ခေတ်မီတဲ့ မြို့ပြဆင်ယင်မှု ဖက်ရှင် မျိုးကို ဖန်တီးဆင်မြန်းကာ ဝတ်ဆင်ချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

မြို့ပြဆင်ယင်မှု ဖက်ရှင် စတိုင်လ်များသည် ကွီးတို့ကို ပိုမိုဖက်ရှင်ကျလာပြီး ဆွဲဆောင်မှုတိုးလာအောင် ကူညီပေးမှာကိုတော့ သံသယဖြစ်စရာမလိုပါဘူး။

အပျော့သားနဲ့ ပြုလုပ်ထားတဲ့ တီရှပ်များ ဝတ်ဆင်ပါ

မြို့ပြဆင်ယင်မှု ဖက်ရှင်

အပျော့သားတီရှပ်လေးကိုမှ လည်ပင်းနားမှာ ပုဝါအပါးလေးတစ်ထည် ပတ်ကာ ဝတ်ဆင်ထားလိုက်မယ်ဆိုရင်တော့ တကယ့် မြို့ကြီးသား တစ်ယောက်လို မြို့ပြဆင်ယင်မှု ကို လှစ်ဟပြသနေတဲ့ ဖက်ရှင် စတိုင်လ်တစ်ခု ဖန်တီးပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ကြယ်သီးကို အဆုံးထိ တပ်မထားဘဲ အပေါ်ကြယ်သီး သုံးစေ့လောက် အလွတ်ထားရတာကတော့ သူ့ရဲ့ထူးခြားချက်တစ်ခုပါ။

တီရှပ်ဖက်ရှင်

မြို့ပြဆင်ယင်မှု ဖက်ရှင်

ဘယ်တော့မှ ရိုးမသွားတဲ့ဖက်ရှင်တွေထဲမှာ တီရှပ်ဖက်ရှင်သည်လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ တီရှပ်ဖက်ရှင်ကို ဘောင်းဘီအရောင်နဲ့ လိုက်ဖက်မယ့်ဖက်ရှင်မျိုးကို ဦးစားပေးကာ ရွေးချယ်ပေးလိုက်ပါ။

ခါးအထိတက်ဝတ်ရတဲ့ High-Waisted ဘောင်းဘီဖက်ရှင်

မြို့ပြဆင်ယင်မှု ဖက်ရှင်

ချက်လျှောဘောင်းဘီတွေထက်စာရင် High-Waisted ဘောင်းဘီများက ကွီးတို့ကို ပိုမိုဖက်ရှင်ကျကာ ဆွဲဆောင်မှုရှိနေစေမှာဖြစ်ပါတယ်။

ဘောင်းဘီတိုများကိုလည်း အလျဉ်းသင့်သလို ဝတ်ဆင်ပါ

မြို့ပြဆင်ယင်မှု ဖက်ရှင်

ဘောင်းဘီတိုများကတော့ ဝတ်ဆင်ရတာ ပေါ့ပါးလွတ်လပ်မှုအပြည့်ရှိပြီး ဖက်ရှင်ကျနေစေမှာ အမှန်ပါပဲ။ ဘောင်းဘီတိုများ ဝတ်ဆင်မယ်ဆိုရင်တော့ ဖိနပ်ကို ရှူးဖိနပ်အစား Sneakers ဖိနပ်များနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ သူတို့က ပိုမိုလိုက်ဖက်လို့ပဲဖြစ်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကိုလည်း အသုံးပြုဖို့ မမေ့ပါနဲ့

fashion tips for kwee

နေကာမျက်မှန်၊ ဦးထုပ်၊ ခါးပတ် စတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများအမျိုးမျိုး ရှိကြပါတယ်။ ထိုဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို ကိုယ့်ရဲ့ အင်္ကျီ ဘောင်းဘီ ဖက်ရှင်များနှင့် လိုက်ဖက်မှုရှိအောင် သေချာရွေးချယ်သင့်ပါတယ်။

သို့သော် သတိထားရမယ့်အချက်ကတော့ ဦးထုပ်ဝတ်မယ်ဆိုရင် နေကာမျက်မှန်ကို ဖြုတ်လိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ နေကာမျက်မှန်ရော၊ ဦးထုပ်ရောပါ ဝတ်ဆင်မယ်ဆိုရင် ကွီးတို့ရဲ့ဖက်ရှင်က ပေါ်လွင်နေမှာမဟုတ်တော့ဘဲ အလွန်အကျူးဖြစ်သွားကာ မျက်စိရှုပ်စရာတစ်ခုဖြစ်သွားပါလိမ့်မယ်။

ဖိနပ်များ ရွေးချယ်တဲ့အခါ

fashion tips for kweefashion tips for kwee

ရာသီဥတုအပေါ် လိုက်ပြီး ဖိနပ်များကို ပြောင်းလဲဝတ်ဆင်တတ်ဖို့လိုအပ်ပါလိမ့်မယ်။ နွေရာသီမှာ ကတ္တီပါဖိနပ်များက ဝတ်ဆင်လို့ကောင်းပေမယ့် မိုးရာသီအတွက်တော့ လိုက်ဖက်မှာမဟုတ်ပါဘူး။ ထိုနည်းတူပဲ နွေရာသီလို ပူအိုက်တဲ့အချိန်မှာ ခြေအိတ်အပြည့်နဲ့ ရှူးဖိနပ်များသည်လည်း သင့်တော်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ဖိနပ်ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ မြို့ပြဆင်ယင်မှု ဖက်ရှင်အပြင် ရာသီဥတုကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ဖက်ရှင်ကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ စတိုင်လ်ပိုကျလာအောင် ဖန်တီးချင်ကြပါသလဲ။

Source: Onpointfresh

Featured Image: Realmenrealstyle