မိုဘိုင်းဒေတာတွေ တနေ့တခြား စျေးကြီးလာတဲ့ခေတ်ကြီးမှာ Wi-Fi တွေကိုပဲ အဓိကအားကိုးနေရတာ မဟုတ်ပါလား ? ဒါပေမယ့်လည်း မီးပျက်တဲ့ အချိန်ဆို Wi-Fi Routers တွေ အလုပ်မလုပ်တော့တဲ့ ပြဿနာကလည်း ရှိနေပြန်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် Wi-Fi Routers သုံး Power Banks ဒါမှမဟုတ် mini UPS တွေ ဝယ်ထားသင့်ပါတယ်။ ဘယ်လောက်ပဲ မီးပျက်ပျက် ကွီးတို့အိမ်က Wi-Fi မပျက်သွားဖို့ အခုပြောပြမယ့် Power Banks တွေသာ ဝယ်ထားလိုက်ပါနော်။

(၁) Talentcell Battery Pack

Talentcell Battery Pack

Photo : Guiding Tech

6000mAh Portable Li-ion ဘက်ထရီနဲ့ Power Backup ပါတဲ့ Talentcell Battery Pack ကတော့ Wi-Fi Routers တွေ အပြင် CCTV ၊ LED မီးကြိုးတွေနဲ့ VCD Players တွေကိုပါ အသုံးပြုလို့ ရနိုင်ပါတယ်။ သေးသေးကျစ်ကျစ်နဲ့ အကြမ်းခံတဲ့ ဒီဇိုင်း တည်ဆောက်ထားပြီး Device ရဲ့အရှေ့ဘက်မှာ ဘက်ထရီလက်ကျန်ကို ပြပေးတဲ့ မီးလေးတွေ ပါဝင်သလို အားသွင်းတဲ့အခါမှာ Over-Charge မဖြစ်သွားအောင် ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါပါတယ်။

(၂) Konnected UPS Backup Battery

Konnected UPS Backup Battery

Photo : Guiding Tech

Konnected UPS Backup Battery ကတော့ Wi-Fi Routers တွေနဲ့ ချိတ်ဆက်အသုံးပြုဖို့ DC Out Port ပါသလို စမတ်ဖုန်းတွေလို Secondary Device တွေကို အားသွင်းနိုင်မယ့် USB-A အပေါက် ပါရှိတဲ့ အမိုက်စား Power Bank တစ်လုံး ဖြစ်ပါတယ်။ 7,800mAh ဘက်ထရီ ပါဝင်တဲ့အတွက် ခန့်မှန်းခြေ ပျှမ်းမျှ ၈ နာရီဝန်းကျင် တောက်လျောက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) Skazeke UPS Battery Backup

Skazeke UPS Battery Backup

Photo : Guiding Tech

Wi-Fi Routers သီးသန့်အတွက်ပဲ သုံးချင်တယ်ဆိုရင်တော့ Skazeke UPS Battery Backup ကို ရွေးချယ်နိုင်ပါတယ်။ DC In Port ပါတဲ့ Wi-Fi Routers တွေနဲ့ အခြား Devices ပါ အသုံးပြုနိုင်မယ့် mini UPS ပါ။ 15,000mAh ဘက်ထရီ ပါဝင်တဲ့အတွက် Wi-Fi Routers သီးသန့် သုံးမယ်ဆိုရင် ၁၂ နာရီကနေ ၁၆ နာရီကြား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) TalentCell Rechargeable Battery Pack

TalentCell Rechargeable Battery Pack
Photo : Guiding Tech

ဘက်ထရီ mAh များများနဲ့ ဘယ်လောက်ပဲ မီးပျက် ပျက် ရှယ်အသုံးခံမယ့် Power Bank မျိုး ရှာနေရင်တော့ TalentCell Rechargeable Battery Pack ရှိပါတယ်။ 38,400 mAh ဘက်ထရီ ပါဝင်တဲ့အတွက် Wi-Fi Routers တွေနဲ့ အခြား အီလက်ထရွန်းနစ်ပစ္စည်းတွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုရ ရိုးရှင်းလွယ်ကူသလို ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ထုတ်ထားပြီး အားသွင်းချိန်မှာ ဘက်ထရီ အချက်ပြမှုစနစ်နဲ့ အားအပြည့်သွင်းပြီးတဲ့အခါမှာလည်း အားပြည့်နေပြီဖြစ်ကြောင်း သတိပေးချက်တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Source : Guiding Tech

Featured Photo : Men’s Health South Africa