စိုစွတ်တဲ့ မိုးရာသီလောက် ရှိုးထုတ်ရခက်တာ မရှိပါဘူး။ မိုးရာသီ မှာ မိုးလေး တစ်ပြိုက် နှစ်ပြိုက်လောက် ရွာလိုက်တာနဲ့ ကွီးတို့ ရှိုးထုတ်ထားတဲ့ ဖက်ရှင် စတိုင်လ် က ပျက် စီးသွားမှာပါ။ ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ် မပျက်စီးဖို့ဆိုရင် မိုးရာသီမှာ အခုဖော်ပြမယ့် နည်းလမ်းများနဲ့ ရှိုးထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ချည်ထည် ရှပ်အင်္ကျီများ ရွေးချယ် ဝတ်ဆင်ပါ

man fashion

ချည်ထည် အင်္ကျီများက နွေရာသီအတွက်သာမကဘဲ မိုးရာသီနဲ့လည်း သင့်တော်ပါတယ်။ ချည်ထည် အင်္ကျီများက ရေစိုသွားလည်း အမြန်ခြောက်ပြီး ခန္ဓာကိုယ်ပေါ်က ကပ်နေတာမျိုး မရှိပါဘူး။ အနံ့အသက်လည်း စွဲထင် မကျန်ခဲ့သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ချည်ထည် အင်္ကျီနဲ့ ချီနို ဘောင်းဘီနဲ့သာ တွဲဝတ်လိုက်မယ်ဆိုရင် ကွီးတို့ ဖက်ရှင်က အင်မတန်မှာ စတိုင်လ်ကျသွားမှာပါ။

Denim များကို ခဏတဖြုတ် နှုတ်ဆက်လိုက်ပါ

man fashion

မိုးတွင်းမှာ Denim ဘောင်းဘီတွေ ဝတ်မယ်ဆိုရင် တစ်ခေါက်ပြန် စဥ်းစားကြည့် လိုက်ပါဦး။ Denim ဘောင်းဘီလိုမျိုးပဲ ဆွယ်တာများကိုလည်း ခဏလောက် ခေါက်ထားလိုက်ပါ။ ထိုအဝတ်အစားများက မိုးစိုတဲ့အခါ ရေစုတ်ထားမှာဖြစ်ပြီး တစ်နေကုန် နေရ ထိုင်ရ ခက်စေမှာပဲ ဖြစ်ပါတယ်။ အခန့်မသင့်ရင် နောက်တစ်နေ့မှာ ဖျားနာတာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။

ဘောင်းဘီတိုတွေက မိုးရာသီအတွက် အသင့်တော်ဆုံးပါပဲ

man fashion

ဘောင်းဘီတို ဖက်ရှင်တွေက ကွီးတို့ မိုးရာသီအတွက် အကောင်းဆုံး အဖော်မွန်ပါပဲ။ ဘောင်းဘီအရမ်း တိုတာမျိုးတွေ ပေါင်လောက်ထိ တိုတာမျိုးတွေကတော့ ကြည့်မကောင်းတဲ့ အတွက်ကြောင့် ရှောင်ကြဥ်သင့်ပါတယ်။ ဖက်ရှင်လည်း ကျပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် ဘောင်းဘီတိုတွေကို သေချာ ရွေးချယ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ထီးကတော့ မိုးတွင်းအတွက် မရှိမဖြစ် အသုံးအဆောင်တစ်မျိုးပါပဲ

မိုးရာသီ စတိုင်လ် ပျက်

မိုးတွင်းမှာ ထီးမပါရင်တော့ ကွီးတို့က လူစင်စစ်ကလေ မိုးစိုနေတဲ့ ကြွက်စုတ်လေးတစ်ကောင် ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် ထီးဝယ်မယ်ဆိုရင် ကွီးတို့နဲ့ လိုက်ဖက်တဲ့ ထီးတစ်လက်ကို သေချာ ရွေးဝယ်ဖို့ လိုအပ်ပါလိမ့်မယ်။ မိုးလေ ပြင်းတဲ့နေ့မျိုးမှာ ဆိုရင်တော့ ခိုင်ခံ့တဲ့ ထီးတစ်လက်က မရှိမဖြစ်ပါပဲ။

မိုးကာများလည်း လိုအပ်ပါတယ်

 

မိုးရာသီ စတိုင်လ် ပျက်

မိုးများတဲ့ ရက်တွေဆိုရင် ထီးတစ်လက်တည်းနဲ့ အဆင်မပြေနိုင်ပါဘူး။ မိုးကာလည်း လိုအပ်လာပါပြီ။ ဒါမှသာ ကွီးတို့ ခန္ဓာကိုယ်လည်း မိုးလုံမှာဖြစ်ပြီး ကိုယ့်ရဲ့ အဝတ်အစားများလည်း မိုးမစိုဘဲနဲ့ ဖက်ရှင်ကျကျ ရှိုးထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။ မိုးရာသီ မှာ စတိုင်လ် မ ပျက် ချင်တဲ့ ကွီးတို့အတွက်တော့ မိုးကာကလည်း ထည့်သွင်းစဥ်းစားသင့်တဲ့ ဖက်ရှင်အသုံးအဆောင် ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

ရေစိုခံ နာရီတစ်လုံးက စိတ်ချရပါတယ်

မိုးရာသီ စတိုင်လ် ပျက်

နွေနဲ့ ဆောင်းမှာ ကွီးတို့ ကြိုက်တဲ့ နာရီနဲ့ ရှိုးထုတ်နိုင်ပါတယ်။ ဒါပေမဲ့ မိုးရာသီမှာတော့ ရေစိုခံ နာရီတစ်လုံး မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှသာလျှင် ရေဝင်သွားပြီး နာရီပျက်သွားတဲ့ အဖြစ်မျိုးကနေ ကြိုတင် ကာကွယ်နိုင်မှာပါ။

ဖိနပ်တွေ ရွေးချယ်တဲ့အခါ

မိုးရာသီ စတိုင်လ် ပျက်

မိုးရာသီဖြစ်တဲ့အတွက်ကြောင့် မိုးတွင်းနဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုးကို သေချာ ရွေးချယ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ မိုးတွင်းဆိုပြီး ကတ္တီပါ ဖိနပ်ကြီးနဲ့တော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ရေစိုနေတဲ့ ကတ္တီပါရဲ့ အနံ့အသက်ကလည်း ကွီးတို့ ဘေးပတ်ဝန်းကျင်က လူကို အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါပဲ။

ကွီးတို့ရော မိုးရာသီ မှာ စတိုင်လ် မ ပျက် အောင် ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။

Source: Magicpin.in

Featured Image: Iwmbuzz