အရွယ်ရောက်ပြီးသား ယောကျာ်းလေးတွေတိုင်း မုတ်ဆိတ် မွေး နှုတ်ခမ်းမွေး ပေါက်တာ သဘာဝပါပဲ။ ခန္ဓာကိုယ်မှာ တချို့ အမွေးအမှင်တွေက ပုံမှန် ရိတ်သင်ပေးဖို့ လိုပါတယ်။ ဥပမာ – ဆံပင်နဲ့ မုတ်ဆိတ် / နှုတ်ခမ်းမွေးတို့ပဲ ဖြစ်ပါတယ်။ တခြား Body Hair တွေကတော့ ရိတ်ပေးစရာ မလိုပါဘူး။

Shaving

Photo : insider

မကြာခဏ Shave လုပ်ပေးရတဲ့ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး နဲ့ ပတ်သက်လို့လည်း သတိထားစရာတွေ အများကြီး ရှိပါတယ်။ ခဏခဏ ရိတ်လွန်းရင် ဓါးထိတာ ၊ အသားအရေ ခြောက်သွေ့ ပျက်စီးပြီး ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တချို့ကလည်း မုတ်ဆိတ်ရိတ်လွန်းရင် အမွေးတွေ ကြမ်းတမ်းသွားနိုင်တယ်လို့ ယူဆကြပေမယ့် ဒီအချက်ကတော့ မမှန်ပါဘူး။

ဒါပေမယ့် နေ့တိုင်းတော့လည်း မုတ်ဆိတ်မရိတ်သင့်တဲ့ အကြောင်းတွေ ရှိပါတယ်။ အထူးသဖြင့် နေ့တိုင်းရိတ်တာဟာ အသားအရေ ယားယံထိခိုက်ပျက်စီးနိုင်ပါတယ်။ မရိတ်ရင် အရင်ဆုံး Shaving Product ခပ်ထူထူလေး လိမ်းဖို့ ၊ ရိတ်ပြီးသွားရင်လည်း Moisturizing Lotion လေးနဲ့ အသားအရေ အစိုဓါတ် ထိန်းသိမ်းဖို့ လိုပါတယ်။ နောက်တစ်ချက်ကလည်း နေ့တိုင်းမုတ်ဆိတ်ရိတ်တာဟာ လူတိုင်းအတွက် အဆင်မပြေတဲ့အပြင် သေချာလည်း ပိုဂရုစိုက်ဖို့ အရေးကြီးပါတယ်။

Shaving Man

Photo : AskMen

မုတ်ဆိတ် ရိတ်ရာမှာ လူအများအတွက် အသင့်တော်ဆုံးက တစ်ပတ်ကို ၃-၄ ကြိမ် ရိတ်တာပဲ ဖြစ်ပါတယ်။ မုတ်ဆိတ်မထားချင်ဘဲ အမြဲတမ်း သပ်သပ်ရပ်ရပ် ရှင်းရှင်းပြောင်ပြောင် နေချင်သူတွေအတွက် ၂ ရက် ၁ ခါ ဒါမှမဟုတ်လည်း ၃ ရက် ၁ ခါလောက် ရိတ်ပေးနိုင်ပါတယ်။ မုတ်ဆိတ်မကြာခဏ ရိတ်သူဟာ မျက်နှာကို Moisturizer ပေးဖို့ နဲ့ မျက်နှာချေးချွတ်တာမျိုး လုပ်ပေးဖို့ လိုပါတယ်။

တစ်ပတ်တစ်ခါ ပုံမှန် မုတ်ဆိတ်ရိတ်သူတွေအဖို့တော့ သိပ်ပြီး Facial Care လုပ်စရာ မလိုပါဘူး။ ဒါပေမယ့်လည်း မုတ်ဆိတ်မရိတ်ခင် Skin Scrub လုပ်ဖို့ ၊ မုတ်ဆိတ်ဒါးကို အသစ်ပုံမှန်လဲပေးဖို့ နဲ့ မုတ်ဆိတ်ရိတ်ရာမှာ အမွေးပေါက်တဲ့ လမ်းကြောင်းအတိုင်း ရိတ်ပေးဖို့တော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

Featured Photo : viewthevibe