ကိုယ့်ရဲ့ မိုဘိုင်းလ် ဖုန်းနဲ့ ဂိမ်းဆော့ရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ စိတ်ဝင်စား ဖို့ကောင်းတဲ့ နောက်ဆုံးပေါ် ဂိမ်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းတော်တော်များများကတော့ ဖရီးဆော့နိုင်တာကြောင့် ပိုက်ဆံ ချွေတာချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။

Dungeons Of Dreadrock

Dungeons Of Dreadrock

ဒီဂိမ်းလေးကတော့ ရန်သူများကို ရှောင်ရှားချင်လည်း ရှောင်ရှားနိုင်သလို၊ ရန်သူတွေကို အပြတ် ချေမှုန်းလို့လည်း ရပါတယ်။ အသက်ဝင်နေတဲ့ ထောင်ချောက်များကို ဖြေဖျောက်ဖို့ရန်အတွက် ပဟေဠိများကို အဖြေရှာရမှာဖြစ်ပြီး အခန်းတစ်ခန်းချင်းစီရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးက အချိန်ပေးပြီး ဆော့ရတာဖြစ်ပြီး စိတ်အပန်းလည်း ပြေစေနိုင်ပါတယ်။ သို့သော် အချိန်တောတော်ကြာသည်အထိ စွဲသွားနိုင်တဲ့အတွက်ကြောင့် အားလပ်ချိန်များများရတဲ့ ရက်မှာ ဆော့ကစားရင်တော့ ပိုမိုပျော်ရွှင်ရပါလိမ့်မယ်။

ScourgeBringer

ScourgeBringer

ဒီဂိမ်းကတော့ ကမ္ဘာပျက်ပြီးနောက်ပိုင်းအချိန်ကို အခြေတည်ကာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဆော့ကစားမယ့်သူအနေနဲ့ Kyhra ဆိုတဲ့ လူမျိုးစုထဲတွင် အင်အားအကြီးဆုံး စစ်သူကြီးတစ်ယောက်ဖြစ်ပါတယ်။ ဘဝမှာ တစ်ခါတစ်ခေါက်လောက်တော့ ဆော့ကစားသင့်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ ဒီဂိမ်း ဆော့ဖို့ဆိုရင် ၇ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Animal Crossing: Pocket Camp

မိုဘိုင်းလ် စိတ်ဝင်စား

မိုဘိုင်းလ် ဂိမ်းတွေထဲမှာ ဒီဂိမ်းလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ ဆော့ကစားလို့ကောင်းပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သင့်အကြိုက်ပေါ်လိုက်ပြီး အိမ်ထောင်ပရိဘောဂများကို လိုက်လံ ဖြည့်စွက်နိုင်ပြီး တိရစ္ဆာန်လေးများ ညွှန်ကြားတဲ့အတိုင်း လိုက်လံပြုလုပ်ပေးနိုင်မယ်ဆိုရင် သူငယ်ချင်း မိတ်ဆွေများလည်း တိုးလာပါလိမ့်မယ်။ ဒီဂိမ်းလေးကတော့ ဖရီး ဆော့လို့ရပြီး ပွဲတော်အလိုက် Game ရဲ့ Theme ကလည်း ပြောင်းလဲသွားပါလိမ့်မယ်။

Infinity Ops

မိုဘိုင်းလ် စိတ်ဝင်စား

3D Graphics ပိုင်းကို နိုင်နိုင်နင်းနင်းနဲ့ ဖန်တီးထားတာကို ဆော့နေတဲ့အချိန်မှာ ခံစားသိရပါလိမ့်မယ်။ ခေတ်မီလက်နက်များဖြင့် ရန်သူအဖွဲ့များကို နှိမ်နင်းတိုက်ခိုက်ရမှာဖြစ်ပြီး သင့်အနေနဲ့ Level တစ်ခုတက်တာနဲ့ အရှိန်နှုန်းလည်း တက်လာပြီး လက်နက်များကိုလည်း အဆင့်မြှင့်တင်နိုင်ပါတယ်။ သင့်ကိုယ်ပိုင် အဖွဲ့ထောင်ပြီးလည်း အဖွဲ့လိုက် ဆော့ကစားနိုင်ပါသေးတယ်။ ဒီဂိမ်းလေးကလည်း ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Apex Legends Mobile

မိုဘိုင်းလ် စိတ်ဝင်စား

ကိုယ့်ရဲ့ မိုဘိုင်းလ် ဖုန်းထဲ ဖိုက်တင်းပလေးရတဲ့ ဂိမ်းတွေ ဆော့ကစားချင်သူများအတွက် Apex Legends Mobile ဆိုတဲ့ စိတ်ဝင်စား ဖို့ကောင်းတဲ့ ဂိမ်းတစ်မျိုး ရှိပါသေးတယ်။ ဒီဂိမ်းလေးကလည်း ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းဖြစ်တာကြောင့် လူကြိုက်များပါတယ်။ ဆော့ကစားမယ့်သူအနေနဲ့ နှစ်ယောက်တစ်ဖွဲ့စီ ဆော့ကစားရမှာဖြစ်ပြီး အခြားအဖွဲ့နဲ့ ယှဥ်ဆော့ရမှာပဲဖြစ်ပါတယ်။

Source: Digitaltrends

Featured Image: Freepik