မြူးကြွ တဲ့ တေးသီချင်းတွေကို ခုန်မင် တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ကွီးတို့ စိတ်ညစ်စရာတွေကို ယူပစ်သလို ပျောက်ကင်းသွားစေမယ့် သီချင်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကွီးတို့ စိတ်ညစ်လာတဲ့အခါတိုင်း ဒီသီချင်းလေးတွေကိုသာ နားဆင်ခံစား ကြည့်လိုက်ပါ။

Lovely Day By Bill Withers

Source: Bill Withers

ဒီသီချင်းကတော့ ၁၉၇၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Uptown Funk By Mark Ronson Ft. Bruno Mars

Source: Mark Ronson

ဒီသီချင်းလေးကတော့ ၂၀၁၄ တုန်းက နာမည်ကြီး ရေပန်းစားခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ယနေ့ထိလည်း လူကြိုက်များနေဆဲပါပဲ။ ကွီးတို့အားလုံးလည်း ၂၀၁၄ တုန်းက ကြိုက်ကြမှာ အသေအချာပါပဲ။

Dog Days Are Over By Florence & The Machine

Source: florencemachine

ဒီသီချင်းလေးကတော့ ၂၀၀၈ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မြူးကြွ တဲ့ တေးသီချင်းတွေကို ခုန်မင် တဲ့ ကွီးတို့ အကြိုက်တွေ့မယ့် သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Happy By Pharrell William

Source: Pharrell William

ဒီသီချင်းလေးကတော့ Up-Tempo မြူးမြူးကြွကြွ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာအောင် ဖန်တီးပေးမယ့် သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Don’t Stop Me Now By Queen

Source: Queen Official

ဒီသီချင်းလေးကတော့ နာမည်ကြီး Queen အဖွဲ့က သီဆိုထားတာပဲ ဖြစ်ပါတယ်။ ကွီးတို့ စိတ်ညစ်လာတဲ့အခါမှာ ဒီသီချင်းလေးကိုသာ နားဆင်ခံစားကြည့်လိုက်ပါ။​

Good Vibrations By The Beach Boys

Source: The Beach Boys

နောက်ထပ် သီချင်းကောင်း တစ်ပုဒ်ကတော့ Beach Boys က သီဆိုထားတဲ့ Good Vibrations သီချင်းပဲ ဖြစ်ပါတယ်။ သီချင်းသံစဥ်လေးက နားထဲ စွဲသွားစေမယ့် သီချင်းလေးပါပဲ။ သီချင်းစာသားကလည်း အမိုက်စားပဲမို့ နားဆင်ခံစား ကြည့်သင့်ပါတယ်။

Dancing Queen By ABBA

Source: ABBA

ဒီသီချင်းကတော့ ကွီးတို့ကို မြူးတူး ကခုန်ချင်လာအောင် ကူညီပေးမယ့် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့တာ ကြာပြီဆိုပေမယ့် ယနေ့ထိတိုင် လူကြိုက်များနေဆဲပါပဲ။

Can’t Stop The Feeling By Justin Timberlake

Source: Justin Timberlake

ဒီသီချင်းကတော့ TROLLS အန်နီမေးရှင်း ကာတွန်းကားထဲက ဇာတ်ဝင်တေး သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မြူးကြွ တဲ့ တေးသံတွေကို ခုန်မင် တဲ့ ကွီးတို့အတွက် အကြိုက်တွေ့မယ့် သီချင်းတစ်ပုဒ်ပါ။

Shake It Off By Taylor Swift

Source: Taylor Swift

Taylor Swift ရဲ့ အမာခံ ဖန်တွေအတွက်ကတော့ ဒီသီချင်းလေးက ကခုန်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲပါပဲ။

Don’t Stop Believin’ By Journey

Source: Journey

ဒီသီချင်းလေးကတော့ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ထိုသီချင်းလေးကို နာမည်ကြီး အဆိုတော် တော်တော်များများကလည်း ကာဗာ ပြန်လည် သီဆိုထားကြပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းကို ကြိုက်နှစ်သက်ပါသလဲ။

Source: Cosmopolitan

Featured Image: istockphoto