တစ်ဖက်သတ်အချစ်၊ မြင်မြင်ချင်း ချစ်မိသွားတဲ့အချစ်၊ အမြဲတမ်း အသည်းကွဲနေရတဲ့ အလွမ်းအဆွေးအချစ်၊ ကိုယ်ချိန်လိုက်တိုင်း ပါ ပါ သွားတဲ့ ချိန်ပါအချစ် စသည်ဖြင့် အချစ်ကို အမျိုးအစားအမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ ထိုအချစ်မျိုးတွေထဲကမှ မြင်မြင်ချင်း အချစ် ပိုင်ဆိုင်ထားတဲ့ ကွီးတို့အနေနဲ့ ကိုယ့် Crush လေးကို ဖွင့်ပြောဖို့အတွက် မရဲတရဲဖြစ်နေတယ်ဆိုရင်တော့ ဒီ သီချင်း လေးတွေကနေတဆင့် ဖွင့်ဟပြောပြနိုင်ပါတယ်။

မြင်မြင်ချင်း အချစ် Crush သီချင်း

Photo: Naibuzz

Love At First Sight – Kylie Minogue

EDM သီချင်းမျိုးတွေကို နှစ်သက်တဲ့သူတွေအတွက်တော့ ဒီသီချင်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ အာမခံပါတယ်။

Call Me Maybe – Carly Rae Jepsen

ဒီသီချင်းလေးကတော့ မြူးမြူးကြွကြွနဲ့ သီဆိုလို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Carly Rae Jepsen ရဲ့ Hit ဖြစ်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါပဲ။

Get Together – Madonna

Madonna ကတော့ ပေါ့ပ်ဘုရင်မလို့ တင်စားခံစားသူတစ်ယောက်ဖြစ်ပါတယ်။ ဒီသီချင်းလေးကဆိုရင် နားထဲမှာ စွဲနေစေမယ့် သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

I Knew I Loved You – Savage Garden

၂၀၀၀ ပြည့်နှစ် အစောပိုင်းတွေတုန်းက ထွက်ရှိခဲ့တဲ့ Rock & Roll သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

She Will Be Loved – Maroon 5

Pop အဆိုတော်တွေထဲမှာ Maroon 5 သည်လည်း နာမည်ကြီးကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ She Will Be Loved ကလည်း သူ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါပဲ။

မြင်မြင်ချင်း အချစ် မျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက် ကိုယ့် Crush ကို သီချင်း ဆိုပြချင်တယ်ဆိုရင် ဒီသီချင်းကို နံပါတ် (၁) ဦးစားပေးအဖြစ် ဆိုပြဖို့ အကြံပေးချင်ပါတယ်။

Love At First Sight – Michael Buble

Jazz တေးဂီတအမျိုးအစား နားဆင်ခံစားချင်သူများကတော့ ဒီသီချင်းလေးကို ရွေးချယ်နိုင်ပါတယ်။

Love Story – Taylor Swift

Taylor Swift ရဲ့ Love Story ကလည်း မြင်မြင်ချင်း အချစ် မျိုး ပိုင်ဆိုင်ထားတဲ့ ကွီး တို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။

Say You Won’t Let Go – James Arthur

ဒီသီချင်းလေးကတော့ ဂီတာအသံလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးသီဆိုထားတာဖြစ်ပါတယ်။ James Arthur ရဲ့ အသံနဲ့ သီချင်းရဲ့ လိုက်ဖက်နေမှုကိုလည်း တွေ့မြင်ခံစားနိုင်ပါတယ်။

Déjà vu – J.Cole

ရက်ပ်သီချင်းများ ကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ J.Cole ရဲ့ သီချင်းလေးကို နားဆင်ခံစားရင်း ပြန်လည်သီဆိုနိုင်ပါတယ်။ ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးချင်ပြီး လိုအပ်ပါက အသက်တောင် လဲပစ်ဖို့ ဝန်မလေးကြောင်း သီဆိုထားတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

You Had Me From Hello – Kenny Chesney

Country သီချင်းတွေကို နှစ်သက်တဲ့ကွီးတို့အတွက်တော့ ဒီသီချင်းလေးက နားထောင်လို့အကောင်းဆုံးပါပဲ။

မြင်မြင်ချင်း အချစ် မျိုး ပိုင်ဆိုင်ထာားတဲ့ ကွီး တို့လည်း ကိုယ့်ရဲ့ Crush ကို ဒီ သီချင်း လေးတွေနဲ့ ဖွင့်ဟပြောဆိုရင်း ကိုယ် လိုချင်တဲ့အဖြေမျိုး ရနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

Source: Tonestart

Featured Image: Instrumentio