လူအမျိုးမျိုးက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဂိမ်းဆော့ကြပါတယ်။ အချို့က စိတ်ဖိစီးမှုများကို ဖြေဖျောက်ဖို့အတွက် ဆော့ကစားကြပြီး အချို့ကတော့ ပျင်းလို့ လုပ်စရာမရှိလို့ ဂိမ်းဆော့ကြတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ လောင်ရတဲ့​ဂိမ်းတွေထက် မျက်စိ ကို ရှင်ရှင်ထားပြီး ဆော့ရတဲ့ ဂိမ်း မျိုးကို ဦးစားပေး ဆော့ကစား သင့်ပါတယ်။

Temple Run 2

Source: Temple Run

ကွီးတို့ ကြိုက်နှစ်သက်ရာ ကာရိုက်တာတစ်ခုကို ရွေးချယ်ကာ ဂူထဲ ဝင်ပြီး ဒင်္ဂါးပြားများကို စုဆောင်းရမှာပဲ ဖြစ်ပါတယ်။ မျက်စိလည်း လျင်ရမှာဖြစ်သလို ကွီးတို့ လက်ကလည်း သွက်နေအောင် ထားပြီး ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။

Top Troops

Source: Top Troops

ဂိမ်းရဲ့ ဇာတ်လမ်းကတော့ ရာဇပလ္လင်ကို မရတဲ့ မင်းသားငယ်က မနာလိုဝန်တိုစိတ်များ ပြည့်နှက်သွားပြီး မကောင်း ဆိုးဝါးအဖြစ် ပြောင်းလဲဿွားကာ ထီးနန်းကို ပြန်လည် သိမ်းပိုက်တဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ထိုမကောင်းဆိုးဝါးကို အနိုင်တိုက်နိုင်မှသာလျှင် ကွီးတို့သည် ထိုဂိမ်းမှာ နိုင်မှာဖြစ်ပါတယ်။

Moto X3M Spooky Land

Source: Bio2oons

ဒီဂိမ်းကတော့ ဟောလိုးဝင်း ဂိမ်းပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဟောလိုးဝင်း Theme ပုံစံမျိုး ထည့်ထားပြီး ကွီးတို့က ထိုဂိမ်းထဲမှာ ဆိုင်ကယ်စီးရမှာပဲဖြစ်ပါတယ်။ စတန့်မျိုးစုံ ပြုလုပ်နိုင်လေ အမှတ်ပိုရလေပါပဲ။

Cash of Clans

Source: Cash of Clans

Supercell က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ကိုယ့် လူမျိုးစုကို ကြီးမားလာအောင် ဖန်တီး ဆော့ကစားကာ သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး အတူတူ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Pokémon Go

Source: The Official Pokémon YouTube channel

လူကြိုက်များတဲ့ မိုဘိုင်းလ်ဂိမ်းတွေထဲမှာ Pokémon Go ကလည်း တစ်ခု အပါအဝင်ပါပဲ။ တကယ့် ကမ္ဘာ အစစ်အမှန်ထဲမှာ လျှောက်သွားရင် ပိုကီမွန် အကောင်လေးတွေကို ဖမ်းယူရတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ မျက်စိ လျင်ဖို့ လိုတဲ့ ဂိမ်း တစ်ခုဆိုလည်း မမှားပါဘူး။ ဂိမ်းလည်း ဆော့ဖြစ် လေ့ကျင့်ခန်းလည်း လုပ်ဖြစ်တာပေါ့။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်လိုဂိမ်းမျိုး ဆော့ကစားရတာကို ကြိုက်နှစ်သက်ပါသလဲ။

Source: CrazyGames

Featured Image: Androidauthority