မျက်လုံးဟာ စိတ်ဝိညာဉ်ရဲ့ ပြတင်း တံခါးတစ်ချပ်လို့ ဆိုကြပါတယ်။ မျက်လုံးပုံ တက်တူးတွေက ဆွဲဆောင်မှု အားကောင်းသလို လျှို့ဝှက်ဆန်းကြယ်ခြင်း ၊ အကာအကွယ်ပေးခြင်း ၊ ပြတ်သားခြင်း စတဲ့အချက်တွေနဲ့ ဆက်စပ်နေတာပြီး မကောင်းတဲ့ ဝိညာဉ်တွေကို ကာကွယ်ပေးတယ် ၊ အဆိုးမြင် စွမ်းအင်တွေကိုဖယ်ရှားပေးတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိ ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးချစ်သူကွီးတို့အတွက် မြင်သူတိုင်း နှစ်ခါပြန်လှည့်ကြည့်ရမယ့် ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ညို့အားပြင်း မျက်လုံးပုံ တက်တူးဒီဇိုင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Eye of Horus လို့ခေါ်တဲ့ အီဂျစ်ရိုးရာ မျက်လုံးပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၂) ထိုးထွင်းသိမြင်မှုနဲ့ ဉာဏ်ပညာကို ကိုယ်စားပြုတဲ့ Third Eye တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၃) စွမ်းအားကြီးပြီး ကြောက်ရွံ့ခြင်း ကင်းမဲ့တဲ့ ကျားမျက်လုံးပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၄) ရဲရင့်မှုနဲ့ သတ္တိကို ကိုယ်စားပြုတဲ့ တောဘုရင် ခြင်္သေ့မျက်လုံးပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၅) အသိပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကိုယ်စားပြုတဲ့ ဇီးကွက်မျက်လုံးပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

(၆) လျင်မြန်ဖျက်လက်မှု ၊ သစ္စာစောင့်သိမှု ၊ မိသားစုကို အကာအကွယ်ပြုမှုနဲ့ ကြောက်ရွံ့မှုကင်းမဲ့ခြင်းကို ကိုယ်စားပြုတဲ့ ဝံပုလွေ မျက်လုံးပုံတက်တူး ဒီဇိုင်း


Photo : The Trend Spotter

(၇) ယောက်ျားပီသမှု ၊ သာယာဝပြောမှုတွေနဲ့ ဆက်စပ်နေပြီး ဉာဏ်ပညာ ၊ ခွန်အားတို့ကို ကိုယ်စားပြုတဲ့ ဒဏ္ဍာရီလာ နဂါးမျက်လုံးပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၈) အမျိုးသားတွေရော အမျိုးသမီးတွေပါ ရေးထိုးနိုင်မယ့် ဆွဲဆောင်မှုအရှိဆုံး လိပ်ပြာနဲ့ မျက်လုံးပေါင်းစပ်ထားတဲ့ တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၉) လူငယ်ဆန်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့အပြင် ဘာသာရေးဆိုင်ရာ အဓိပ္ပါယ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ တြိဂံမျက်လုံး တက်တူးဒီဇိုင်း


Photo : The Trend Spotter

(၁၀) အသွင်ပြောင်းခြင်း ၊ အသစ်တဖန် ပြန်လည်မွေးဖွားခြင်းတွေကို ကိုယ်စားပြုတဲ့ ဆွဲဆောင်မှုအရှိဆုံး မြွေမျက်လုံးပုံတက်တူးဒီဇိုင်း


Photo : The Trend Spotter

အခုဖော်ပြပေးခဲ့တဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ညို့အားပြင်း မျက်လုံးပုံ တက်တူးတွေထဲက ဘယ်တက်တူးဒီဇိုင်းက ကွီးတို့အကြိုက်နဲ့ ထပ်တူကျလဲဆိုတာ ကွန်းမန့်မှာ ပြောခဲ့ပါဦး။

Featured Photo : The Trend Spotter