အပြာရုပ်ရှင် တစ်နည်းအားဖြင့် လူကြီးကား စွဲလမ်းမှု ပြဿနာဟာ စာရေးသူတို့ ယောကျာ်းလေးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေး တွေ အနေနဲ့ ဘာကြောင့် လူကြီးကားတွေကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ်တာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ဒီဆောင်းပါးမှာ လေ့လာကြည့်ရအောင်ပါ။
(၁) စပ်စုချင်လို့
Photo : Rosglas Recovery
မိန်းကလေး သဘာဝ စပ်စုမှုကနေ စတယ်လို့ ပြောရမှာပါ။ အရွယ်ရောက်ပြီး လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု ရှိလာချိန်မှာ စူးစမ်းလိုစိတ် ၊ စပ်စုလိုစိတ်တွေကို အခြေခံပြီး လူကြီးရုပ်ရှင်တွေကို ရံဖန်ရံခါ ကြည့်ဖြစ်လာကြတာ ဖြစ်ပါတယ်။
(၂) ကိုယ့်ကိုယ်ကိုယ် စူးစမ်းလေ့လာဖို့
Photo : LinkedIn
အချို့ မိန်းကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေ ဒါမှမဟုတ် လိင်ဆန္ဒတွေကို စူးစမ်းဖို့ လူကြီးရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ်ကြတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး သူတို့ စိတ်ဝင်စားတဲ့ အရာတွေကို ရှာဖွေဖို့ ၊ သူတို့ရဲ့ လိုချင်တပ်မက်မှုတွေ ၊ စိတ်ဆန္ဒတွေအကြောင်း ပြည့်ပြည့်ဝဝ နားလည်နိုင်ဖို့ လူကြီးရုပ်ရှင်တွေကနေတဆင့် စူးစမ်းလေ့လာ ကြပါသတဲ့။
(၃) ပါတနာနဲ့ ရင်းနှီးမှု မရှိလို့
Photo : Rathi Rehab Center
လက်တွေ့ဘဝမှာ ပါတနာနဲ့ ရင်းနှီးမှု မရှိတဲ့ ဆက်ဆံရေးတစ်ခုကြောင့်ပဲ မိန်းကလေးတွေဟာ အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသူတွေအဖို့ လက်တွေ့ဘဝမှာ မရနိုင်တဲ့ လိင်မှုဆိုင်ရာ ကျေနပ်ပျော်ရွှင်မှု စိတ်ခံစားချက်တွေကို လိင်မှုအသားပေး ရုပ်ရှင်တွေ ၊ စာပေနဲ့ ရုပ်ပုံတွေကနေတဆင့် ရှာဖွေကြတာပါ။
(၄) ဒိုပါမင်း စွဲလမ်းနေလို့
Photo : Claudia Black Young Adult Center
အပြာရုပ်ရှင်တွေ ကြည့်တဲ့အခါ ခန္ဓာကိုယ်ကနေ ပျော်ရွှင်မှု သို့မဟုတ် စိတ်လှုပ်ရှားမှုကို ခံစားရစေတဲ့ ဒိုပါမင်း ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ လူကြီးကား ၊ ညစ်ညမ်းရုပ်ရှင်တွေ ကြည့်တဲ့အခါမှာ ပျော်ရွှင်စေတယ် သို့မဟုတ် စိတ်လှုပ်ရှားစေတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကနေ စွဲလမ်းမှု ဖြစ်လာတာပါ။ ဒီကနေပဲ မိန်းကလေး တွေအနေနဲ့ အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ရှုမိနိုင်တာ ဖြစ်ပါတယ်။
Source : My Fit Brain
Featured Photo : Safes Parental Control App