ကွီး တို့ရဲ့ မျက်နှာ ပေါ်က သေးငယ်တဲ့ အမည်းစက် တွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျနေပြီလား။ မျက်နှာပေါ်က အမည်းစက်တွေ ဟာ ဝက်ခြံကနေ တဆင့် အမာရွတ်နဲ့ အစက်အပြောက်တွေ ဖြစ်ပေါ်လာစေတာဖြစ်သလို ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့ အလှ ကုန် ပစ္စည်းတွေ အသုံးမိတဲ့အခါ ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတဲ့အခါ တွေမှာလည်း အမည်းစက် နဲ့ အစက်အပြောက်တွေ ဖြစ်လာစေပါတယ်။ ဒီတစ်ခါမှာတော့ မျက်နှာ အရေပြားပေါ်က စိတ်ရှုပ်စရာ အမည်းစက်တွေကို ရှင်းထုတ်ပြီး အသားအရေ ကြည်လင် ကောင်းမွန်စေမယ့် အိမ်တွင်းကုထုံး နည်းလမ်းကောင်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ခရမ်းချဉ်သီး ၊ ပျားရည် ၊ oatmeal


Photo : Lifeberrys

ကြိတ်ချေထားတဲ့ ခရမ်းချဉ်သီး ၁ လုံး ၊ ပျားရည် အနည်းငယ်နဲ့ oatmeal တို့ကို ရောစပ်ပြီး သမအောင် မွှေပါ။ အဆိုပါ ရောစပ်မွှေထားတဲ့ ခရမ်းချဉ်သီးအနှစ်ကို မျက်နှာအနှံ့ အထူးသဖြင့် အမည်းစက်တွေ ဖြစ်ပေါ်နေတဲ့ နေရာတဝိုက်ကို စက်ဝိုင်းပုံ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။ တစ်ပတ် ၁ ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် အမည်းစက်တွေ သိသိသာသာလျော့ပါး သွားစေမှာဖြစ်ပါတယ်။

(၂) နနွင်း ၊ အုန်းဆီ (သို့) သံလွင်ဆီ


Photo : Times of India

နနွင်းဟာ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး ၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အရေပြားချွေးပေါက်အတွင်းပိုင်း အထိ သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ ပန်းကန်တစ်လုံးထဲမှာ နနွင်း ၁ ဇွန်း နဲ့ အုန်းဆီ (သို့) သံလွင်ဆီ တို့ကိုရောစပ်ပြီး သမအောင်မွှေပေးပါ။ နနွင်းအနှစ်ကို မျက်နှာ အနှံသေချာ လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားပြီး ရေခပ်နွေးနွေးဖြင့် မျက်နှာသစ်လိုက်လို့ ရပါပြီ။ အမည်းစက်နဲ့ ဝက်ခြံကြောင့် အသားအရေ နီမြန်းရောင်ရောင်းခြင်းတွေကို သက်သာစေပြီး အမည်းစက် ကင်းတဲ့ အသားအရေကို ရရှိလာစေမှာ ဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပတ်


Photo : Prevention

ရှားစောင်းလက်ပတ်အပင်ကနေရရှိတဲ့ သဘာဝ ရှားစောင်းလက်ပတ် ဂျယ်လ်ကို မျက်နှာ အရေပြားအနှံ့ လိမ်းပေးပါ။ အထူးသဖြင့် အမည်းစက် တွေရှိတဲ့ နေရာတဝိုက်ကို မထူမပါးလေး လိမ်းပေးရမှာ ဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီးအချိန်မှာ ပြုလုပ်နိုင်ပြီး တစ်ညလုံးထားကာ မနက်မှ ကြက်သီးနွေးရေဖြင့် မျက်နှာသစ်လိုက်မယ်ဆိုရင် အမည်းစက် တွေကို သက်သာစေပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

(၄) ဒိန်ချဉ် ၊ ပျားရည် ၊ oatmeal


Photo : Daily Sabah

ဒိန်ချဉ်ဟာ မျက်နှာအရေပြားပေါ်က အမည်းစက် နဲ့ အသားအရေ မညီညာခြင်းတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ် ၁ ဇွန်း ၊ ပျားရည်အနည်းငယ်နဲ့ oatmeal တို့ကို သန့်စင်တဲ့ ပန်းကန်တစ်ခုထဲမှာ ရောထည့်ပြီး သမအောင်မွှေပေးပါ။ ထို့နောက် မျက်နှာအရေပြားအနှံ့ လိမ်းကျံပြီး ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးဖြင့် ဆေးချလိုက်လို့ ရပါပြီ။ မျက်နှာ ပေါ်က အမည်းစက် နဲ့ အစက်အပြောက်တွေကို သိသိသာသာလျော့ ပါးသက်သာသွားစေမှာ ဖြစ်ပါတယ်။

Featured Photo : British GQ