Shower Sex ဟာ သိပ်မိုက်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု တစ်ခုလို့ သေချာပေါက် ပြောနိုင်ပါတယ်။ ဒါပေမယ့် အချက်မသိရင်တော့ တိုင်ပတ်စရာတွေ အများကြီးပါ။ ရေချိုးခန်းထဲ မတ်တပ်ရပ် ချစ်တင်းနှော တဲ့အခါ သက်တောင့်သက်သာ အဖြစ်တာ ၊ ရေချိုးခန်း ကြမ်းပြင်က ချော်နေတာ ၊ ဆပ်ပြာတွေကြောင့် ချော်လဲနိုင်တာ စတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒီလိုတိုင်ပတ်စရာတွေကို ကျော်လွှားပြီး ရေချိုးခန်းထဲမှာ အထာကျကျ ချစ်တင်းနှောနိုင်ဖို့ Tips လေးတွေ ပြောပြပေးပါမယ်။

(၁) ဘေးကင်းဖို့ ဦးစားပေး ပြင်ဆင်ပါ

Shower Sex

Photo : Betches

ရေချိုးခန်းထဲ ချစ်တင်းနှော တဲ့အခါ ဘေးကင်းမှုရှိဖို့ကို ဦးစားပေး စဉ်းစားရပါမယ်။ ပထမဆုံး အချက်ကတော့ ရေချိုးခန်းကြမ်းပြင်က ခြေချော်နိုင်လား ၊ ခြေကုပ်မိမိ မတ်တပ်နိုင်ဖို့ ကြမ်းပြင်နေရာက အဆင်ပြေရဲ့လား ၊ လိုအပ်ရင် ရေချိုးခန်းသုံး Rubber Bath Mat ခင်းဖို့ လိုမလား ၊ သင်ရော သင့်ပါတနာပါ ချော်မလဲအောင် ထိန်းနိုင်ဖို့ ကိုင်စရာ တန်း သို့မဟုတ် အမာခံနေရာ တစ်ခုခု ရှိရဲ့လား စသည်ဖြင့် နှစ်ဦးလုံး အန္တရာယ်ကင်းကင်း နှစ်ပါးသွားနိုင်ဖို့ ပြင်ဆင်သင့်တာတွေကို ဦးဆုံးပြင်ဆင်ပေးဖို့ လိုပါမယ်။

(၂) ကွန်ဒုံးသုံးဖို့ အဆင်မပြေနိုင်ပါ

Shower Sex

Photo : This is Money

Shower Sex လုပ်တဲ့အခါမှာ ကွန်ဒုံးတွေကို ချော်ထွက်နိုင်ခြေ ၊ ကျွတ်ထွက်နိုင်ခြေ များပါတယ်။ ရေနဲ့ ထိတွေ့တဲ့အခါ ကွန်ဒုံးတွေက အလွယ်တကူ ကျွတ်ထွက် ၊ ချော်ထွက်နိုင်တာကြောင့် ချစ်တင်းနှော နေစဉ်အတွင်းမှာ သတိကြီးကြီး ထားဖို့တော့ လိုပါလိမ့်မယ်။ Shower Sex လုပ်ချိန်မှာ ကွန်ဒုံး အသုံးမပြုတာက ပိုကောင်းတယ်ဆိုပေမယ့်လည်း ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေနဲ့ လိင်မှတဆင့်ကူးစက်တက်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကိုတော့ ထည့်တွေးရပါမယ်။

(၃) ချောဆီ များများ သုံးပေးပါ

Shower Sex

Photo : Medical News Today

ရေဟာ လိင်အင်္ဂါတွေကနေ ထွက်ရှိတဲ့ သဘာဝ‌ချောဆီကိုပင် ဆေးကြောလိုက်သလို သက်ရောက်မှု ဖြစ်စေတာကြောင့် လိင်အင်္ဂါတွေကို ခြောက်သွေ့စေတက်ပါတယ်။ ဒါကြောင့် ရေချိုးခန်းထဲမှာ ချစ်တင်းနှော မယ်ဆိုရင် ချောမွေ့ပြီး သက်တောင့်သက်သာရှိစေဖို့ ချောဆီ မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

(၄) အမြဲတမ်း မတ်တပ်ရပ် သိုင်းကွက်ကို သုံးဖို့မလိုပါ

Shower Sex

Photo : FIT FOR FUN

ပုံမှန်အားဖြင့် ရေချိုးခန်းထဲ ချစ်တင်းနှောပြီဆိုရင် မတ်တပ်ရပ် Standing သိုင်းကွက်တွေကိုပဲ သုံးကြတာ များပါတယ်။ ဒါပေမယ့် Standing သိုင်းကွက်တွေက သက်တောင့်သက်သာ မဖြစ်တဲ့အတွက် အချိန်အကြာအကြီး ခရီးသွားဖို့ မလွယ်ပါဘူး။ ဒါကြောင့် ပါတနာကို ထိုင်ခုံပေါ် သို့မဟုတ် အုတ်ရေကန်ပေါ်မှာ ထိုင်စေပြီး ချစ်တင်းနှာတာ ၊ ဒါမှမဟုတ် သန့်ရှင်းတဲ့ ရေချိုးခန်းကြမ်းပြင်ပေါ်မှာ လှဲလျောင်းပြီး ခရီးဆက်တာ စတဲ့ မတူညီတဲ့ သိုင်းကွက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

Source : Lifehacker

Featured Photo : Medical News Today