အမျိုးသားတွေရဲ့ လိင်တံ ဖွဲ့စည်းမှုမှာ အရိုးမပါပေမယ့် ဖိအားပြင်းပြင်း သက်ရောက်မှု ရှိတယ်ဆိုရင်တော့ ကျိုးနိုင်ပါတယ်။ အထူးသဖြင့် တစ်ကိုယ်ရည် အာသာဖြေချိန် ၊ လိင်ဆက်ဆံချိန်တွေမှာ ပြင်းထန်တဲ့ လှုပ်ရှားမှု ဒါမှမဟုတ် လိင်တံ အပေါ် ဖိအား ပြင်းထန်စွာ သက်ရောက်တဲ့အခါ မတော်တဆ လိင်တံကျိုးတဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။

Sex Position

Photo : Yahoo Lifestyle

သုတေသနပြုချက်တွေအရ လိင်တံကျိုးခြင်း ဖြစ်စဉ်ရဲ့ ရာခိုင်နှုန်း ထက်ဝက်ခန့်လောက်ဟာ လိင်ဆက်ဆံစဉ်အတွင်းမှာ ဖြစ်ပွားတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် အမျိုးသမီးပါတနာက အပေါ်ကနေ နေတဲ့ Woman On Top မြင်းစီးသိုင်းကွက် က လိင်တံကျိုးခြင်းကို အများဆုံးဖြစ်စေတဲ့ အန္တရာယ်အရှိဆုံး Sex Position တစ်ခုလို့ သတ်မှတ်ထားကြပါတယ်။

မြင်းစီးသိုင်းကွက် ကစားချိန်မှာ အမျိုးသမီး ပါတနာရဲ့ ခန္ဓာကိုယ် အလေးချိန်တစ်ခုလုံးက လိင်တံရဲ့အပေါ်မှာ တည်ရှိနေတာပါ။ အကယ်၍ မိန်းမကိုယ်ကနေ ချော်ထွက်ပြီး ဆီးခုံးရိုး ဒါမှမဟုတ် တင်ပါးဆုံတို့လို လိင်အင်္ဂါ တဝိုက်က အမာခံ ဧရိယာမျက်နှာပြင် တစ်ခုခုနဲ့ ထိုးမိတယ် ၊ ဖိချမိမယ်ဆိုရင် လိင်တံ ကျိုးနိုင်ခြေ များပါတယ်။

Sex Position

Photo : The Serenity Doula

ဒါကြောင့် Woman On Top မြင်းစီးသိုင်းကွက်ကို ကစားတဲ့အခါမှာ အမျိုးသမီး ပါတနာရော ကွီးတို့ ကိုယ်တိုင်ပါ အထူးသတိထားဖို့ လိုအပ်ပြီး မိန်းမကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်မှုကို တည့်မတ်အောင် ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။

Woman On Top သိုင်းကွက် ကစားမယ်ဆိုရင် ပြင်းပြင်းထန်ထန် ၊ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားမှု ပုံစံတွေကို ရှောင်ရှားသင့်ပြီး စည်းချက်ညီညီနဲ့ ဖြည်းဖြည်းမှန်မှန်လေး လှုပ်ရှားတာကပဲ လိင်တံအပေါ် ထိခိုက်ဒဏ်ရာရနိုင်ခြေ နည်းစေမှာ ဖြစ်သလို လိင်တံ ကျိုးနိုင်တဲ့ ရာခိုင်နှုန်းလည်း လျော့စေမှာ ဖြစ်ပါတယ်။

Source : Men’s Health

Featured Photo : The Singapore Women’s Weekly