မန်စီးတီး အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ယူနိုက်တက် ကစားသမားတွေ ဟာ ဒုတိယပိုင်း ပွဲကစားချိန်မှာ ပြိုင်ဘက်အသင်းကို အရှုံးပေးခဲ့ ကြတယ်ဆိုတဲ့ ပြစ်တင် စွပ်စွဲချက်တွေကြောင့် စကော့တလန် ကွင်းလယ်လူ တွမ်မီနေး တစ်ယောက် အတော်လေး စိတ်ပျက်သွားခဲ့ရတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းကို ၄ – ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ရွိုင်ကိန်းက ယူနိုက်တက် ကစားသမားတွေဟာ မြို့ခံပြိုင်ဘက်အသင်းကို အရှုံးပေးခဲ့တာ ဖြစ်တယ်လို့ ဒေါသတကြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီဘရိုင်းနဲ့ မာရက်ဇ် တို့ရဲ့ သွင်းဂိုးတွေ နဲ့အတူ အသင်းအတွက် ရမှတ် ၃ မှတ်ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ လီဗာပူးအသင်း ထက် ၆ မှတ် အထိ ဦးဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : The Mirror

ဒါပေမယ့် ပွဲပြီးချိန်မှာ ဒီပွဲနဲ့ ပတ်သတ်ပြီး အကြီးမားဆုံး ပြောစရာ ဖြစ်နေတဲ့ အချက်ကတော့ ပွဲကစားချိန် ဒုတိယပိုင်းမှာ ဂိုးပေါက်ခြိမ်း ခြောက်မှု တစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့တဲ့ နည်းပြ ရန်းနစ်ခ်ရဲ့ အသင်းသားတွေရဲ့  ဆိုးရွှားတဲ့ ခြေစွမ်းပိုင်းပဲ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ဒေါသတကြီး ဖြစ်နေတဲ့ ကိန်းက မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေကို ” ဘယ်ပွဲမှာမဆို အရှုံးပေးတာကတော့ ခွင့်မလွှတ်နိုင် စရာပါပဲ၊ ထိပ်တန်းအဆင့် အားကစားရဲ့ အလှတရားဆိုတာ ပုန်းစရာ နေရာမရှိပါဘူး ၊ ဒီကနေ့ ယူနိုက်တက်ရဲ့  ချို့ယွင်းချက် အားလုံးကို ကျွန်တော်တို့ တွေ့ခဲ့ ရပါတယ် ၊ ဘောလုံးပွဲတွေ ရှုံးဖို့ နည်းလမ်း ရှိပါတယ် ၊ ကျွန်တော်တို့ ဘောလုံးပွဲတွေ ရှုံးဖူးပါတယ် ၊ ဒါပေမယ့် ဒီနေ့က ယူနိုက်တက်ရှုံးတဲ့ ပုံစံက သူတို့ ပြေးနေတာကို ရပ်ပြီး အရှုံးပေးသွားခဲ့ ကြတာပါ ၊ ခံစစ်ကို ပြန်မပြေးတဲ့ ကစားသမားတွေတောင် ရှိတယ်၊ အဲဒါကို ကျွန်တော် တကယ် နားမလည်ဘူး ၊ ခင်ဗျား ယူနိုက်တက်အတွက် ကစားနေတဲ့အချိန်မှာ အဲဒီလို လုပ်တဲ့ပုံစံက တကယ်ကို လက်ခံနိုင်စရာ မရှိဘူး ၊ သူတို့က ရှက်စရာကောင်းလောက်အောင် အလံဖြူပြခဲ့တာ ” လို့ Sky Sports သတင်းဌာနကို ပြောခဲ့ပါတယ်။

ကိန်းရဲ့ အသင်းဖော်ဟောင်းဖြစ်သူ ဂယ်ရီ နဗီးလ် ကလည်း ပွဲချိန်နောက်ဆုံး လက်ကျန် ၂၅ မိနစ်မှာ ယူနိုက်တက် ကစားသမားတွေရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ” ပထမဆုံးပြောချင်တာက မန်စီးတီးက အထူးသဖြင့် ဒုတိယပိုင်းမှာ ခြေစွမ်းတော်တော် ကောင်းခဲ့ပါတယ် ၊ ဒါပေမယ့် ယူနိုက်တက် အသင်းက သူတို့ရဲ့ နောက်ဆုံး လက်ကျန်မိနစ်တွေမှာ အရှက်တကွဲ ဖြစ်ခဲ့ရပါတယ် ၊ မန်စီးတီးက ဒုတိယပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် နောက်ဆုံး လက်ကျန်မိနစ် ၂၀ အတွင်းမှာ ယူနိုက်တက်က ပြင်းထန်တဲ့ အားထုတ်မှုမျိုး မရှိခဲ့ပါဘူး ၊ ကျွန်တော်အနေနဲ့ ဘာမှ စောဒကတက်စရာ မရှိပါဘူး ၊ စီးတီးက လုံးဝကို ထူးချွန်ပါတယ် ၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ယောက် အနေနဲ့တော့ ဒါဟာ ရှက်စရာ ကောင်းပါတယ် ” လို့ ပြောခဲ့ပါတယ်။

Photo : United In Focus

ဂယ်ရီ နဗီးလ်နဲ့ ကိန်းတို့ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး သတင်းထောက် ဂျော့ရှရိဗ်စ်က ယူနိုက်တက် ကွင်းလယ်လူ တွန်မီနေးကို ပြိုင်ပွဲအတွင်း ကစားသမား တချို့ အရှုံးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ အသက် ၂၅ နှစ်အရွယ် စကော့တလန် ကွင်းလယ် ကြယ်ပွင့်က ” ကျွန်တော့် အမြင်အရတော့ ကွင်းထဲမှာဆိုရင် ခင်ဗျား ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မြင်ဖို့ ခက်ပေမယ့် အဲ့ဒါက လူတွေအတွက် ပြောစရာ ဖြစ်လာစေတယ် ”

” သူတို့အားလုံး သူတို့ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေကို ခံစားခွင့်ရှိပေမယ့် ကျွန်တော်တို့ အရှုံးပေးခဲ့တယ်လို့ လူတွေထင်နေတာကတော့ တကယ်ကို စိတ်ပျက်စရာ ကောင်းပါတယ် ၊ တကယ်ပဲ အမူအရာတွေက အဲ့ဒီလို ဖြစ်နေခဲ့လားဆိုတာကို ကျွန်တော် ပြန်ကြည့်ရမယ် ၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တကယ် နာကျင်ရပါတယ် ၊ ဒုတိယပိုင်းမှာ အသင်းတစ်သင်းလုံးက အရှုံးပေးတဲ့ ပုံစံမျိုး တကယ်ကစားခဲ့တယ်ဆိုရင် သေချာပေါက် အပြစ်ပေးခံရ ပါလိမ့်မယ် ၊ ဒါက ရှင်းရှင်းလေးပါပဲ ” လို့ တုန်ပြန့် ပြောကြား ခဲ့ပါတယ်။

Featured Photo : SPORTbible