ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက ဖိအားတွေ ၊ မွန်းကြပ်စရာ အခြေအနေတွေကြောင့် တစ်ခါတစ်လေမှာ ပြုံးရယ်ဖို့ကိုပင် မေ့လျော့နေတက် ကြပါတယ်။ ရယ်မောခြင်းဟာ သဘာဝအတိုင်း အသက်ရှည်စေတဲ့ နည်းလမ်းတစ်ခုဖြစ်သလို စိတ်ဖိစီးမှုတွေ ၊ ဘဝရဲ့ ဖိအားများစွာကို အားလုံးမဟုတ်တောင် အထိုက်အလျောက်တော့ လျော့ကျသက်သာ စေမှာပါ။ ကွီးတို့ရဲ့ တစ်နေ့တာမှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံရကြုံရ ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရရင်ဆိုင်ရ စိတ်လွတ်လက်လွတ် ရယ်မောလိုက်ဖို့တော့ ထိုက်တန်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ဘဝအမောတွေကို ခဏတာ ပြေလျော့သက်သာသွားစေဖို့ ကူညီပေးမယ့် ရုပ်ရှင် ကား ကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Bruce Almighty (2003)

Source : Trailer Chan

Bruce Almighty (2003) ရုပ်ရှင် ကား ကတော့ ဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်အကြီးဆုံး ဇာတ်ကားတွေထဲက တစ်ကားပါ။ ဒီဇာတ်ကားက Box Office မှာ ဝင်ငွေအကြမ်းဆုံး ရခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။ ဟာသဉာဏ်ပါရမီပါတဲ့ မင်းသားကြီး Jim Carrey ကို ဒီဇာတ်ကားထဲမှာ ခပ်လွဲလွဲ သတင်းကြေညာသူ ဇာတ်ကောင်နေရာကနေ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားလေးက Comedy/ Fantasy ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး ဖန်ဆင်းရှင်နဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ စိတ်ကူးယဉ်ဆန်ဆန် အထူးခြားဆုံး ဟာသကားကောင်းလေးပဲ ဖြစ်ပါတယ်။

(၂) Bridesmaids (2011)

Source : Universal Pictures

Bridesmaids ရုပ်ရှင် ကား ကတော့ ၂၀၁၁ ခုနှစ်မှာ ဝင်ငွေအများဆုံး ရခဲ့တဲ့ ဇာတ်ကားစားရင်မှာ ပါဝင်ခဲ့တဲ့ ဟာသရုပ်ရှင် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးဟာ မင်္ဂလာဆောင်ခါနီး သတို့သမီးနဲ့ သတို့သမီးအရံတွေရဲ့ အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေကို ဟာသမြောက်အောင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၈ ပလက်အခန်းတွေပါပေမယ့် တော်တော်လေး ရယ်စရာကောင်းပြီး ကွီးတို့ဘဝထဲက မွန်းကြပ်မှုတွေ တစ်စိတ်တစ်ပိုင်းတော့ ပြေလျော့သက်သာအောင် ဒီဇာတ်ကားလေးက ကူညီပေးမှာ အမှန်ပါပဲ။

(၃) The Little Hours (2017)

Source : Moviefone

The Little Hours (2017) ရုပ်ရှင်ဇာတ် ကား လေးက တော်တော်လေး ထူးခြားပါတယ်။ အီတလီ စာရေးဆရာကြီး Giovanni Boccaccio ရဲ့ ၁၄ ရာစုဝန်းကျင် ပုံပြင်တွေအကြောင်း ရေးသားထားတဲ့ “The Decameron” စာအုပ်ထဲက တတိယနေ့ရဲ့ ပထမနဲ့ ဒုတိယဇာတ်လမ်းတွေကို မှီငြမ်းပြီး ရုပ်ရှင်ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။ ၁၃၄၇ ခုနှစ်ဝန်းကျင် အီတလီကျေးလက်ဒေသပုံစံကို ဇာတ်အိမ်တည်ထားပြီး ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြားက လူငယ်တစ်ယောက်ရဲ့ စူးစမ်းမှုလေးတွေကို ဟာသဆန်ဆန် ရယ်မောပျော်ရွှင်စာနဲ့ ခံစားကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။

(၄) Goon (2011)

Source : Rotten Tomatoes Trailers

Goon (2011) ဇာတ်ကားလေးကတော့ Sport ဇာတ် ကား အမျိုးအစားကိုမှ ဟာသဆန်ဆန်လေး ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားပါ။ ဒီဇာတ်ကားလေးမှာ မင်းသားကြီး Sean William Scott က နှလုံးသားကြီးပေမယ့် ဘဝရည်မှန်းချက်နည်းတဲ့ အဓိကဇာတ်ကောင် ဟော်ကီကစားသမားနေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အတည်ပေါက်ကြီးနဲ့ ဟာသမြောက်အောင် သရုပ်ဆောင်ထားတဲ့ Sean William Scott ရဲ့ သရုပ်ဆောင်ချက်တွေက လုံးဝအမိုက်စားပါပဲ။ ဒီဇာတ်ကားလေးက တကယ်မိုက်တဲ့ Comedy/Sport ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် ကွီးတို့သေချာပေါက် အကြိုက်တွေ့စေမှာပါ။

Source : MovieWeb

Featured Photo : Amazon