မျက်လုံးလေးတွေက အမြင်အာရုံ စနစ်၏ အင်္ဂါများ ဖြစ်ပြီး ကွီးတို့ မနက်အိပ်ရာထတဲ့အချိန် မှစပြီး ညအိပ်တဲ့အထိ အလုပ်လုပ်ပေးသော အာရုံခံစနစ် တစ်ခုဖြစ်ပါတယ်။ အမြင်အာရုံကို ပံ့ပိုးပေးတဲ့ မျက်လုံးလေးများက လူတစ်ယောက် နေ့စဉ်သွားလာ လှုပ်ရှားမှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။ တိုးတက်လာတဲ့ ခေတ်စနစ် နဲ့အညီ မျက်လုံးများကလည်း ဖုန်း ၊ ကွန်ပျူတာ စသောပစ္စည်းများကြောင့် အရင်ကထက်ပို အလုပ်လုပ်လာရပါတယ်။ ဒီလို အရေးကြီးတဲ့ မျက်လုံးလေးတွေ ကျန်းမာပြီး အမြင်အာရုံ ရေရှည်ကောင်းစေဖို့ ဂရုစိုက်ရန် လိုအပ်ပါတယ်။ ဒါ့ကြောင့် မျက်လုံးလေးတွေ ကိုဂရုစိုက်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။

(၁) ကောင်းကောင်းစားပါ

မျက်လုံးလေးတွေ အမြင်အာရုံ

Photo : DentFirst

ကွီးတို့ရဲ့ မျက်လုံးလေးတွေ ကျန်းမာပြီး အမြင်အာရုံ ကောင်းဖို့အတွက် ကွီးတို့ပန်းကန်ပြားပေါ်မှာရှိတဲ့ အစားအစာတွေကနေ စတင်လိုက်ပါ။ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ လူတင်၊ ဇင့်နှင့် ဗီတာမင် C နှင့် E ကဲ့သို့သော အာဟာရဓာတ်များသည် အမြင်အာရုံဆိုင်ရာ ချိုယွင်းချက်နှင့် အတွင်းတိမ်များ ကဲ့သို့ အသက်အရွယ်နှင့်ဆိုင်သော အမြင်အာရုံဆိုင်ရာ ပြဿနာများကို ဖယ်ရှားပေးနိုင်ပါတယ်။ ထိုအာဟာရဓာတ်များ ပါဝင်သောအစားအစာများကို စားသုံးပေးပါ။

ဟင်းနုနွယ်ရွက်၊ ကိုက်လန်နဲ့ ကော်လဒ်တွေလို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ၊ ဆယ်လ်မွန်ငါး၊ တူနာငါး နှင့် အခြားအဆီများသော ငါးများ ၊ ဥများ၊ အခွံမာသီးများ၊ ပဲများနှင့် အခြားအသားမဟုတ်သော ပရိုတင်းအရင်းအမြစ်များ လိမ္မော်သီးနှင့် အခြားလိမ္မော်သီး သို့မဟုတ် ဖျော် ရည်များစသည့် ညီညွတ်မျှတသော အစားအသောက်များသည် ကွီးတို့အား ကျန်းမာသော ကိုယ်အလေးချိန်ရှိစေရန် ကူညီပေးရုံသာမက၊ မျက် လုံးလေးတွေ ကို အမြင်အာရုံ ကောင်းစေရန်လည်း ကူညီပေးပါတယ်။ ၎င်းသည် လူကြီးများတွင် မျက်စိကွယ်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည့် ဆီးချိုရောဂါကဲ့သို့သော အဝလွန်ခြင်းနှင့် ဆက်စပ်ရောဂါများကို လျော့နည်းစေသည်။

(၂) နေကာမျက်မှန်တပ်ပါ

မျက်လုံးလေးတွေ အမြင်အာရုံ
Photo : ThreadCurve

သင့်တော်တဲ့ နေကာမျက်မှန် တစ်စုံက ကွီးတို့မျက်လုံးကို နေရဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ ခရမ်းလွန်ရောင်ခြည် အလွန်အကျွံ ထိတွေ့ခြင်းက အတွင်းတိမ်နှင့် အမြင်အာရုံယို့ယွင်းခြင်း ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ UVA နှင့် UVB Rays များကို ၉၉ ရာနှုန်း မှ ၁၀၀ ရာနှုန်း အထိ တားဆီးပေးသော မျက်မှန်အမျိုးအစားကို ရွေးချယ်ပါ။ မျက်မှန်အဝိုင်းတွေက မျက်လုံးကို ဘေးကနေ ကာကွယ်ပေးပါတယ်။ မြန်မာနိုင်ငံလို ပူပြင်းတဲ့နေရာမှာ ကွီးတို့ မျက်လုံးလေးတွေ ကျန်းမာစေဖို့ နေကာမျက်မှန် မဖြစ်မနေတတ် ပေးပါ။

(၃) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြည်ပါ

smoking
Photo : Verywell mind

ဆေးလိပ်သောက်သုံးခြင်းက အခြားသော ကျန်းမာရေးပြဿနာများအပြင် ကွီးတို့ မျက်လုံးလေးတွေ ရဲ့ အမြင်အာရုံ ကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် အတွင်းတိမ် နှင့် မျက်စိအာရုံကြောစနစ်တို့ကို ပျက်စီးစေပါတယ်။

(၄) မျက်လုံးလေးတွေကို အနားပေးပါ

eyes
Photo : Fivesquid

ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် မျက်လုံးလေးတွေက ညောင်းညာပင်ပန်းလာ နိုင်ပါတယ်။ မျက်စိလေးတွေ ညောင်း ညာပင်ပန်းခြင်းကို လျှော့ချရန် မျက်လုံးလေးများကို ခဏမှိတ်ထား ပြီး အနားယူပါ။ သို့မဟုတ် (20-20-20 Rule) ကို စမ်းကြည့်ပါ။ ကွီးတို့ မျက်လုံးညောင်းလာပြီဆိုရင် မိနစ် ၂၀ တိုင်း ၂၀ ပေအကွာခန့်ကို စက္ကန့် ၂၀ ကြည့်ပါ။ ဒီနည်းလမ်းတွေက ကွီးတို့မျက်လုံးလေးတွေ ကျန်းမာပြီး အမြင်အာရုံ ကောင်းစေဖို့များစွာအထောက်အကူ ဖြစ်စေပါတယ်။

Source : WebMD

Featured Photo : All About Vision