ပုံမှန်ဆော့နေကျဂိမ်းတွေ ရိုးလာလို့ မတူညီတဲ့ ဂိမ်းအတွေ့အကြုံအသစ်တွေကို ရှာချင်တယ်ဆိုရင်တော့ အမဲလိုက်ရတဲ့ Hunting ဂိမ်းတွေ ပြောင်းဆော့ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ Hunting ဂိမ်းတွေက ပျော်ရွှင်စရာကောင်းသလို ရင်ခုန်စိတ်လှုပ်ရှားစရာလည်း အပြည့်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ Hunting ဂိမ်းတွေ အများကြီးရှိတဲ့အထဲကမှ အမဲလိုက် ချင်တဲ့ မုဆိုးကျော်တို့အတွက် အကောင်းဆုံး Android Hunting ဂိမ်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) Deer Hunter 2018

Source : Glu

Deer Hunter 2018 ကတော့ Glu Mobile ကနေဖန်တီးထားတဲ့ အမဲလိုက် ဂိမ်းတွေထဲက တစ်ခုပါ။ ဒီဂိမ်းက တခြားဂိမ်းတွေထက် ဆော့ရတာပိုလေးလေးနက်နက် ရှိသလို ပိုလည်း ခက်ပါတယ်။ Weapons မျိုးစုံ Gear မျိုးစုံ တပ်ဆင်ပြီး ကမ္ဘာအနှံ့ သားကောင်တွေကို အမဲလိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက ကစားရတာ တော်တော်ပျော်ဖို့ ကောင်းပြီး Free to play ဆော့ကစားလို့လည်း ရပါတယ်။

(၂) Hunting Simulator

Source : PlayStation

Hunting Simulator ကတော့ ခပ်မိုက်မိုက်ဆော့လို့ရမယ့် Indie အမဲလိုက် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းမှာ စုစုပေါင်းမြေပုံ ၉ ခု ပါဝင်ပြီး လက်နက် ၈ ခု အမဲလိုက်ဖို့အတွက် Species စုစုပေါင်း ၁၂ ခု တို့အပြင် အမဲလိုက်မုဆိုးတွေအတွက် Gear အပိုပစ္စည်းအချို့လည်း ပါပါတယ်။ ပိုမိုက်တာက Ballistic Calculator နဲ့ လေတိုက်နှုန်းကိုလည်း တွက်ချက်တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Bugs အချို့ရှိနေပေမယ့်လည်း Graphics လည်းမဆိုးလှသလို ဆော့ရတာ တော်တော်လေး မိုက်တယ်လို့ ပြောလို့ ရပါတယ်။ Hunting Simulator ဂိမ်းကိုလည်း Free to play ဆော့ကစားလို့ ရပါတယ်။

(၃) Wild Hunt

Source : Ten Square Games

Wild Hunt ကတော့ လူကြိုက်အများဆုံးလို့ ပြောရမယ့် အမဲလိုက် ဂိမ်းတွေထဲက တစ်ခုပါ။ ဒီဂိမ်းက တော်တော်လေး လက်တွေ့ဆန်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ မြေပုံအမျိုးမျိုး ၊ မိုးရွာခြင်း/ လေတိုက်ခြင်းတွေလို အခက်အခဲ အတားအဆီးတွေနဲ့ Social Gaming Elements တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဂိမ်းထဲမှာ အပြင်လောက တကယ့်တိရစ္ဆာန်တွေ ၊ နေရာတွေကိုလည်း ထည့်သွင်းပေးထားပြီး လက်နက်တွေကို စုဆောင်းကာ အဆင့်မြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ Graphics ပိုင်းမိုက်သလို Free to play လည်းဆော့ကစားလို့ ရပါတယ်။

(၄) Big Hunter

Source : KAKAROD INTERACTIVE

Big Hunter ကတော့ Arcade အမဲလိုက်ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ Players တွေအနေနဲ့လက်နက်မျိုးစုံ ၊ နည်းပရိယာယ်မျိုးစုံနဲ့ အမဲလိုက်ရမယ့် မုဆိုးကျော်နေရာကနေ ကစားရမှာဖြစ်ပြီး ဧရာမအကောင်ကြီးတွေနဲ့ ဖိုက်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ကစားလို့ရမယ့် ပျော်စရာ အမဲလိုက် ဂိမ်းလေးဖြစ်ပြီး Free to play ဆော့ကစားလို့ ရပါတယ်။

Featured Photo : Nintendo