ဖက်ရှင်ကျကျ နေတက်သူတွေကတော့ နွေမိုးဆောင်း ရာသီမရွေးမပါဘူး။ ဘယ်ရာသီဖြစ်ဖြစ် အထာကျကျ ၊ စတိုင်မိုက်မိုက် နေတက်ကြပြီးသားပါ။ အခုလို မိုးရာသီက ရာသီဥတုအနည်းငယ်အေးပြီး မိုးရေ စိုစွတ်တဲ့ အချိန်ကာလတစ်ခုဆိုတော့ ဖက်ရှင်အားဖြင့် ရွေးချယ်မယ်ဆိုရင်တော့ အနည်းငယ် စဉ်းစားစရာလေးတွေ ရှိပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ကွီးတို့ မိုးထဲရေထဲ မှာတောင် အမြဲအထာကျနေဖို့ မိုးရာသီအတွက် သိထားရမယ့် ဖက်ရှင်အကြံပြုချက်လေးတွေကို မျှဝေပေးပါမယ်။

(၁) ချည်ထည်တွေ ဝတ်ပါ

Linen Shirt

Photo : Vogue

မိုးရာသီကာလ အတွက်ဆိုရင် ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိပြီး မတော်တဆ မိုးရေစိုသွားခဲ့ရင်တောင် အခြောက်မြန်တဲ့ ချည်ထည် အဝတ်အစားတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ချည်သားအင်္ကျီတွေက လေဝင်လေထွက်ကောင်းသလို ပေါ့ပါးလွတ်လပ်မှုလည်း အပြည့်ရှိတာကြောင့် ကွီးတို့ကို မိုးထဲရေထဲ မှာပင် ဖက်ရှင်ကျနေစေမှာ ဖြစ်ပြီး အနံ့အသက်ကင်းကင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိရှိ ဝတ်ဆင် ရှိုးထုတ်နိုင်မှာပါ။ မိုးရာသီ ဖက်ရှင်အတွဲအစပ်အတွက် ခေါင်းသိပ်မစားချင်ရင်တော့ ကာလနုနု ချည်သား Shirt အင်္ကျီတွေနဲ့ Chinos ဘောင်းဘီတွေကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

(၂) Jeans တွေ ခဏခေါက်သိမ်း ထားလိုက်ပါ

Chinos Jacket

Photo : The Adult Man

Jeans တွေက ဘယ်တော့ရိုးမသွားတဲ့ Timeless ဖက်ရှင်ဆိုတာ ဖက်ရှင်ချစ်သူတိုင်း သိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် မိုးရာသီမှာတော့ Jeans တွေက ရေစိုရင် ဝတ်ရတာ လေးသွားသလို အထည်ကိုလည်း ပျက်စီးစေတက်တဲ့အတွက် ခဏလောက် ဗီရိုထဲ ခေါက်သိမ်းထားလိုက်တာ ပိုကောင်းတဲ့ အကြံဖြစ်ပါလိမ့်မယ်။ Jeans တွေအစား ပေါ့ပါးပြီး ရေစိုရင် အခြောက်မြန်တဲ့ Chinos တွေ ၊ ဒါမှမဟုတ် ဘောင်းဘီတို ဖက်ရှင်တွေက ကွီးတို့ကို မိုးထဲရေထဲ မှာ ပိုပြီး ဖက်ရှင်ကျကျ မိမိုက်နေစေမှာပါ။

(၃) ရေစိုခံ Rain Jackets တွေ ဝတ်ပါ

Waterproof Jacket

Photo : Ape to Gentleman

Jackets တွေ ဝတ်ရတာ ကြိုက်တယ် ၊ မိုးအေးတဲ့ ကာလမှာ နွေးနွေးထွေးထွေး ခံစားမှုနဲ့ ဖက်ရှင်လည်း ကျချင်တယ်ဆိုရင်တော့ ရေစိုခံ Rain Jackets တွေကို ရွေးချယ်နိုင်ပါတယ်။ မိုးရာသီဖြစ်တာကြောင့် ရေစိုခံ Rain Jackets တွေက မိုးဒဏ်ကာကွယ်ဖို့အတွက် ဝတ်နိုင်သလို ကွီးတို့ရဲ့ ဖက်ရှင်အဆင့်အတန်းကို ပေါ်လွင်စေဖို့အတွက်လည်း ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အကယ်၍ ထူထူထည်ထည် ရေစိုခံ Rain Jackets တွေ သိပ်မကြိုက်ဘူး ၊ လူငယ်ဆန်ဆန်နဲ့ မိုးသိပ်မရွာပဲ လေပဲတိုက်တဲ့ နေ့တွေဆို Windbreakers တွေကို Option တစ်ခုအနေနဲ့ ပြောင်းလဲ ဝတ်ဆင်နိုင်ပါတယ်။

(၄) နာရီတွေ ဝတ်ပါ

Watche

Photo : Nordgreen

မိုးထဲရေထဲ အမြဲအထာကျနေချင်ရင်တော့ ဖက်ရှင် Accessories တွေထဲက မရှိမဖြစ် အရေးပါတဲ့ နာရီတွေကိုတော့ ချန်ထားခဲ့လို့ မရပါဘူး။ မိုးရာသီအတွက်ဆိုတော့ ရေစိုခံနိုင်တဲ့ Water-Proof နာရီတွေ ဖြစ်ဖို့ လိုပါလိမ့်မယ်။ ကွီးတို့ရဲ့ Outfits အပေါ်မူတည်ပြီး လိုက်ဖက်မှုရှိရှိ ပြောင်းလဲ ဝတ်ဆင်နိုင်ဖို့ ဒီဇိုင်းမတူတဲ့ နာရီ ၂ – ၃ လုံးလောက် ရွေးချယ်စရာ ထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။

(၅) ဖိနပ်တွေ သေချာရွေးပါ

Sandals
Photo : Groundies

ဖက်ရှင်လို့ ပြောလိုက်တာနဲ့ အဝတ်အစားကိုပဲ အလေးပေးလို့ မရပါဘူး။ ခေါင်းအစခြေအဆုံး စတိုင်ကျနေဖို့အတွက် ကွီးတို့ရဲ့ ဖိနပ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ မိုးထဲရေထဲ မှာ ဖက်ရှင်ကျနေဖို့ဆိုရင် Shoes တွေ ထက် ပေါ့ပေါ့ပါးပါး ၊ သက်တောင့်သက်သာနဲ့ လေဝင်လေထွက်ကောင်းတဲ့ Sandals ၊ Flip Flops နဲ့ Slides ဖိနပ် အမျိုးအစားတွေကို ရွေးချယ်ဝတ်နိုင်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျဖို့ ဦးစားပေးသူတွေကတော့ ဘယ်လို Outfits နဲ့ မဆိုလိုက်ဖက်ပြီး ဝတ်ရတာ ပေါ့ပါးလွတ်လပ်မှုရှိတဲ့ Crocs ဖိနပ်တွေက ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ Crocs မကြိုက်သူတွေကတော့ Sandals ၊ Flip Flops နဲ့ Slides ဖိနပ် အမျိုးအစားတွေထဲက သင့်တော်ရာကို ရွေးဖို့အကြံပေးချင်ပါတယ်။

Source : magicpin

Featured Photo : Hindustan Times