ယခုတစ်ပတ် Super Sunday မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူအသင်းတို့ ထိပ်တိုက်တွေ့ဆုံမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်ကြီးကို ပရိသတ်တွေ ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ မန်စီးတီးရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်ကွင်းမှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို လက်ခံကစား သွားရမှာပါ။
Photo : Bóng Đá
လက် ရှိ ၂ သင်းလုံးရဲ့ အခြေအနေကတော့ ပရိသတ်တွေ မြင်တွေ့နေရတဲ့အတိုင်း ရလဒ်တွေ တော်တော်လေးဆိုးရွားနေ ပြီး မန်စီးတီးအသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ မန်စီးတီးအနေနဲ့တော့ လက်ရှိ ဂွါဒီယိုလာရဲ့ နည်းပြသက်တမ်း တလျှောက် အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အမှတ်ပေးဇယား ရဲ့ အဆင့် ၄ နေရာထိကို ဆင်းပေးထားရတာပါ။
တစ်ဘက်မှာလည်း မန်ယူအသင်းဟာ နည်းပြသစ် အမိုရင် လက် အောက် ၁ ပတ်အတွင်း ၂ ပွဲဆက် အရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး ပွဲကြပ်ကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာ ပါ။ ယခု မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ ၂သင်းလုံးအတွက် အရှုံးတွေကြားကနေ ရုန်းထပြီး သိက္ခာပြန်ဆယ်ရင်း အရေးပါတဲ့ ရမှတ် ၃ မှတ်ကို မဖြစ်မနေ ရယူဖို့ လိုအပ်နေတာကြောင့် အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်မှာ သေချာပါတယ်။
Photo : Manchester Evening News
အိမ်ရှင် စီးတီးတို့ကပဲ ဦးဆောင်သွင်းဂိုးတွေနဲ့ အနိုင်ရလဒ်ကို အမိအရ ရယူသွားနိုင်မလား ဒါမှမ ဟုတ် ယူနိုက်တက်အသင်းကပဲ ထင်မှတ်မထားတဲ့ အသာစီးရယူမှုနဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်မလားဆို တာတော့ တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ် ပါတယ်။ ပရိသတ်တွေရော ဒီပွဲနဲ့ ပတ်သတ်ပြီး ဘယ်လိုရလဒ် ထွက်ပေါ်လာနိုင်မလဲဆိုတာ ကွန်းမန့်မှာ သုံးသပ်ပေးခဲ့ပါဦး။
Featured Photo : Goal.com