ကြိုတင်ခန့်မှန်းလို့ မရတဲ့ မသေချာမရေရာမှုတွေက ဘဝ မှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေစမြဲပါ။ မနက်ဖြန်နဲ့ အနာဂတ်မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သလို တစ်ခါတစ်လေမှာ ဒီလိုဘဝရဲ့ မသေချာမရေရာမှု တွေကြောင့်ပဲ ကြီးလေးတဲ့ စိုးရိမ်သောကတွေ ၊ ပူပင်မှုတွေ ခံစားရကြပါတယ်။ အထူးသဖြင့် အသက်ရှင်သန် နေထိုင်ဖို့အတွက် ရုန်းနေကြရတဲ့ ဒီဘက်ခေတ် လူငယ်/လူလတ်ပိုင်းတွေမှာ ဒီလိုပြဿနာဟာ အများဆုံး ဖြစ်နေတာပါ။ ဒီတစ်ခေါက်မှာတော့ ဘဝမှာ မသေချာ မရေရာမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ သောကတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေဖျောက်ရမလဲဆိုတာ ပြောပြပေးပါမယ်။
(၁) လုပ်နိုင်တာကို အကောင်းဆုံး ဆက်လုပ်ပါ
Photo : Consolace Counselling Services
ဘာတွေ ဆက်ဖြစ်မှာလဲ ဘယ်သူမှ အတိအကျ ပြောလို့မရနိုင်တဲ့ အခြေအနေတစ်ခုမှာ အားလုံး အနည်းနဲ့အများတော့ စိုးရိမ်သောက ရောက်ရတာပါပဲ။ ဒါပေမယ့် ဒါဟာအဖြေတစ်ခု မဟုတ်ပါဘူး။ ဘာတွေပဲဖြစ်လာဖြစ်လာ ၊ ကိုယ်လုပ်နိုင်တဲ့အရာ ၊ လုပ်နေတဲ့အရာကို အကောင်းဆုံး ဆက်လုပ်နေဖို့ပဲ အရေးကြီးတာပါ။ ပန်းပင်တစ်ပင်ကို နေ့တိုင်းပုံမှန် ရေလောင်းပေါင်းသင်မယ်ဆိုရင် တစ်နေ့မှာတော့ အဲ့ဒီရဲ့အကျိုးဆက် အသီးအပွင့်တွေကို ကွီးတို့ ခံစားကြရမှာပဲ မဟုတ်လား ?
(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ
Photo : Jody Michael Associates
သင့်မှာ သင်ကိုယ်တိုင် မမြင်နိုင်တဲ့ ခွန်အားတွေ အများကြီး ရှိနေပါတယ်။ အခက်အခဲတွေ ၊ အတားအဆီးတွေနဲ့ ကြုံလာရတိုင်းမှာ စာရေးသူတို့ဟာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ် သံသယ ဖြစ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ အားသာချက် ၊ အားနည်းချက်တွေ ရှိကြပြီး အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေကို ကောင်းကောင်း အသုံးချတက်ဖို့ပဲ အရေးကြီးတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ နေထိုင်သွားမယ်ဆိုရင် ဘဝမှာ ကြုံလာရမယ့် အခက်အခဲတိုင်းကို အကောင်းမွန်ဆုံး ပုံစံနဲ့ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။
(၃) Plan B ထားပါ
Photo : Camden Kelly
ဘာပဲလုပ်လုပ် အရံအစီအစဉ် Plan B တစ်ခု ရှိထားတာဟာ အကောင်းဆုံးပါပဲ။ ကိုယ်လက်ရှိ လုပ်နေတဲ့အရာနဲ့ ပတ်သတ်ပြီး ထင်မှတ်မထားတဲ့ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေ ကြုံလာရတိုင်းမှာ ကြိုတင်ချမှတ်ထားတဲ့ အရံအစီအစဉ်က ပြဿနာ တော်တော်များများကို ဖြေရှင်းပေးသွား နိုင်ပါတယ်။ သင့်မှာ လုံခြုံစိတ်ချရတဲ့ နောက်ထပ် Plan တစ်ခုရှိတယ်ဆိုတာ သိထားမှ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပိုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
(၄) ဝမ်းစာဖြည့်ပါ
Photo : LinkedIn
စာရေးသူတို့ အားလုံးမှာ လိုအပ်ချက် ကွက်လပ်တွေ ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်ကဘာလဲ ၊ ဘယ်အရာတွေကို ဖြည့်တင်းဖို့ လိုနေလဲဆိုတာကို ကောင်းကောင်းသိရှိနားလည်ပြီး အပေါက်တွေကို လိုက်ဖို့နေရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘဝရဲ့တိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်တွေကို တပ်ဆင်ခြင်းနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဝမ်းစာဖြည့်တင်းပြီး လိုအပ်ချက်ကွက်လပ်တွေကို ဖာထေးထားမယ်ဆိုရင် ဘဝ ရဲ့စိန်ခေါ်မှုတိုင်းအတွက် အဆင့်သင့် ဖြစ်နေစေပါလိမ့်မယ်။
ကွီးတို့ရော ဘဝနဲ့ ပတ်သတ်ပြီး ခံစားနေရတဲ့ မသေချာ မရေရာမှု တွေရဲ့ နောက်ဆက်တွဲ ပူပင်သောကတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဖြစ်ပါသလဲ ???
Source : Healthshots
Featured Photo : Claire Buck