ကျွန်တော်တို့ ဘဝထဲမှာ မပျော်ရွှင်ရခြင်း အကြောင်းအရင်းတွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းက အချိန်တိုင်း ပျော်ရွှင်နေဖို့တော့ ခက်သားပါ။ ပျော်တစ်ခါ ညစ်တစ်လှည့်ဆိုတဲ့ ဘဝကြီးကို ဖြတ်သန်းနေကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှူနေသမျှ ကာလပတ်လုံးတော့ တက်နိုင်သမျှ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားဖို့ ၊ စိတ်ချမ်းသာအောင် နေဖို့က အရေးကြီးပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ Life က ကျေနပ်စရာကောင်းမှာပါ။ မပျော်ရတဲ့ အကြောင်းတွေပဲ တွေးပြီး မပျော်မရွှင် ရှင်သန်နေရတဲ့ ဘဝကြီး ကို ဒီနေ့ပဲ အဆုံးသတ်နိုင်ဖို့ Tips တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) သင်ကြုံနေရတဲ့ မကျေနပ်စရာတွေကို အသိမှတ်ပြု လက်ခံလိုက်ပါ

Photo : myRepublica – Nagarik Network

ကျွန်တော်တို့ဘဝထဲက အဆိုးမြင်ခံစားချက်တွေကို အသိမှတ်ပြု လက်ခံလိုက်တာနဲ့ ပိုပြီး နေသာထိုင်သာရှိတဲ့ ဘဝကြီး တစ်ခုကို ချက်ချင်းလက်ငင်း ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ဘဝမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေ ၊ စိတ်ပျက်စရာ အခြေအနေတွေ ၊ ဒေါသတွေ ၊ မောဟတွေနဲ့ ဝမ်းနည်းခြင်းတွေ စတဲ့ အပျက်သဘောဆော်တဲ့ ခံစားချက်တွေကို လက်ခံလိုက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားမှာဖြစ်ပြီး ခံစားမှုတွေ ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ မပျော်ရတဲ့ Life မှာ ရှင်သန်နေရခြင်းကို အဆုံးသတ်စေမယ့် လမ်းစတစ်ခုပါပဲ။

(၂) သင့်ကိုယ်သင် ပျော်ရွှင်ခွင့်ပေးပါ

smiley face

Photo : UM Today – University of Manitoba

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ Guilty ဖြစ်ခြင်းတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှုဇုန်ထဲ ခုန်မဆင်းမိစေဖို့ တားမြစ်ထားမိတက်ကြပါတယ်။ ဘဝမှာ စိတ်သက်သာရာရမှုတွေ ၊ ပျော်ရွှင်မှုနဲ့ ပျော်ရွှင်မှုအခိုက်အတန့်တွေကို လူတိုင်းလိုချင်ကြတာပဲ မဟုတ်လား။ သင်လည်းပဲ လူတွေထဲက လူတစ်ယောက်ပါပဲ။ ဒီတော့ ပျော်ရွှင်မှုတွေကို လိုချင်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားမသင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ။ တခြားသူတွေကို အနှောက်ယှက်မဖြစ်စေပဲ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားနိုင်မယ့် နည်းလမ်းလေးတွေ အများကြီးရှိပါတယ်။

(၃) အဆိပ်အတောက် ပတ်ဝန်းကျင်က ရုန်းထွက်ပါ

Collapse of the company and the mass layoff of employees toxic company environment society split

Photo : Freepik

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ Toxic ဖြစ်စေတဲ့ လူတွေအများကြီးပါ။ လုပ်ဖော်ကိုင်ဖက်တွေ ၊ အဆိပ်အတောက် သူငယ်ချင်းတွေ ၊ ချစ်သူရည်းစားနဲ့ နောက်ဆုံး မိသားစုဝင်တွေတောင်မှ ပါနိုင်ပါတယ်။ အဆိပ်အတောက် ပတ်ဝန်းကျင်ဟာ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ရဲ့ အတွေးတွေ ၊ အကောင်းမြင်နိုင်စွမ်းတွေ အားလုံးကို သွေးစုပ်သလို စုပ်ယူပြီး မပျော်ရတဲ့ ဘဝကြီး မှာ ရှင်သန်နေစေပါတယ်။ ဒါ့ကြောင့် ရုန်းထွက်ပါ။ ထပ်ပြောမယ် သင့်ကို အဆိပ်အတောက် ဖြစ်စေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဘယ်တော့မှ မရှင်သန်ပါနဲ့။ သင့်ရဲ့ ပျော်ရွှင်မှုကို ပြန်ရှာတွေ့ပါလိမ့်မယ်။

(၄) သင့်အတွက် အဓိပ္ပါယ်ရှိတဲ့ အရာတွေလုပ်ပါ

Paintbrushes

Photo : AX, the Arts and Culture Centre of Sussex

လူတွေဟာ ကိုယ့်အတွက် အဓိပ္ပါယ်မရှိတဲ့အရာတွေ ၊ စိတ်အားထက်သန်မှု မရှိတဲ့အရာတွေ လုပ်ရင်းနဲ့ပဲ တစ်နေ့တစ်ခြား ဘဝရဲ့အဓိပ္ပါယ်ဆိုတာ ပျောက်ဆုံးလာကြပြီး မပျော်မရွှင် ဖြစ်လာကြတာပါ။ သင်တကယ်ပျော်ရွှင်ချင်တယ်ဆိုရင် သင့်ကိုပျော်စေမယ့်အရာတွေ ၊ သင့်အတွက် ဒါလုပ်နေရင် အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတဲ့ အရာတွေကို ရွေးလုပ်ကြည့်ပါ။

(၅) အရာအားလုံး ပြောင်းလဲနေတယ်ဆိုတာကို နားလည်ထားပါ

Photo : Medium

ကိစ္စတိုင်းဟာ အမြဲတစ်သတ်မှတ်တည်း ဖြစ်မနေဘူးဆိုတာ အမှန်တရားပါပဲ။ အရာအားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ ကောင်းတာပြီးရင် ဆိုးတာတွေလာနိုင်သလို အဆိုးပြီးရင်း အကောင်းတွေ လာပါလိမ့်မယ်။ ဒါဟာ လောကနိယာမပါပဲ။ ဘယ်အရာမှ ပုံမှန်ကားချပ် တစ်သတ်မှတ်တည်းဖြစ်မနေဘူးဆိုတာကို နားလည်လက်ခံပြီး လိုက်လျောညီထွေစွာ ဖြတ်သန်းနိုင်မယ်ဆိုရင် သင့်အခုလက်ရှိပိုင်ဆိုင်နေတဲ့ မပျော်ရတဲ့ ဘဝကြီး ကို လက်လွှတ်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Ideapod