မော်ဒန်ခေတ်မှာ နေရင်တော့ မော်ဒန်ဆန်တဲ့ အိမ်တွင်းအလှဆင် ပစ္စည်းလေးတွေ သုံးရမှာပါပဲ။ ခက်တာတစ်ခုက မော်ဒန်ပစ္စည်းတွေဟာ ဒီဇိုင်းဆန်း အထာကျသလောက် ဈေးလည်းကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ အိပ်ခန်း ၊ ဧည့်ခန်းနဲ့ စာကြည့်စားပွဲပေါ်မှာ အလှဆင်ဖို့အတွက် DIY သစ်သား  မီးအိမ် မိုက်မိုက်လေး တစ်လုံး ဖန်တီးနိုင်မယ့် နည်းလမ်းအဆင့်ဆင့်ကို ပြောပြပေးပါမယ်။

အဆင့် (၁) သစ်သား မီးအိမ် လုပ်ဖို့အတွက် အရင်ဆုံး သစ်သားကို စကေးတိတိကျကျ ဖြတ်နိုင်ဖို့ စာရွက်ပေါ်မှာ တိကျတဲ့ အတိုင်းအဆ အမှတ်တွေနဲ့ ဖြတ်ရမယ့် Shape ပုံသဏ္ဌာန်တွေကို ချရေးပါ။

Stacked Lamp
Photo : Bored Panda

အဆင့် (၂) ဖြတ်ရမယ့် အတိုင်းတွေ ချရေးထားတဲ့ စက္ကူအပိုင်းအစတွေကို သစ်သားပေါ်မှာ ကော်နဲ့ ကပ်ပါ။

Stacked Lamp

Photo : Bored Panda

အဆင့် (၃) နောက်တစ်ဆင့်ကတော့ သစ်သားတွေကို စက္ကူပေါ်မှာ အရာပေးထားတဲ့ အတိုင်းအဆ အတိုင်း ဖြတ်တောက်ပေး ရပါမယ်။

Stacked Lamp

Photo : Bored Panda

အဆင့် (၄) ဖြတ်တောက်ထားတဲ့ သစ်သားအပိုင်းအစတွေ ချောမွေ့သွားအောင် ကော်ပတ်စားပေးပါ။

Stacked Lamp

Photo : Bored Panda

အဆင့် (၅) သစ်သားတွေ အားလုံး ဖြတ်တောက်ပြီး အချောသပ် ပြီးပြီဆိုရင်တော့ သစ်သားအောက်ခံ အထိုင်မှာ ဖန်ပြွန်မီးလုံး တပ်ဆင်ရပါမယ်။

Stacked Lamp
Photo : Bored Panda

အဆင့် (၆) ထို့နောက် ဖန်ပြွန်မီးလုံးရဲ့ အပေါ်ကနေ အလည်တိုင်တစ်ခု ထပ်စွပ်ပြီး ဖြတ်ထားတဲ့ သစ်သားအပိုင်းတွေကို တစ်ခုချင်းစီ အစဉ်လိုက် စီစီရီရီ တပ်ဆင်သွားရပါမယ်။

Stacked Lamp
Photo : Bored Panda

ဒါဆိုရင်တော့ သိပ်ကို လှပြီး မော်ဒန်ဆန်တဲ့ အမိုက်စား သစ်သား မီးအိမ် လေးတစ်လုံး ကွီးတို့ ရရှိသွားမှာ ဖြစ်ပါတယ်။

Stacked Lamp

Photo : Bored Panda

Source : Bored Panda

Featured Photo : Bored Panda