အင်္ကျီအဝတ်အစားတွေ မိုးရေထိပြီး အနံ့ဆိုးထွက်တဲ့ ပြဿနာ ကွီးတို့ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီအခြေအနေဟာ ကိုယ်တိုင်လည်း တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသလို ဘေးပတ်ဝန်းကျင်ကိုလည်း အားနာရတဲ့ ကိစ္စကြီးပါ။ ဆိုတော့ မိုးတွင်း မှာ ကွီးတို့ အဝတ်အစားတွေကနေ အနံ့အသက်ဆိုးတွေ မထွက်အောင် လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်တွေ အကြောင်း ဒီဆောင်းပါးကနေတဆင့် ပြောပြပေးချင်ပါတယ်။

(၁) ရှာလကာရည် သို့မဟုတ် မုန့်ဖုတ်ဆိုဒါ ထည့်လျှော်ပါ

Clothes

Photo : Mensxp

အဝတ်လျှော်တဲ့အခါ ဆပ်ပြာမှုန့်နဲ့အတူ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ် ရောထည့် လျှော်ပါ။ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ တို့မှာ ကွီးတို့ရဲ့ အဝတ်အစားတွေမှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် မနှစ်မြို့ဖွယ် အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၂) ၁၀ – ၁၅ မိနစ်ခန့် စိမ်ပါ

Clothes

Photo : Mensxp

အဝတ်အစားတွေကို လျှော်တဲ့အခါ အနံ့အသက်ဆိုးတွေကို သေချာလေး ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ အရင်ဆုံး ဆပ်ပြာရည်ထဲမှာ ၁၀ – ၁၅ မိနစ်ခန့် စိမ်ထားရပါမယ်။ ထို့နောက် ရေအသစ်လဲပြီး အဝတ်အစားတွေကို သေသေချာချာလေး ထပ်ပြီး လျှော်ဖွတ်ရပါမယ်။ ရေကို ၂ – ၃ ကြိမ်ခန့် လဲလှယ်ပြီး လျှော်ဖွတ်ပေးပါ။ အဝတ်စိမ်တဲ့အခါ နာရီဝက်ထက်ပိုပြီး အချိန်ကြာကြာ စိမ်ထားလိုက်မယ် ဆိုရင်လည်း အနံ့အသက်မကောင်းနိုင်တာကို သတိပြုရပါမယ်။

(၃) လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လှမ်းပါ

Clothes

Photo : Mensxp

မိုးတွင်း မှာ နေထွက်ဖို့ကိုတော့ အရမ်းကြီး မျှော်လင့်လို့ မရပါဘူး။ ဒါပေမယ့် လေဝင်လေထွက် ကောင်းကောင်းရတဲ့ နေရာမှာ လှန်းထားမယ် ဆိုရင် ကွီးတို့ရဲ့ အဝတ်အစားတွေဟာ ခြောက်သွေ့ပြီး အနံ့ဆိုးတွေလည်း စွဲကပ်နေတော့မှာ မဟုတ်ပါဘူး။ အကယ်၍ လေဝင်လေထွက် မကောင်းတဲ့ နေရာဆိုရင်တော့ ပြတင်းပေါက်နား သို့မဟုတ် ပန်ကာ ဖွင့်ထားပြီး အခြောက်ခံလို့ ရပါတယ်။

(၄) ခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်းပါ

Clothes

Photo : Mensxp

အဝတ်အစားတွေကို ခြောက်သွေ့ပြီး စိုစွတ်မှုကင်းတဲ့နေရာ ၊ စိုထိုင်းဆနည်းတဲ့ နေရာတွေမှာပဲ သိမ်းဆည်းသင့်ပါတယ်။ မိုးတွင်း ဖြစ်တဲ့အတွက် တစ်ခါတစ်လေ အဝတ်တွေ သိမ်းတဲ့နေရာမှာ အစိုပျံတဲ့ အခြေအနေမျိုး ရှိတက်တာကြောင့် မြေဖြူခဲအနည်းငယ် ထည့်ထားနိုင်ပါတယ်။ ဒီနည်းက ကွီးတို့ရဲ့ အဝတ်အစားတွေကို ခြောက်သွေ့နေစေရုံမကပဲ အနံ့အသက်ဆိုးတွေ ထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Source : Mensxp

Featured Photo : Ejis