မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ တနင်္ဂနွေညမှာ အဲဗာတန်ကို ၄ ဂိုးပြတ် နိုင်ပွဲနဲ့အတူ မန်ယူ ပြန်လာ ပြီဆိုတဲ့ ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင် ပြောဆိုခွင့် ရသွားခဲ့ပါပြီ။ ဒီပွဲဟာ နည်းပြအမိုရင် လက်အောက် ပထမဆုံး ပရီးမီးယားလိဂ် အဖွင့်နိုင်ပွဲ ပြန်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို တက်လှမ်း လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo : The Busby Babe
မန်ယူ အသင်းအနေနဲ့ လက်ရှိမှာ အားရလောက်စရာ ပုံစံကောင်းတစ်ခုကို မမြင်ရသေး ပေမယ့် တိုက်စစ်အစုအဖွဲ့ ကောင်းကောင်းနဲ့ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူလာနိုင်တာကတော့ ကျေနပ်စရာပါ ပဲ။ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ခါးသီးပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကလည်း တော်တော်လေး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေပြီး ယူနိုက်တက်အနေနဲ့ ရလဒ်ကောင်းတစ်ခုကို ဆက်ထိန်း ထားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရပါမယ်။ ပြိုင်ဘက် အာဆင်နယ်အသင်းကတော့ ဆောင်းအဝင် အိပ်မက်ဆိုး အလွန် ရလဒ်ကောင်းတွေ ဆက်တိုက် ဖော်ဆောင်လာနိုင်ခဲ့ပြီး စနေနေ့ညက ဝက်စ်ဟမ်းကို ဂိုးပြတ် နိုင်ပွဲ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူထားပါတယ်။
Photo : beIN SPORTS
ဂိုးတွေ လှိုင်လှိုင်သွင်းနေကြတဲ့ ဒီ ၂ သင်းနဲ့ တွေ့ဆုံမှုကတော့ အင်မတန်ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပြီး အမ်းမရိတ်စ်ကွင်းမှာ အိမ် ရှင်အာကြီးတို့ကပဲ ဦးဆောင်သွင်းဂိုးတွေနဲ့ အနိုင်ယူပြမလား ဒါမှမဟုတ် မန်ယူ အသင်းက အကောင်းဆုံး တန်ပြန် တိုက်စစ် ကစားကွက်နဲ့ အနိုင်ရလဒ်ကို ဆက်ထိန်းသွားနိုင်မလား ? အားကစားဝါသနာရှင် ကွီးပရိသတ်တွေကရော ဒီပွဲနဲ့ ပတ်သတ်ပြီး ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာနိုင်မလဲဆိုတာ ကွန်းမန့်မှာ သုံးသပ်ပေးခဲ့ပါဦး။
Featured Photo : Techz