပစ်ခံရမှာကို ကြောက်ခြင်း၊ သစ္စာဖောက်ခံရမှာကို ကြောက်ခြင်း၊ (သို့) ကိုယ့်ရဲ့ တန်ဖိုး နိမ့်ကျသွားမှာကို ကြောက်ခြင်း စသည်ဖြင့် အကြောက်တရားမျိုးစုံ ရှိကြပါတယ်။ သင့်ရဲ့ အကြောက်တရားကရော ဘာဖြစ်မလဲ။ ထိုအကြောက်တရားများကို အသိအမှတ်ပြုပါ။ ထို့နောက် အနိုင်ယူမှသာလျှင် သင့်အတွက် စိတ်မလုံခြုံမှုတွေ မရှိတော့မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ကိုယ်ပိုင် ကောင်းချီးကို ရေတွက်ဖို့ မမေ့ပါနဲ့

မနာလို အကျင့်ဆိုး

လူတိုင်းမှာ ကိုယ်ပိုင် ကံကောင်းခြင်းတွေ၊ ကိုယ်ပိုင် ကောင်းချီတွေ ကိုယ်စီ ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ပြီး ကံကောင်းခြင်းတွေသည်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ အခြားသူတွေရဲ့ ကံကောင်းခြင်းတွေကိုသာ ခေါင်းထဲထည့်ပြီး ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကို မေ့နေမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ အခြားသူများရဲ့ ကံကောင်းခြင်းတွေကို လျစ်လျူရှုထားပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်ကောင်းချီတွေကိုသာ ရေတွက်ပါ။ ဒါဆိုရင် ဘဝကြီးက ပိုမိုအေးချမ်းပြီး ပိုမိုပျော်ရွှင်ဖွယ်ကောင်းမှာဖြစ်ပါတယ်။

မာနနှင့် မနာလိုခြင်းသည် အလွှာပါးပါးလေးတစ်ခုသာ ခြားကြောင်း သတိရပါ

မနာလို အကျင့်ဆိုး

Photo: Ladders

အခြားသူက ကိုယ့်ထက်အောင်မြင်နေလို့ ကိုယ့်ရဲ့ မာန ထိခိုက်တယ်လို့ ထင်နေပါသလား။ ဒါဆိုရင်တော့ သင်သည် အတ္တကြီးတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။ မာနသည် ထားသင့်တဲ့နေရာမှာသာ ထားရမှာဖြစ်ပါတယ်။ မလိုအပ်တဲ့နေရာမှာ ထားပြီး အတ္တကြီးနေမယ်ဆိုရင်တော့ အဆိပ်အတောက်များနှင့် ပြည့်နှက်နေတဲ့ လူသားတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

လောကကြီးမှာ ကျနော်တို့သည် တစ်ဦးတစ်ယောက်တည်း ရှင်သန်ရပ်တည်နေရတာမဟုတ်ပါဘူး။ ကိုယ့်ကိုပဲ ဦးစားပေးရမယ်။ ကိုယ့်ကိုပဲ ဦးညွှတ်ရမယ်။ ကိုယ်က ဘယ်တော့မှ ဦးညွှတ်စရာမလိုဘူး။ ကိုယ်သည်သာ အကောင်းဆုံး၊ အတော်ဆုံး၊ အမှန်ဆုံး ဆိုတဲ့ အတ္တကြီးတဲ့စိတ်သည် တဖြည်းဖြည်းကြီးထွားလာတဲ့အခါ မိမိရဲ့စိတ်ထဲမှာ အကုသိုလ်များပဲ ပြည့်နှက်နေမှာဖြစ်ပြီး ကိုယ့်ရဲ့တိုးတက်အောင်မြင်မှုအတွက်လည်း အာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် မာနတရားကို လိုအပ်သည်ထက် ပိုမသုံးပါနဲ့။ သူတစ်ပါးအား ကန့်လန့်တိုက်ကာ မနာလိုမယ့်အစား ကိုယ့်ရဲ့တိုးတက်အောင်မြင်မှုအပေါ်မှာသာ အချိန်တွေကို ရင်းနှီးမြှုပ်နှံထားပါ။ ကိုယ့်တန်ဖိုး ကိုယ်မြှင့်ပြီး ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ဆီမှာ သူများကို မနာလိုရမယ့်အချိန် ရှိမှာမဟုတ်တော့ပါဘူး။

Source: Socialself

Featured Image: Careeraddict