မိုလ်ဘိုင်း ဂိမ်းတော်တော်များများ အင်တာနက်ချိတ်ဆက်မှု လိုပါတယ်။ ပြဿနာက မီးပျက် ၊ Wifi ပျက် ၊ Mobile Data Connection တွေ ကျချိန်မှာ ဂိမ်းကောင်းကောင်း မဆော့ရတာပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ဆို အင်တာနက်မလိုပဲ ဆော့လို့ရတယ် Offline ဂိမ်းတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မီးပျက်ပျက် လိုင်းပျက်ပျက် ဂရုစိုက်စရာမလိုပဲ အေးအေးဆေးဆေး ဆော့နိုင်မယ့် အမိုက်စား Offline Android ဂိမ်း တွေကို ပြောပြပေးပါမယ်။

(၁) The Battle of Polytopia

Source : Midjiwan – Maker of Polytopia

The Battle of Polytopia က Turn-based Strategy ဂိမ်းတစ်ခု ဖြစ်ပါတယ်။ နယ်မြေတွေ ထိန်းချုပ်တာ ၊ ပြိုင်ဘက်တွေကို အနိုင်တိုက်တာ ၊ နည်းပညာ အဆင့်မြှင့်တင်ပြီး နယ်မြေအသစ်တွေ ရှာဖွေတာ စသည်ဖြင့် ကိုယ့်စိတ်ကြိုက် ဗျူဟာကျကျဆော့ ကစားလို့ရမယ့် စိတ်ဝင်စားစရာ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ Single နဲ့ Multiplayer Modes တွေပါဝင်ပြီး နှစ်ခုလုံးက Offline ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ဂိမ်း Modes တွေလည်း ပါဝင်တဲ့အပြင် Free ကစားလို့ရမှာလည်း ဖြစ်ပြီး အဆင့်မြှင့်တင်မယ်ဆိုရင်တော့ $4.49 ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Crossy Road

Source : Hipster Whale

Crossy Road က လူကြိုက်အများဆုံး မိုလ်ဘိုင်းဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဂိမ်း Play ပုံစံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ကိုယ့်ရဲ့ဂိမ်းဇာတ်ကောင်ကို အတားအဆီးတွေကြား ကျော်ဖြတ်သွားရမှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ဇာတ်ကောင်ပေါင်း ၁၅၀ ကျော်ပါဝင်ပြီး Offline ရော Online နဲ့ပါ ချိတ်ဆက် ကစားလို့ ရပါတယ်။ Android TV လည်း Support ပေးထားပြီး မိသားစုနဲ့ ပျော်ပျော်ပါးပါး ဆော့လို့ရမယ့် Family-Friendly ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ပိုမိုက်တာက Free to play ကစားလို့ ရတာပါပဲ။

(၃) GRID Autosport

Source : Feral Interactive

GRID Autosport က အမိုက်စား နောက်ဆုံးပေါ် Racing ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး Offline ဆော့ကစားလို့ ရပါတယ်။ ဒီဂိမ်းက $9.99 ခန့်ကျသင့်မှာဖြစ်ပြီး DLC အပါအဝင် PlayStation 3 နဲ့ Xbox 360 ဗားရှင်း အပြည့်အစုံ ထွက်ထားပါတယ်။ Graphics ပိုင်း ၊ Control ပိုင်းတွေလည်း တော်တော်လေးကို မိုက်ပြီး ပြိုင်ပွဲအမျိုးအစားပေါင်း အများကြီးကို ရွေးချယ်ကစားနိုင်မှာ ဖြစ်ပါတယ်။ Racing ဂိမ်းအလန်းကြီးကိုမှ Online ချိတ်ဆက်ပြီးရော Offline အနေနဲ့ပါ ကစားချင်တယ်ဆိုရင် GRID Autosport က သေချာပေါက် Try ကြည့်သင့်တဲ့ List ထဲမှာ ပါပါတယ်။

(၄) The Room series

Source : FireproofGames

The Room ကတော့ တော်တော်လေးကို ထူးခြားတဲ့ ပဟေဋ္ဌိဂိမ်း စီးရီးတစ်ခု ဖြစ်ပါတယ်။ ဂိမ်းအားလုံးမှာ နက်နဲတဲ့ပဟေဠိတွေ ၊ ထူးထူးခြားခြား ဂရပ်ဖစ်တွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတိုတွေ ပါရှိပါတယ်။ ဂိမ်းတစ်ခန်းတိုင်းမှာ ဝှက်ထားတဲ့ ပဟေဠိတွေကို လိုက်လံ အဖြေရှာပြီး နောက်တဆင့်ကို တက်လှမ်းရမှာပါ။ အစောပိုင်း ဂိမ်းတွေက ဇာတ်လမ်းအားဖြင့် အနည်းငယ်တိုပေမယ့် တဖြည်းဖြည်း နောက်ပိုင်းကိုရောက်လာတာနဲ့ Story တွေလည်း ပိုရှည်လာပြီး ပဟေဠိတွေကလည်း ပိုခက်ခဲနက်နဲလာမှာ ဖြစ်ပါတယ်။ ဂိမ်းအားလုံးကို Offline ကစားနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်လည်း စီရီးအလိုက် $0.99 / $1.99 / $3.99 / $4.99 ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : Cult of Mac