ကွီးတို့ အရက် မူးအောင်သောက်ပြီး လိင်ကိစ္စ လုပ်တာဟာ အန္တရာယ်ကို လက်ယပ်ခေါ်တာနဲ့ အတူတူပါပဲ။ အလွန်အကျွံ မူးတဲ့အထိ သောက်လိုက်တာနဲ့ ကွီးတို့ရဲ့ အသိစိတ်တွေဟာ ထိန်းချုပ်မှုအောက်နေ လွတ်ထွက်သွားပါလိမ့်မယ်။ ထိုအခါ ဘယ်အရာက ကွီးတို့ကို အန္တရာယ်ရှိစေမလဲဆိုတာ ကောင်းကောင်းကြီး ခွဲခြားသိမြင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လိင်မှုကျန်းမာရေးနဲ့ ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို မဖြစ်စေဖို့ မူးပြီးမမှားခင် ကွီးတို့အနေနဲ့ သိကိုသိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့် Limits ကိုထိန်းပါ
Photo : Healthline
အရက်သောက်တဲ့အခါ ကိုယ့်ရဲ့ Limits ကို အမြဲတမ်း သတိကပ်နေဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ထိန်းချုပ်မှုအောက်မှာ ထားနိုင်မှာဖြစ်ပြီး ဘယ်အရာက ကွီးတို့ကို ဘေးဖြစ်စေမလဲ ၊ ဘေးမဖြစ်စေဘူးလဲဆိုတာကို ခွဲခြားသိမြင်နိုင်မှာပါ။ လိင်ကိစ္စ အပါအဝင် အခြေအနေတိုင်းမှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ၊ တုံ့ပြန်မှုတွေကို ကွီးတို့ လုပ်ဆောင်နိုင်ဖို့ အရက်ကို Limits နဲ့သာ သောက်သင့်ပါတယ်။
(၂) အကာအကွယ် အမြဲသုံးပါ
Photo : The Hill News
လိင်ကိစ္စ လုပ်ပြီဆိုတာနဲ့ ဘယ်လောက်ပဲ သောက်ထားသောက်ထား ၊ ဘယ်လောက်ပဲ မူးနေပါစေ အကာအကွယ် အမြဲသုံးရမယ်ဆိုတဲ့ အသိစိတ်ကိုတော့ ကပ်ထားရပါမယ်။ မူးတဲ့အချိန်မှာ စိတ်အလိုလိုက်ပြီး အကာအကွယ်မဲ့ ဆက်ဆံလိုက်မယ်ဆိုရင် နောက်ဆက်တွဲ ကွီးတို့ ရှင်းရနိုင်တဲ့ ပြဿနာတွေဟာ အများကြီးပါ။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အတူနေတော့မယ်ဆိုတာနဲ့ အကာအကွယ်ကို တစ်ခါတည်း အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
(၃) နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြင်ဆင်ထားပါ
Photo : Spero Recovery Center
မူးအောင်လည်း သောက်လိုက်မိပြီ ၊ အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာလှုပ်ရှားတွေကိုလည်း ကျူးလွန်မိပြီးပြီ ဆိုရင်တော့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းဖို့ကိုပဲ လုပ်ရတော့မှာပါ။ ဥပမာအားဖြင့် အရေးပေါ် သန္ဓေတားဆေးသုံးတာ ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေး အချိန်မှီသောက်တာ ၊ စိတ်မရှင်းရင် မရှင်းသလို ကျန်းမာရေး စစ်ဆေးမှုခံယူတာ စတဲ့အချက်တွေကို သေချာပေါက် ပြင်ဆင်လုပ်ဆောင်သွားဖို့ လိုပါတယ်။
Source : Healthsite
Featured Photo : Redwood Bark