ကွီးတို့ရဲ့ လက်ချောင်းတွေသုံးပြီး ချစ်သူလေးကို နှိုးဆွပေးချိန်မှာ ခံစားမှု အထွတ်အထိပ်ကို ရောက်ရှိနေစေဖို့ လျို့ဝှက်ချက် ၃ ခု ရှိပါတယ်။ ဒီ ၃ ချက်ကို ကွီးတို့ ကောင်းကောင်း သိထားမယ်ဆိုရင် လက်သိုင်းပြတဲ့အချိန်တိုင်းမှာ ဆရာကြီးတစ်ပါး ဖြစ်နေမှာပါ။ ကွီးတို့ လက်တွေ ကောင်းကောင်းကြီး လှုပ်နိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လေ့လာကြည့်လိုက်ပါဦး။
(၁) လှုပ်ရင်း လေ့လာပါ
Photo : Center for Intimate Relationships, LLC.
လူတစ်ယောက် အကြိုက်တစ်မျိုး စီပါပဲ။ ကွီးတို့ ချစ်သူလေးရဲ့ အကြိုက် ၊ ဟက်ထိစေမယ့် အကွက်လေးတွေကို သိနိုင်ဖို့ဆို တဆင့်ချင်း လက်တွေ ကို လှုပ်ရှားရင်း လေ့လာသွားရမှာပါ။ ကွီးတို့ ထိတွေ့ကိုင်တွယ်လိုက်တဲ့ လှုပ်ရှားမှုလေးတွေအပေါ် မူတည်ပြီး သူမရဲ့ တုန့်ပြန်မှုလေးတွေကို ကြည့်ကာ သူမနှစ်သက်တဲ့ ပုံစံတွေ ၊ သူမကြိုက်တဲ့ ပွတ်သပ်နှိုးဆွမှု အကွက်လေးတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူလေးရဲ့ ကြိုက်နှစ်သက်မှုလေးတွေကို ကောင်းကောင်းမသိသေးဘူးဆိုရင် ဖြည်းဖြည်းချင်း လှုပ်ရှားရင်းနဲ့ပဲ လေ့လာသွားဖို့ လိုမှာဖြစ်ပါတယ်။
(၂) ချောဆီသုံးပေးပါ
Photo : RWA Psychology
လက်တွေ နဲ့ ပွတ်သပ်နှိုးဆွတဲ့အခါ ချောဆီထည့်ပေါင်းသုံးလို့ ရပါတယ်။ ချောဆီဟာ ထိတွေ့ကိုင်တွယ်မှုတိုင်းမှာ ချောချောမွေ့မွေ့နဲ့ ညင်သာနူးညံ့တဲ့ အထိအတွေ့ခံစားချက်ကို ပေးစွမ်းပြီး အာရုံခံစားမှုကို ပိုမိုကောင်းစေပါတယ်။ ဒါကြောင့် လက်ချောင်းလေးတွေ သုံးပြီး ချစ်သူလေးကို ပြုစုတော့မယ်ဆိုရင် ချောဆီသုံးပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။
(၃) သက်တောင့်သက်သာရှိစေဖို့ အာရုံစိုက်ပါ
Photo : Salon.com
ကွီးတို့ရဲ့ လက်တွေ နဲ့ ချစ်သူလေးကို နှိုးဆွမှုကောင်းကောင်း ပေးတော့မယ်ဆိုရင် ပထမဆုံးသိထားရမှာက သူမကို သက်တောင့်သက်သာ ဖြစ်စေတဲ့ Position အနေအထားမှာ ရှိနေစေဖို့ပါ။ ဥပမာအားဖြင့် သူမကို နောက်ကျောပေးအနေအထား ကွီးတို့ ရင်ခွင်ထဲမှာပွေ့ဖက်ထားပြီး နောက်ကနေ နှိုးဆွပေးတာမျိုးပါ။ သူမရဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာ ရှိနေမှလည်း ခံစားမှုဟာ ပိုကောင်းစေမှာ ဖြစ်ပြီး အထွတ်အထိပ်ကို ကောင်းကောင်းရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
Source : Durex USA
Featured Photo : The Guardian