မိန်းကလေးရဲ့စိတ်ကိုခန့်မှန်းဖို့ဆိုတာ တော်ရုံလွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ သူမဘက်က ကိုယ်ကိုစိတ်ဝင်စားနေတာ သေချာလာ မသေချာဘူးလားဆိုတာ အတော်လေးခန့်မှန်းရခက်ပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် အမူအရာတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင့်အပေါ်စိတ်ဝင်စားမှုရှိတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

Source : Shutterstock

(၁) သူမနဲ့သင် တစ်နေရာတည်းမှာအတူတူမရှိရင်တောင်မှ သူမရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေရှေ့မှာ သင့်အကြောင်းကို မကြာခဏစကားထဲ ထည့်ပြောနေပါလိမ့်မယ်။

(၂) ဆိုရှယ်မီဒီယာပေါ်မှာ သင်သတိပြုမိအောင်နေနေပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ ပို့စ်တွေမှာ မှတ်ချက်(ကွန်းမန်)့ဝင်ရေးတာမျိုး သင့်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေမျိုးပါ။

(၃) သူမမဟုတ်တဲ့ တစိမ်းမိန်းကလေးတွေနဲ့ စကားပြောနေတာ ခင်မင်ရင်းနှီးမှုရှိတာတွေ့ရင် သဝန်တိုတဲ့အမူအရာမျိုး မသိမသာပြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုသူမတစ်ယောက်တည်းသာ ပိုင်ဆိုင်ခွင့်ရချင်လို့ပါ။

Source : Genmuda

(၄) သင့်နဲ့အတူရှိတဲ့အခါ သင့်ကိုမေးခွန်းတွေမျိုးစုံမေးနေပါလိမ့်မယ်။ ဒါဟာသင့်ရဲ့အကြောင်းကို အခုထက်ပိုပြီးသိချင်ဖြစ်ပါတယ်။

(၅) သင့်ရဲ့အရိပ်တစ်ခုလိုသင့်ရဲ့အနားမှာ မသိမသာကပ်တွယ်နေပါလိမ့်မယ်။ ဘယ်သွားသွားသင့်နဲ့အတူတူသွားချင်တာမျိုး။ ချိန်းမထားရင်တောင်မှ တိုက်ဆိုက်မှုတစ်ခုပုံစံနဲ့ သင်ရှိတဲ့နေရာကိုရောက်လာမျိုးပြုလုပ်ပါလိမ့်မယ်။

(၆) တစ်ခါတစ်လေ အတူတူထိုင်နေတဲ့အခါမျိုးမှာ စကားတစ်ခွန်းမှမပြောပဲ အတွေးများစွာနဲ့ သတိလက်လွတ်သင့်ကိုစိုက်ကြည့်နေမိပါလိမ့်မယ်။ သူမရဲ့မြင်ကွင်းထဲမှာ သင်တစ်ယောက်တည်းရှိနေတယ်ဆိုတဲ့ အမူအရာပါ။

Source : Manteligencia

(၇) သင်နဲ့အတူတူရှိတဲ့အချိန်တွေတိုင်းဟာ သူမအတွက်အပျော်ရွှင်ဆုံးအချိန်တွေဆိုတာကို သူမရဲ့ မျက်နှာက အပြုံးတွေနဲ့ ဖော်ပြနေပါလိမ့်မယ်။

(၈) သင်မအားမလပ်လို့ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် သူမကိုလျစ်လျူရှု့မိတဲ့အခါ ဝမ်းနည်းဒေါသတွေနဲ့ ရန်တွေ့ပါလိမ့်မယ်။

(၉) သင်စကားပြောလိုက်တဲ့အချိန်တိုင်းမှာ စိတ်ဝင်တစားနဲ့ နားထောင်မယ်။ သင်ကြိုက်တက်တဲ့ အရာလေးတွေမှတ်ထားမယ်။ သင့်အပေါ်အလေးအနက်ထားတဲ့ အမူအရာလေးတွေကို ပြနေတယ်ဆိုရင် ကောင်မလေးဘက်နေသင့်ကိုတကယ်ပဲ စိတ်ဝင်စားနေတယ်ဆို ခန့်မှန်းလို့ရနိုင်ပါပြီ။