ကွီးတို့ရေ ကွီးတို့သဘောကျတဲ့ အမျိုးသမီးလေးနဲ့ ပထမဆုံး အပြင်မှာ တွေ့ဖို့ အစီအစဉ် ရှိပါသလား။ တစ်နည်းအားဖြင့် First Date အနေနဲ့ တွေ့ဖို့ရှိပါသလား။ Relationship တစ်ခုကို စတင်တော့မယ်ဆိုရင် လူသား ၂ ယောက်ရဲ့ ပထမဆုံး တွေ့ဆုံမှုက တကယ်ကို အရေးကြီးပါတယ်။ အထူးသဖြင့် ကွီးတို့လို အမျိုးသားတွေ အနေနဲ့ Impression ကောင်းစေဖို့ သိထားရမဲ့ အချက်လေးတွေ ရှိဖို့လိုပါတယ်။ ဒါကြောင့် ကွီးတို့ သဘောကျတဲ့ မိန်းကလေး နဲ့ ပထမဆုံး တွေ့ဆုံခြင်းမှာ သိထားရမဲ့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
(၁) အစီအစဉ် ဆွဲပါ

Photo : Medium
ကွီးတို့ရေ ကွီးတို့ သဘောကျတဲ့ မိန်းကလေး နဲ့ ပထမဆုံး တွေ့ဆုံတော့ မယ်ဆိုရင် ကွီးတို့အနေနဲ့ ပထမဆုံး တွေ့ဖို့နေရာ၊ အချိန် အစီအစဉ်ဆွဲပါ။ တစ်ဖက်မိန်းကလေးရဲ့ ဆန္ဒကိုလည်း မေးပြီး အလေးထားပေးပါ။ ကွီးတို့ကိုယ်တိုင် ရွေးချယ်ရမယ်ဆိုရင် အချိန်ကို ညစာအတွက် ရွေးချယ်ပါ။ ထို့နောက် လူအရမ်းများလေ့ရှိတဲ့ စားသောက်ဆိုင်မျိုး မဟုတ်ဘဲ အရသာကောင်းပြီး အေးဆေးတဲ့ စားသောက်ဆိုင်မျိုးကို ရွေးပါ။ ကွီးတို့ အနေနဲ့ ပန်းစည်း စသည်ဖြင့် ယူဆောင်သွားရင် ပိုကောင်းပါတယ်။
(၂) နောက်မကျပါစေနဲ့

Photo : Real Man Real Styles
ကွီးတို့ သဘောကျတဲ့ မိန်းကလေး နဲ့ ပထမဆုံး တွေ့ဆုံခြင်းမှာ ကွီးတို့ လုံးဝ လုံးဝ ကို သတိထားရမဲ့ အချက် ကတော့ နောက်မကျဖို့ပါဘဲ။ သူမကို တစ်ယောက်တည်း စောင့်ဆိုင်းခြင်းမျိုး မဖြစ်ပါစေနဲ့။ အချိန်ကိုလေးစားခြင်းက တစ်ဖက်သားကိုလည်း လေးစားတန်ဖိုးထားခြင်းကို ပြသရာ ရောက်ပါတယ်။ ကွီးတို့ ချိန်းထားတဲ့ အချိန်ထက် ၁၅ မိနစ်ခန့် စောရောက်ရင် အကောင်းဆုံးပါပဲ။
(၃) ယဉ်ကျေးမှုရှိပါ

Photo : igromania.ru
ကွီးတို့ရေ ယဉ်ကျေးမှုရှိတဲ့ လူတွေကို မိန်းကလေး တွေက သဘောကျတတ်ပါတယ်။ ကွီးတို့ အနေနဲ့ ပထမဆုံး တွေ့ဆုံခြင်းဖြစ်တဲ့အတွက် သူမကို အလေးထားပြီး ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံပါ။ ယဉ်ကျေးခြင်းက ကွီးတို့ရဲ့ Impression ကိုလည်း အထူးကောင်းမွန်စေပါတယ်။
(၄) စကားဝိုင်းကို လက်ဝါးကြီး မအုပ်ပါနဲ့

Photo : Real Man Real Styles
ကွီးတို့ရေ တစ်ဖက်မိန်းကလေးနဲ့ အချင်းချင်း အပြန်အလှန်စကားပြောဆိုတဲ့ နေရာမှာ ကွီးတို့က စကားဝိုင်းကိုလက်ဝါးကြီး မအုပ်ပါနဲ့။ ကွီးရဲ့ အကြောင်းကိုလည်းပြောပါ သူမအကြောင်းကိုလည်း စိတ်ဝင်တစားမေးပါ။ သူမပြောတာကိုလည်း အလေးထား နားထောင်ပေးပါ။ ဟာသ လေးတွေပြောပါ။ စကားပြောဆိုတဲ့ အခါ မျက်လုံးချင်းဆုံပါ။ ဒါဆို ကွီးတို့စကားဝိုင်းလေးက အပေးအယူ မျှမျှနဲ့ အဆင်ပြေစေမှာပါ။
(၅) သူမကို ဂရုစိုက်ပေးပါ

Photo : Westend61
ကွီးတို့ အစားအသောက် မှာစားတဲ့အခါမှာ ဖြစ်စေ၊ သောက်စရာမှာသည့်အခါ ဖြစ်စေ၊ သူမအကြိုက်ကို သေချာမေးပြီး ဂရုတစိုက်မှာပေးပါ။ ရေခွက်ကို ရေပြန်ဖြည့်ပေးတာမျိုး အသားကိုသူမအတွက် လှီးဖြတ်ပေးတာမျိုး စသည့် ကွီးတို့ရဲ့ အသေးစိတ်ဂရုစိုက်မှုတွေက ကွီးတို့အပေါ် သူမရဲ့ အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။ ဒီအချက်ကလည်း ကွီးတို့ သဘောကျတဲ့ မိန်းကလေး နဲ့ ပထမဆုံးတွေ့ဆုံခြင်းမှာ အရေးပါတဲ့ အချက် တစ်ချက်ပါ။
(၆) ပြန်တဲ့အခါ သူမကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါ

Photo : GirlsAskGuys
ကွီးတို့ရေ ကွီးတို့ စကားပြော ၊ စားသောက်ပြီးစီးလို့ လမ်းခွဲဖို့ လုပ်တဲ့အခါ သူမကို ပြန်မဲ့ အစီအစဉ်ကိုမေးပါ။ အကယ်၍ ကွီးတို့အဆင်ပြေရင် အိမ်အထိ ပို့ဆောင်ပေးပါ။ သို့မဟုတ်ပါက Taxi ငှါးပေးတာမျိုးကဲ့သို့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ။
အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့ သဘောကျတဲ့ မိန်းကလေး နဲ့ ပထမဆုံး တွေ့ဆုံခြင်းမှာ ကွီးတို့သိထားရမဲ့ အချက်လေးတွေ ပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေကို သိထားပြီး လိုက်နာခြင်းဖြင့် ကွီးတိုရဲ့ ရှေ့ဆက်မဲ့အချစ်ရေးမှာ သာယာပျော်ရွှင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
Source : Dumb Little Man
Featured Photo : Istock
