မုတ်သုံ ရာသီမှာ ဘယ်လိုမျိုး ရှိုးထုတ် ရမလဲဆိုတာကို စဥ်းစားရကြပ်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြသွားမယ့် ဖက်ရှင် Tips များကို အသုံးပြုပြီး ကွီးတို့ရဲ့ စတိုင်လ်ကို ပြောင်းလဲလိုက်ပါ။

ချည်ထည်နှင့် လီနင်အသားများကို ဦးစားပေးပါ

monsoon fashion

မိုးတွင်းမှာ ချည်ထည်နှင့် လီနင်သား အင်္ကျီ အဝတ်အစားများကို ဝတ်ဆင်ခြင်းက ကွီးတို့ကို စတိုင်လ် ကျစေရုံသာမကဘဲ ဝတ်ဆင်ရတာ လေဝင်လေထွက်ရှိတဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။ ထိုအသားများက ရေစိုခဲ့ရင်လည်း အခြောက်မြန်တဲ့အတွက်ကြောင့် မုတ်သုံရာသီအတွက် အရွေးချယ်သင့်ဆုံး အဝတ်အထည် အမျိုးအစားတစ်ခုပါပဲ။

အရောင်နုနု တီရှပ်များကို ဦးစားပေးပါ

monsoon fashion

အရောင်နုများသည် အပူကို စုပ်ယူမထားတဲ့အတွက်ကြောင့် ကွီးတို့ကို သက်သောင့်သက်သာဖြစ်စေပြီး အေးမြနေစေမှာပါ။ ဒါ့အပြင် မိုးရေစို သွားခဲ့ရင်လည်း အရောင်ရင့် တီရှပ်တွေလို မသိသာပါဘူး။ အရောင်နု တီရှပ် (သို့) ရှပ်နဲ့ အရောင်ရင့် ဘောင်းဘီနဲ့ တွဲစပ်ဝတ်ဆင်ရင်တော့ ကွီးတို့က ဖက်ရှင်အကျဆုံး ဖြစ်နေမှာပါ။

အရောင်ရင့် ဘောင်းဘီများကတော့ မိုးရာသီနဲ့ အသင့်တော်ဆုံးပါပဲ

မုတ်သုံ ရှိုးထုတ်

မိုးတွင်းမှာ လမ်းလျှောက်နေရင်းနဲ့ ကွီးတို့ ဘောင်းဘီအနောက်မှာ ရွံ့ဗွက်တွေ စင်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ အရောင်ရင့် ဘောင်းဘီများကို ရွေးချယ်လိုက်ပါ။ အရောင်ရင့် ဘောင်းဘီတွေက ရွံ့ဗွက်တွေကို မျက်လှည့်လို ဖျက်ပစ်နိုင်ပါတယ်။ အရောင်ရင့် ဘောင်းဘီရှည်ဆိုရ်ငတော့ Slim-fit ချီနို ဘောင်းဘီတွေကိုမှ နက်ပြာရောင်၊ အနက်ရောင် (သို့) သံလွင်စိမ်းရောင် စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။

ဘောင်းဘီတိုများနဲ့လည်း မုတ်သုံ ရာသီမှာ ရှိုးထုတ် နိုင်ပါတယ်

မုတ်သုံ ရှိုးထုတ်

မုတ်သုံ ရာသီမှာ ရှိုးထုတ် ချင်တယ်ဆိုရင်တော့ ဘောင်းဘီတိုတွေကလည်း အသုံးတည့်ပါတယ်။ ဘောင်းဘီတို ဖက်ရှင်သည် ပေါ့ပေါ့ပါးပါးရှိပြီး စတိုင်လ်လည်း ကျပါသေးတယ်။ ဘောင်းဘီတိုတွေ ရွေးချယ်တဲ့အခါမှာလည်း အခြောက်မြန်တဲ့ Polyester အသားတွေ (သို့) နိုင်လွန် အသားမျိုးကို ရွေးချယ်သင့်ပါတယ်။

မိုးတွင်းစီးဖိနပ်တွေကိုလည်း ရွေးချယ်ဖို့ မမေ့ပါနဲ့

မုတ်သုံ ရှိုးထုတ်

မိုးတွင်းစီးဖိနပ်များက ကွီးတို့ ခြေထောက် ရေစိုတဲ့အခါ အခြောက်မြန်အောင် ကူညီပေးပါတယ်။ ရေကြောင့် ခြေထောက်က စိုစိ စိုစိဖြစ်ပြီး ခြေထောက် အနံ့ နံခြင်းကနေ ကာကွယ်ပေးပါတယ်။ ပုံမှန် ထသွားထလာဆိုရင်တော့ ခြေညှပ်ဖိနပ်များ၊ ကွင်းထိုး ဖိနပ်များကို စီးသင့်ပြီး ပွဲတက် အခမ်းအနားအတွက်ဆိုရင်တော့ ရေစိုခံ ရှူးဖိနပ်များကို ရွေးချယ်သင့်ပါတယ်။

ရေစိုခံ နာရီတွေက အသက်ပါပဲ

မုတ်သုံ ရှိုးထုတ်

ရေစိုခံ​နာရီတွေက မိုးရေ ဘယ်လောက်စိုစို ပျက်စီး မသွားဘဲနဲ့ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် မိုးရာသီဆိုရင်တော့ ရာဘာ နာရီ လက်ပတ်ကြိုးများ (သို့) စီလီကွန် လက်ပတ်ကြိုးတွေက ပိုပြီး သက်သောင့်သက်သာဖြစ်ပြီး ရေစိုလည်း ခံပါတယ်။

ကွီးတို့ရော မိုးများများ ရွာသွန်းတဲ့အချိန်မှာ ဘယ်လိုမျိုး ရှိုးထုတ်လေ့ရှိပါသလဲ။

Source: Thehub.in

Featured Image: Newsbytesapp