မိုးရာသီမှာ ရှိုးထုတ်ရတာသည် လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် မိုးများတဲ့ ရက်တွေမှာဆိုရင် ကိုယ့်ရဲ့ ဖက်ရှင်ကို သေချာ ရွေးချယ်နိုင်မှ တော်ရာကျပါလိမ့်မယ်။ မိုး ရာသီမှာ အရောင် အတွဲအစပ်တွေ တစ်ချက်ကလေး လွဲသွားတာနဲ့ ကွီးတို့ ဖက်ရှင် က ဂွမ်းသွားမှာပါ။

ကွီးတို့ ဖက်ရှင်တွေ ဂွမ်းမသွားချင်ဘူးဆိုရင်တော့ အခုဖော်ပြမယ့် အချက်များကို လေ့လာကြည့်လိုက်ပါ။ ဒါတွေကတော့ မိုး ရာသီမှာ ဝတ်ဆင်သင့်တဲ့ အရောင် အတွဲအစပ်တွေဖြစ်ပြီး ကွီးတို့ရဲ့ ဖက်ရှင် ကို မိမိုက်သွားစေမှာ အသေအချာပါပဲ။

အညိုရောင်နဲ့ သံလွင်စိမ်းရောင်

အညိုရောင်နဲ့ သံလွင်စိမ်းရောင်

ဒီ ဖက်ရှင် အရောင် အတွဲအစပ်ကတော့ ဒီဇိုင်နာတော်တော်များများ နှစ်သက်ကြတဲ့ ဖက်ရှင်အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ဒီလိုဖက်ရှင်မျိုးကတော့ မိုးရာသီမှာ အပေလည်း ခံသလို ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေစေမှာ အမှန်ပါပဲ။

မိုးရာသီမှာ ပေါ်လွင်နေစေမယ့် အဝါရောင်

အဝါရောင်

အရောင်တောက်တောက်ကြီးတွေ ဝတ်ဆင်ရမှာ ကြောက်နေပါသလား။ ဒီအဝါရောင်လေး စမ်းဝတ်ကြည့်လိုက်ပါ။ အဝါရောင်ကတော့ ပျော်ရွှင်မှု၊ နွေးထွေးမှုကို ဖော်ဆောင်တဲ့ အရောင်တစ်ခုပါ။ အဝါရောင်နဲ့ အညိုရောင်တို့ ရောစပ်ထားတဲ့ အဝါရောင်မှိုင်းမှိုင်းကိုလည်း ဝတ်ဆင်နိုင်သလို အဝါရောင် တောက်တောက်များသည်လည်း ဖက်ရှင်ချစ်သူများအကြား ရေပန်းစားနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

အဖြူရောင်၊ အနီရောင်နဲ့ အပြာရောင် အတွဲအစပ်

မိုး အရောင် ဖက်ရှင်

နောက်ထပ် ဖက်ရှင် Tip တစ်ခုကတော့ အဖြူရောင်တီရှပ်၊ အနီရောင်ဂျက်ကတ်နှင့် အပြာရောင်ဂျင်းဘောင်းဘီတို့ကို စတိုင်လ်ကျကျ ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။  ပေါ့ပါးလွတ်လပ်တဲ့ အသွင်မျိုး ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ ရှပ်အင်္ကျီကို အပေါ်ကနေ ဘုံပါဂျက်ကတ်လေး ထပ်ဝတ်ပေးလိုက်ပါ။ ပိုလိုရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပါကလည်း စတိုင်လ်ကျ လှပနေမှာပဲ ဖြစ်ပါတယ်။

ပန်းဖျော့ရောင်နဲ့ ဂျင်းဂျက်ကတ်ဖက်ရှင်

မိုး အရောင် ဖက်ရှင်

မိုးရာသီမှာ အရောင်ဖျော့ ဖက်ရှင်တွေကို ဝတ်ဆင်ကြဖို့ ဖက်ရှင် ဒီဇိုင်နာများက အကြံပြုထားကြပါတယ်။ ဒီလို ပန်းဖျော့ရောင်နဲ့ ဂျင်းဂျက်ကတ် ဖက်ရှင်တွေကို တွဲဖက် ဝတ်ဆင်လိုက်မယ် ဆိုရင်တော့ ငယ်ရွယ် နုပျိုတဲ့အသွင်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ရွေးချယ်စရာ မရှိရင် အနက်ရောင်သာ ရွေး

မိုး အရောင် ဖက်ရှင်

ဒီဖက်ရှင်လေးကတော့ အနက်ရောင် ကြိုက်နှစ်သက်တဲ့ အမျိုးသားများ အတွက်ပါ။ အနက်ရောင်သည် ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့အတွက်ကြောင့် ခေါင်းမစားချင်ဘူးဆိုရင်တော့ အနက်ရောင်သာ ဝတ်ဆင်လိုက်ပါ။ ဒါပေမဲ့ ကွီးတို့က အနက်ရောင်ကို ဘယ်အရောင်နဲ့ တွဲဖက်သလဲ။ ကွီးတို့ တွဲဖက်လိုက်တဲ့ အရောင်ပေါ် မူတည်ပြီး ကွီးတို့ရဲ့ ဖက်ရှင်သည် တောက်တောက်ကလေး ဖြစ်သွားမှာဖြစ်သလို ခပ်မှိုင်းမှိုင်းကလေးလည်း ဖြစ်သွားနိုင်ပါတယ်။

ကွီးတို့ရော မိုး များတဲ့ နေ့တွေမှာဆိုရင် ဘယ်လို အရောင် အတွဲအစပ်တွေနဲ့ ဖက်ရှင်ကျအောင် ရှိုးထုတ်လေ့ရှိပါသလဲ။

Source: Fashionbeans

Featured Image: Iwmbuzz