မျက်လုံးတွေက သင့်အကြောင်းကို အများကြီးဖော်ပြနိုင်တယ်ဆိုတာ သိပါသလား? မျက်လုံးဟာ စိတ်ရဲ့အလင်းတံခါးတစ်ခုလို့ ပြောကြပါတယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ၊ ခံစားမှုအားလုံးဟာ မျက်လုံးမှာလာပြီး အရိပ်ထင်ဟပ်စေပါတယ်။ နောက်တစ်ချက်ကတော့ မျက်လုံးအရောင် ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အခြေခံစရိုက်လက္ခဏာတွေကို သိနိုင်တာပါပဲ။ ဒီဆောင်းပါးလေးမှာကတော့ သင့်ရဲ့မျက်လုံးအရောင်က သင့်အကြောင်း ဘာတွေပြောပြနေလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) အညိုရောင် မျက်လုံး

Brown Eyes

Photo : NVISION Eye Centers

အညိုရောင် မျက်လုံးပိုင်ရှင်တွေဟာ ပုံမှန်အားဖြင့် ဆွဲဆောင်မှုရှိကြသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဖန်တီးနိုင်စွမ်းလည်း ကောင်းကြပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ သတ်မှတ်ပိုင်းခြားတက်ကြပေမယ့် တစ်ခါတစ်လေမှာတော့ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသဖို့ ခက်ခဲတက်ကြပါတယ်။

(၂) အနက်ရောင် မျက်လုံး

Black Eyes

Photo : The Hindu

အနက်ရောင် မျက်လုံးပိုင်ရှင်တွေဟာ လျှို့ဝှက်ဆန်းကြယ်တက်ကြပြီး အလိုလိုသိမြင်နိုင်စွမ်းအားလည်း ကောင်းကြပါတယ်။ သူတို့ဟာ ယုံကြည်စိတ်ချရတဲ့ သူတွေဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ ထုတ်ဖော်ပြောကြားမယ့်သူတွေမဟုတ်ပါဘူး။ သူတို့ဟာ တာဝန်ဆိုတာအရာကို ကောင်းကောင်းနားလည်မှု ရှိကြပြီး သစ္စာတရားကို အလေးထားသူတွေပါ။ အလုပ်ကြိုးစားပြီး အကောင်းမြင်တတ်တဲ့ စိတ်နေစိတ်ထားရှိသူတွေ ဖြစ်တာကြောင့် လူတွေရဲ့ လေးစားချစ်ခင်မှုကို ရရှိကြပါတယ်။

(၃) ဟေဇယ်ရောင် မျက်လုံး

Hazel Eyes

Photo : Essilor

ဟေဇယ်ရောင်ဆိုတာ နီညိုရောင် ဒါမှမဟုတ် စိမ်းညိုရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားသူတွေပါ။ သူတို့ဟာ သဘာဝဆန်တဲ့အရာတွေကို နှစ်သက်ကြပြီး ပျော်ရွှင်မှုနဲ့ စွန့်စားခန်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ သူတို့ဟာ အခြေအနေ အချိန်အခါအားလုံးနဲ့ လိုက်လျောညီထွေနေတက်ကြပြီး သတ္တိရှိကြသလို အလွယ်တကူလည်း ငြီးငွေ့တက်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ချောမောလှပပြီး ဆွဲဆောင်မှုရှိကြပါတယ်။

(၄) မီးခိုရောင် မျက်လုံး

Grey Eyes

Photo : Verywell Health

မီးခိုရောင် မျက်လုံးပိုင်ရှင်တွေဟာ စိုးမိုးနိုင်စွမ်းရှိတယ် ၊ သန်မာပြီး နူးညံ့တယ် ၊ တော်ရုံတန်ရုံ ပေါက်ကွဲတာ ၊ ရန်လိုတာ တော်တော်လေး မရှိသလောက်ကို နည်းကြပါတယ်။ များသောအားဖြင့် သူတို့လုပ်သမျှအရာအားလုံးဟာ သူတို့ရဲ့ဝါသနာကို အခြေခံတဲ့ အရာတွေပါ။ အချစ်နဲ့ ရိုမန့်တစ်ဆန်မှုကို အတော်လေး အလေးအနက် ထားကြပါတယ်။ သူတို့ရဲ့ အတွင်းစိတ်စွမ်းအား ၊ ခွဲခြမ်းစိတ်ဖြာတွေးခေါ်မှုနဲ့ ကျိုးကြောင်းဆီလျော်အောင် လုပ်နိုင်စွမ်းတွေက သူတို့ရဲ့အဓိက အားသာချက်တွေလို့ ပြောရမှာပါ။

(၅) အပြာရောင် မျက်လုံး

blue eye

Photo : Unsplash

အပြာရောင် မျက်လုံးပိုင်ရှင်တွေဟာ တော်တော်လေး ထူးခြားပါတယ်။ သူတို့ဟာ ဆွဲဆောင်မှု အားကောင်းကြသလို ၊ စမတ်ကျကျ နေထိုင်တက်ကြသူတွေပါ။ ငြိမ်းချမ်းခြင်းရဲ့သဘောကိုလည်း ဆောင်ကြပြီး ရေရှည်ဆက်ဆံရေးတစ်ခုကို ထိန်းထားနိုင်ကြသူတွေလည်း ဖြစ်ပါတယ်။ အခြားသူတွေကို သူတို့ရဲ့ ကြင်နာမှု ၊ ရိုးသားမှုတွေနဲ့ ပျော်ရွှင်ခြင်းကို ဖန်တီးပေးတက်ကြသူတွေဖြစ်ပြီး များသောအားဖြင့် Extroverts တွေ ဖြစ်ကြပါတယ်။

ကွီးတို့ရဲ့ မျက်လုံး အရောင်ကတော့ ဘာဖြစ်မလဲ???

Featured Photo : All About Vision