ဝမ်းနည်းစရာ သတင်းစကားပါး ချင်ပါတယ်။ ဒါကတော့ ကွီးတို့ ချစ်သူ ပါတနာက ကွီးတို့နဲ့ အတူနေတိုင်းမှာ အမှန်တကယ် ပြီးမြောက်တဲ့ အခေါက်တွေ ရှိသလို အော်ဂဇင်အတု ပြုလုပ်ကြတဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ ဒါဟာ ကွီးတို့ ပါတနာတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ မိန်းမ တော်တော်များများက Fake Orgasms ပြုလုပ်လေ့ ရှိကြတာပါ။ ဘာလို့လဲဆိုတဲ့ နောက်ကွယ်အကြောင်းအရင်းတွေကိုတော့ ဒီဆောင်းပါးမှာ လေ့လာကြည့်ရအောင်ပါ။
(၁) ကွီးတို့ စိတ်ကျေနပ် ပျော်ရွှင်စေဖို့
Photo : VICE
ယောကျာ်းတိုင်းက အတူနေချိန်တိုင်းမှာ ကိုယ့်ချစ်သူ ပါတနာကို ကျေနပ်အောင် စွမ်းဆောင်ပေးချင်ကြသလိုပါပဲ။ မိန်းမ တွေအနေနဲ့လည်း သူတို့ ချစ်သူပါတနာကို အိပ်ရာထဲမှာ စွမ်းဆောင်ရည် ပြည့်ဝတဲ့သူ ၊ အစွမ်းထက်တဲ့ ကျားတစ်ကောင်အဖြစ် ခံစားစေချင်ကြတာပါ။ ဒါကြောင့်ပဲ သူတို့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို အာရုံစိုက်ရမယ့်အစား သူတို့ ပါတနာရဲ့ စိတ်ခံစားချက်ကို ကျေနပ်စေဖို့ Fake Orgasm ပြုလုပ်ပေးကြတာပါ။
(၂) စိတ်အနှောက်အယှက်ဖြစ်စရာ မေးခွန်းတွေကို ရှောင်ရှားချင်လို့
Photo : Global News
အထူးသဖြင့် မိန်းမ တစ်ယောက်က သူတို့အမှန်တကယ် အော်ဂဇင် မရတဲ့အချိန်မှာ မေးခွန်းတွေမေးခံရရင် စိတ်မသက်မသာ ခံစားကြရပါတယ်။ ဒီလိုအခိုက်အတန့်မှာ ကွီးတို့အနေနဲ့ အတူနေပြီးချိန်မှာ ကောင်းရဲ့လား ? အမှန်တကယ် စိတ်ကျေနပ်ရဲ့လား ? ကြိုက်ရဲ့လား ? ဆိုတဲ့ စိတ်မသက်မသာဖြစ်စရာ မေးခွန်းတွေ မေးလာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကွီးတို့အရှေ့မှာ ပြီးမြောက်ကြောင်းကို ဟန်ဆောင်လုပ်ပြတာ ဖြစ်နိုင်ပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို ဖုံးကွယ်ချင်လို့
Photo : PsyPost
မိန်းမ တွေအနေနဲ့လည်း နေ့စဉ်ဘဝထဲက အိမ်ထောင်တာဝန်တွေ ၊ အလုပ်တာဝန်ဖိအားတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတက်သလို ဓမ္မတာလာချိန် ဒါမှမဟုတ် ဟော်မုန်းအတက်အကျတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေ ဖြစ်နေချိန်တွေ ရှိတက်ပါတယ်။ အချို့ကတော့ အဆိုပါ အခြေအနေမျိုးမှာ ချစ်တင်းနှောဖို့ကို ငြင်းပယ်တက်ကြသလို ငြင်းပယ်လို့ မရတဲ့ အချိန်မှာတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့လို့ ချစ်တင်းနှောတဲ့ လုပ်ငန်းစဉ်ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် Fake Orgasm ပြုလုပ်တက်ကြပါတယ်။
Photo : Pulse Nigeria
Featured Photo : Times of India