သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ အမျိုးသားတွေကြားမှာ အဖြစ်များပါတယ်။ ယေဘုယျအားဖြင့် အတူနေချိန်မှာ ၂ မိနစ်ကနေ ၃ မိနစ်အတွင်း ပြီးမြောက်သွားတာကို အချိန်မတိုင်ခင် သုတ်လွှတ်တယ် ၊ သုတ်လွှတ်မြန်တယ်လို့ သတ်မှတ်ပါတယ်။ တကယ်တော့ သုတ်လွှတ်မြန်တာဟာ အရမ်းကြီး အဖြေရှာရခက်တဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဒါကို ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကွီးတို့ ချစ်တင်းနှောချိန်မှာ မိနစ်ပိုင်း နဲ့ ပြီးပြီးနေတယ်ဆိုရင် အခုပြောပြမယ့် အချက်တွေကို လုပ်ဆောင်ကြည့်ပါ။
(၁) စိတ်အေးလက်အေး ရှိပါစေ
Photo : MensXP
လိင်ကိစ္စဟာ အလောတကြီး လုပ်လို့မကောင်းတဲ့ အရာပါ။ သေချာအချိန်ယူပြီး စိတ်အေးလက်အေး ရှိအောင် ပြင်ဆင်သင့်ပါတယ်။ လိင်မဆက်ဆံခင်မှာ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ အားလုံးကို ဖြေလျော့ထားပြီး အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ ဖြစ်အောင် နေသင့်ပါတယ်။ ဒါဟာ ကွီးတို့ရဲ့ လိင်မှုစွမ်းဆောင်ရည်ကို အများကြီး အထောက်အပံ့ ဖြစ်စေတာကို တွေ့ရမှာပါ။
(၂) ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့
Photo : MensXP
တစ်ခါတစ်လေမှာ ကွီးတို့ရဲ့ စိုးရိမ်ပူပန် စိတ်တွေကပဲ ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်တာပါ။ အိပ်ရာထဲမှာ ကောင်းကောင်းအစွမ်းမပြနိုင်မှာ ၊ မိနစ်ပိုင်း နဲ့ ပြီးမြောက်သွားမှာ ၊ ပါတနာကို ကျေနပ်အောင် မစွမ်းဆောင်ပေးနိုင်မှာ စတဲ့ အတွေးတွေ ခေါင်းထဲတန်းစီဝင်နေပြီး စိတ်ဖိစီးမှုတွေ များနေရင် ကွီးတို့ရဲ့ လိင်မှုစွမ်းရည်ဟာ ထင်တာထက်တောင်ပို ကျသွားနိုင်ပါတယ်။
(၃) Kegel လေ့ကျင့်ခန်း လုပ်ပါ
Photo : MensXP
တင်ပါးဆုံအတွင်း ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ပေးတဲ့ Kegel Exercise တွေ လုပ်ပေးတာဟာ သုတ်လွှတ်မြန်တာကို သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ Kegel လေ့ကျင့်ခန်းတွေက တင်ပါးဆုံအတွင်း ကြွက်သားတွေကို ညှစ်ခြင်း / ဆန့်ထုတ်ခြင်း နည်းလမ်းဖြင့် ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ပေးတာ ဖြစ်တာကြောင့် လိင်တံထောင်မတ်မှုကို ပိုအားကောင်းစေသလို သုတ်လွှတ်ချိန်ကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။
(၄) သိုင်းကွက်ပြောင်းပါ
Photo : MensXP
လိင်ဆက်ဆံချိန်မှာ သိုင်းကွက် တစ်ခုတည်းကိုပဲ ဆက်တိုက်မလုပ်ပါနဲ့။ ဥပမာအားဖြင့် ၅ မိနစ် ကနေ ၇ မိနစ်ခန့် အတွင်းမှာ မတူညီတဲ့ နောက်ထပ် သိုင်းကွက်တစ်ခုကို ပြောင်းလဲပြီး ချစ်တင်းနှော သင့်ပါတယ်။ ဒါဟာ ကွီးတို့ရဲ့ သုတ်လွှတ်ချင်စိတ်ကို အာရုံပြောင်းပေးနိုင်ပြီး မိနစ်ပိုင်း အတွင်း ပြီးမြောက်မှု မရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
Source : MensXP
Featured Photo : NowPatient