အိပ်ရာထဲမှာပဲ ချစ်တင်းနှောရတာ ပျင်းစရာကောင်းပါတယ်။ တစ်ခါတစ်လေမှာ မတူညီတဲ့ လိင်မှုခံစားချက် အတွေ့အကြုံ အသစ်‌တွေကို ရှာဖွေဖို့ အိမ်ထဲက မတူညီတဲ့ နေရာတွေမှာ ပြောင်းလဲချစ်တင်းနှော သင့်ပါတယ်။ ဒီထဲမှာ စုံတွဲတွေ အများဆုံး ရွေးချယ်ကြတာကတော့ မီးဖိုချောင်ပါ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ မီးဖိုခန်း ထဲမှာ အချစ်မီးလျှံတွေ တောက်လောင်ကြမယ်ဆိုရင် ဘာတွေသိထားရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) မီးဖိုတွေ ပိတ်ထားတာ သေချာပါစေ

 Stove

Photo : The Spruce

မီးဖိုချောင်မှာ ချစ်တင်းနှောတဲ့အခါ လုံခြုံစိတ်ချရမှုဟာ ပထမအချက်ဆိုတာကို မမေ့ပါနဲ့။ မတော်တဆ အပူလောင်တာ ၊ ထိခိုက်ဒဏ်ရာရတာတွေ မဖြစ်စေဖို့ မီးဖို ခလုတ်တွေကို အရင်ဆုံး ပိတ်ထားရပါမယ်။

(၂) လက်တွေကို အမြဲဆေးကြော သန့်စင်ပါ

Handwashing

Photo : Verywell Health

မီးဖိုခန်း ထဲက ချက်ပြုတ်ရာမှာသုံးတဲ့ ပစ္စည်းတွေ ၊ အိုးခွက်တွေကို ကိုင်တွယ်ထားတယ်ဆိုရင် ကွီးတို့ရဲ့လက်တွေကို အရင်ဆုံး ဆေးကြော သန့်စင်ဖို့ လိုပါမယ်။ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိတွေ့ကိုင်တွယ်ခြင်း မပြုမီမှာ ကွီးတို့ရဲ့လက်တွေက သန့်ရှင်းနေမှ ဘေးထွက်ဆိုးကျိုးနည်းမှာပါ။ မဟုတ်ရင် မလိုလားအပ်တဲ့ ရောဂါပိုးမွှား ကူးစက်တာ ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။

(၃) အဝတ်အစားတွေ အားလုံး မချွတ်လိုက်ပါနဲ့

Underwear

Photo : Herald Sun

မီးဖိုချောင် ထဲမှာ ချစ်စခန်းဖွင့်မယ်ဆိုရင် အဝတ်အစားတွေ အကုန်လုံး ချွတ်လိုက်တာမျိုး မလုပ်ပါနဲ့။ မီးဖိုခန်းက အိပ်ရာထဲမှာလို အရမ်းကြီး သက်တောင့်သက်သာ ရှိမှာမဟုတ်သလို မထင်မှတ်ထားတဲ့ နေရာတွေ/ ပစ္စည်းတွေကနေ ခန္ဓာကိုယ်ပေါ်မှာ မတော်တဆ ပွန်းပဲ့ဒဏ်ရာ ၊ ထိခိုက်ဒဏ်ရာတွေ ရတက်ပါတယ်။ အဝတ်အစားတွေ ဝတ်ထားတဲ့ အခါမှာတော့ ဒီလို ဒဏ်ရာအနာတရ ရနိုင်ခြေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

(၄) ဓားနဲ့ ချွန်ထက်တဲ့ အရာတွေကို သတိထားပါ

Knife Set
Photo : The New York Times

မီးဖိုခန်း ဖြစ်တာနဲ့အညီ ဓား ၊ ကတ်ကြေးလို ချွန်ထက်တဲ့အရာတွေ အများကြီး ရှိပါတယ်။ ဒီလိုပစ္စည်းတွေက ကွီးတို့အတွက် အန္တရာယ်ရှိတာတော့ အမှန်ပါပဲ။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ငန်းမစတင်ခင်မှာ ဓား ၊ ကတ်ကြေးလို ချွန်ထက်တဲ့ အရာတွေကို သတိထားပြီး ခပ်ဝေးဝေးမှာ ဖယ်ထားဖို့ အကြံပေးချင်ပါတယ်။

Source : MensXP

Featured Photo : Business Insider