မိုး ရာသီမှာ ဖိနပ် ရွေး ချယ်မှုသည် အင်မတန်မှ အရေးကြီးပါတယ်။ တစ်ချက်လောက် အရွေး မှားလိုက်တာနဲ့ ကွီးတို့ရဲ့ ဖက်ရှင်သည် ပျက်စီးသွားမှာပါ။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို အဆုံးအထိ ဖတ်ရှုကြည့်လိုက်ပါဦး။

မိုး ရာသီမှာ ဖိနပ် ရွေး ချယ်တဲ့အခါ အဓိက စဥ်းစားသင့်တဲ့ အချက် (၄) ချက် ကတော့

rainy season footwear

ရေစိုခံရဲ့လား၊ ဖိနပ် အောက်ခြေက ချောနေသလား ဒါမှမဟုတ် ခြေကုပ် မြဲရဲ့လား၊ သက်သောင့်သက်သာ ရှိ မရှိနဲ့ စတိုင်လ် ကျ မကျ ဆိုတဲ့ အချက် (၄) ချက်ပဲ ဖြစ်ပါတယ်။

ရာဘာသားများ၊ ဖိုင်ဘာသားများ၊ အထူးပြုလုပ်ထားတဲ့ သားရေများကသာလျှင် ရေစိုခံပြီး အခြောက်မြန်ပါတယ်။ အောက်ခြေက ချောတဲ့ ဖိနပ်မျိုးတွေ ဝယ်မယ့်အစား၊ အကွက်များ၊ Pattern များနဲ့ လုပ်ထားတဲ့ ဖိနပ်တွေက ပိုပြီး ခြေကုပ် မြဲတာကြောင့် ချော်လဲတာမျိုးတွေ ရှိမှာ မဟုတ်တော့ပါဘူး။

သက်သောင့်သက်သာရှိဖို့အတွက်ဆိုရင်တော့ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုသာလျှင် ရွေးချယ်သင့်ပါတယ်။ ပြီးတော့ ကွီးတို့ရဲ့ အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဖိနပ် မျိုးကိုသာလျှင် ရွေးချယ်သင့်ပါတယ်။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ကွီးတို့အတွက် မိုးရာသီနဲ့ သင့်တော်မယ့် ဖိနပ်အမျိုးအစားများပဲ ဖြစ်ပါတယ်။

ရေစိုခံ Sneakers ဖိနပ်များ

မိုး ဖိနပ် ရွေး

ရေစိုခံ Sneakers ဖိနပ်များကတော့ မိုးရာသီအတွက် ဖက်ရှင်အကျဆုံးနဲ့ အရွေးချယ်သင့်ဆုံး နံပါတ် (၁) ဖိနပ်များပဲ ဖြစ်ပါတယ်။ ထိုဖိနပ်များသည် ခြေကုပ်မြဲတဲ့အတွက်ကြောင့် ချော်လဲတာမျိုးတွေလည်း ကြောက်နေစရာ မလိုပါဘူး။ ကွီးတို့က ဂျင်းဘောင်းဘီနဲ့ပဲ တွဲဝတ်မလား၊ ဘောင်းဘီတိုနဲ့ပဲ တွဲဝတ်မလား အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

မိုးတွင်းစီး ဘွတ်ဖိနပ်များ

မိုး ဖိနပ် ရွေး

မိုးအရမ်းများတဲ့ နေ့တွေဆိုရင်တော့ မိုးတွင်းစီး ဘွတ်ဖိနပ်များကို ရွေးချယ်သင့်ပါတယ်။ ရေစိုခံပြီး ကွီးတို့ ခြေထောက်က စိုစိစိုစိ ဖြစ်မှာကိုလည်း ကြောက်နေစရာ မလိုပါဘူး။ ဘွတ်ဖိနပ်တွေဆိုတော့ ခြေမျက်စိ အပေါ်ထိ ဖုံးတဲ့အတွက်ကြောင့် ကွီးတို့ ခြေထောက် တစ်ခုလုံးအတွက် ရေမစိုဖို့ ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

မိုးတွင်းစီး ကွင်းထိုးဖိနပ်များနဲ့ ခြေညှပ်ဖိနပ်များ

မိုး ဖိနပ် ရွေး

နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ မိုးတွင်းစီး ကွင်းထိုးဖိနပ်များနဲ့ ခြေညှပ် ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ တော်တော်များများကြားမှာ ခေတ်စားတဲ့ ဖိနပ်အမျိုးအစားတွေပါပဲ။ ထသွားထလာ ဟိုနား ဒီနား သွားရင်တော့ ဒီအမျိုးအစားထဲက ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဒါပေမဲ့ ရုံးတက် ရုံးဆင်ဆိုရင်တော့ Formal ပိုဆန်တဲ့ ဒီဇိုင်းမျိုးထဲက ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

ကွီးတို့ရော မိုးတွင်းမှာ ဘယ်လို ဖိနပ် အမျိုးအစားတွေကို ဝယ်စီးဖြစ်ပါသလဲ။

Source: Thehub.in

Featured Image: Gq.com