ကွီးတို့ မျက်နှာပေါ်မှာ ဝက်ခြံတွေ ဗရပွ ပေါက်နေလို့ စိတ်ညစ်နေပါသလား။ မျက်နှာ ပေါ်က ဝက်ခြံ တွေကို ပြုတ်ပြုတ် ပြုန်း သွားစေမယ့် နည်းလမ်းကောင်းလေးတွေရှိတယ်ဆိုရင် ထိုနည်းလမ်းတွေကို သေချာအသုံးချကြည့်ချင်ရဲ့လား။

ကိုယ့်အသားအရေကို အမှန်တကယ် ဂရုစိုက်တဲ့ ကွီးတို့အတွက် အဖိုးတန်တဲ့ နည်းလမ်းကောင်းလေးများကို ဝေမျှပေးလိုက်ရပါတယ်။

နည်းလမ်း (၁) ပန်းသီးရှာလကာရည် အသုံးပြုပါ။

မျက်နှာ ဝက်ခြံ ပြုန်း

ပန်းသီးရှာလကာရည် ၁ ဆ၊ ရေ ၃ ဆ ရောကာ သမအောင် ရောမွှေပေးလိုက်ပါ။ တကယ်လို့ ကွီးတို့ အသားအရေက Sensitive အသားအရေပိုင်ရှင်ဆိုရင်တော့ ရေများများ ထည့်ကာ အသုံးပြုပါ။

ထို့နောက် မျက်နှာကို မျက်နှာသစ်ဆေးဖြင့် သန့်စင်အောင် သစ်ပေးလိုက်ပါ။ ထို့နောက် ဂွမ်းစလေး အသုံးပြုပြီး စောစောက အရောအနှောကို နှစ်ပေးလိုက်ကာ မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၅ စက္ကန့်မှ စက္ကန့် ၂၀ အထိ တောင့်ထားပြီးနောက် ရေဖြင့် ပြန်ဆေးချလိုက်ပါ။ ထို့နောက် မျက်နှာကို အကြမ်းပတမ်း မသုတ်ဘဲနဲ့ ခပ်ဖွဖွလေးသာ သုတ်ပေးလိုက်ပါ။

ထိုနည်းလမ်းကို အသုံးပြုကာ တစ်ရက်လျှင် ၁ ကြိမ်မှ ၂ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။

နည်းလမ်း (၂) ပျားရည်နှင့် သစ်ကြမ်းပိုးခေါက် အသုံးပြုပါ

မျက်နှာ ဝက်ခြံ ပြုန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို သမအောင် ရောမွှေကာ အနှစ်များရသွားအောင် ဖန်တီးလိုက်ပါ။

ထို့နောက် မျက်နှာပေါ် မလိမ်းခင် မျက်နှာအရင်သစ်ထားလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်ကြာအောင် ပေါင်းတင်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မျက်နှာသစ်ချလိုက်လို့ရပါပြီ။ ပျားရည်သည် ပျက်စီးနေတဲ့ အသားအရေကို ပြန်လည် ကြည်လင် ဝင်းပလာအောင် ကူညီပေးပြီး မျက်နှာ ပေါ်က ဝက်ခြံ တွေကို အမြတ်ကနေ ပြုတ်ပြုတ်။ ပြုန်း သွားစေအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

နည်းလမ်း (၃) ရှားစောင်းလက်ပတ် အသုံးပြုပါ

မျက်နှာ ဝက်ခြံ ပြုန်း

ရှားစောင်းလက်ပတ်အပင်ကနေ ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းဖြင့် အသာအယာခြစ်ထုတ်လိုက်ပါ။ ထို့နောက် မျက်နှာကို သန့်ရှင်းစင်ကြယ်သွားအောင် အရင်ဦးဆုံး မျက်နှာသစ်ပါ။ ထို့နောက် ရှားစောင်းလက်ပတ်ဂျယ်ကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ တစ်နေ့လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီလို သဘာဝ နည်းလမ်းတွေနဲ့ ပုံမှန် ပေါင်းတင်ပေးမယ်ဆိုရင် ကွီးတို့ မျက်နှာ ပေါ်က ဝက်ခြံ တွေက ပြုတ်ပြတ် ပြုန်း သွားမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ အသားအရေက အရင်အတိုင်း ပြန်ကောင်းလာတယ်ဆိုပြီး ပစ်ထားလို့ မရပြန်ပါဘူး။ ပုံမှန် အတိုင်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ဝက်ခြံ ပြန်ပေါက်ခြင်းမှ ကာကွယ်ဖို့ရန်အတွက်

Asian young man washing his face

  • မျက်နှာ ပုံမှန်သစ်ပါ။
  • အစိုဓာတ်ထိန်းခရင်မ် Moisturizer အသုံးပြုပါ။
  • မျက်နှာကို လက်ဖြင့် မကြာခဏ ထိကပ်ခြင်းမှ ရှောင်ကြဥ်ပါ။
  • စိတ်ဖိစီးမှုများကို လျော့ချပါ။
  • ဖြစ်နိုင်ရင် နေပူထဲ မသွားပါနဲ့။ နေပူထဲ ထွက်ရမယ်ဆို ဦးထုပ်နဲ့ ထီးတို့ ဆောင်းသွားပါ။
  • ဝက်ခြံ ပေါက်လာခဲ့သည်ရှိသော် လက်ဖြင့် ညှစ်ခြင်းမျိုး မပြုလုပ်ပါနဲ့။

ဒါဆိုရင်တော့ ကွီးတို့ မျက်နှာက ဝက်ခြံတွေက ကွီးတို့ကို ထာဝရ နှုတ်ဆက်သွားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်မျက်နှာပေါ်က ဝက်ခြံတွေကို ဘယ်လိုမျိုး တိုက်ထုတ်လေ့ရှိပါသလဲ။

Source: Healthline

Featured Image: Freepik