ဒီတစ်ခေါက်တော့ မိုလ်ဘိုင်း ဂိမ်းတွေချည်း ဆော့ရတာ ငြီးငွေ့လာတဲ့ ကွီးတို့အတွက် PC ဂိမ်းမိုက်မိုက်လေးတွေကို ညွှန်းပေးချင်ပါတယ်။ PC ဂိမ်းထဲကမှ ရှယ်မိုက်တဲ့ Game Play ပုံစံတွေနဲ့ Anime ဂိမ်းတွေကို ရွေးချယ်တင်ဆက် ပေးမှာပါ။ Anime ဂိမ်းတွေ စိတ်ဝင်စားတယ် ၊ ဆော့ရတာကြိုက်တယ် ဆိုရင်တော့ ကွီးတို့ အခုပြောပြမယ့် ဂိမ်းလေးတွေကို ဆော့ကြည့်လိုက်ပါ။
(၁) Persona 5 Royal
Source : IGN
သဘာဝလွန် စွမ်းအားတွေ ရှိနေတဲ့ High School ကျောင်းသား ဇာတ်ကောင်တွေနဲ့ ဂိမ်းကို တည်ဆောက်ထားတဲ့ JRPG (Japanese Role-Playing Games) ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ပုံစံလေးက တော်တော်လေး ထူးခြားပြီး စွဲမက်စရာကောင်းတဲ့ ဇာတ်လမ်းသွားနဲ့ ဇာတ်အိမ်တည်ထားတယ် ၊ အမှတ်ရဖွယ် ဇာတ်ကောင်တွေ ပါဝင်တယ်။ ဒီအချက်တွေကြောင့်ပဲ ဂိမ်းချစ်သူတွေကြားမှာ နာမည်ကြီးတာ ဖြစ်ပါတယ်။
(၂) Dragon Ball FighterZ
Source : RajmanGaming HD
Dragon Ball FighterZ ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုအောင် ဂိမ်းချစ်သူကွီးတို့နဲ့ ရင်းနှီးပြီးသား PC ဂိမ်းတစ်ခုဖြစ်မယ် ထင်ပါတယ်။ ဒီဂိမ်းက 2.5D Fighting ဂိမ်းတစ်ခု ဖြစ်ပြီး မတူတဲ့ ဇာတ်ကောင်တွေ အများကြီး ရွေးချယ်နိုင်သလို စွမ်းအားတွေထုတ် ၊ အမှန်အကန် ဖြုတ်ရမယ့် ဂိမ်းပါ။ ကွီးတို့ရဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်လည်တူးဖော်ပေးမယ့် ဂိမ်းတွေ ထဲတစ်ခုလည်း ဖြစ်ပါတယ်။
(၃) NieR: Automata
Source : PlayStation
ဒီဂိမ်းက တော်တော်ကြီးကို Deep ဖြစ်တဲ့ ဇာတ်လမ်းသွား ၊ Unique ဖြစ်တဲ့ တိုက်ခိုက်တရး Mechanics တွေနဲ့ ရင်င်သပ်ရှုမောဖွယ် ခေတ်လွန်ကမ္ဘာတစ်ခုကို ပေါင်းစပ်ဖန်တီးထားတဲ့ Role-playing ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကောင် ကာရိုက်တာတွေက တော်တော်လေး ထူးခြားသလို ၊ ဂိမ်းရဲ့ ဂရပ်ဖစ် / အသံစနစ်တွေက အပြစ်ပြောစရာ တစ်ကွက်မှမရှိအောင် ကောင်းမွန်တာ တွေ့ရပါတယ်။ အတွေးအခေါ်ဆန်ဆန် နက်နဲတဲ့ Storyline နဲ့ ရှယ်မိုက်တဲ့ Anime ဂိမ်းကို ဆော့ချင်ရင်တော့ NieR: Automata က Must-try ပါပဲ။
Source : Analytics Insight
Featured Photo : SUPERJUMP